Knowledge

စစ်ကိုင်း ကောင်းမှုတော်(ရာဇာမဏိစူဠာ)ဘုရား သမိုင်းအကျဥ်း

“ရာဇာမဏိစူဠာ” စစ်ကိုင်း ကောင်းမှုတော်ဘုရား အကြောင်း

“မြတ်ဗု ဒ္ဓ၏လက်ဝဲအောက်စွယ်တော် ကိန်းဝပ်ရာ ရာဇာမဏိစူဠာစေတီ”(စစ်ကိုင်း-ကောင်းမှုတော်)

(ဓာတ်ပုံများအတွက် ဖေ့ဘုတ်တွင် မူရင်းတင်ထားသူ အား ကျေးဇူးတင်ပါသည်)

ကောင်းမှုတော် ဘုရားသည် စစ်ကိုင်း၏ အကျော်ကြားဆုံး အနက်တဆူဖြစ်၍ စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာ ဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။

မြတ်ဗု ဒ္ဓ၏စွယ်တော်လေးဆူ

၁။ လက်ယာအထက်စွယ်တော်= သိကြားပြည်(တာဝတိ ံသာ)။
၂။ လက်ယာအောက်စွယ်တော်= နဂါးပြည်။
၃။ လက်ဝဲအထက်စွယ်တော်= ဂန္ဓာလရာဇ်ပြည်(တရုတ်ပြည်)။
၄။ လက်ဝဲအောက်စွယ်တော်= မြန်မာပြည်(စစ်ကိုင်း-ကောင်းမှုတော်)။

မှတ်ချက်

– လက်ဝဲအထက်စွယ်တော်သည်မူလက ဥဒါယျာနပြည် (ပါကစ္စတန်) တွင် ကိန်းဝပ်ရာမှအေဒီ(၄၇၅)ခုနှစ်၌ဖါဟီ ယန် အမည်ရှိ အိန္ဒိယဘုန်းတော်ကြီး ပင့်ဆောင်လာသဖြင့်တရုတ်ပြည်သို့ရောက်၏။

– လက်ဝဲအောက်စွယ်တော်သည်မူလက ကလိန္ဒတိုင်း၊စန္ဒပူရပြည်(အိန္ဒိ ယ) ၌ကိန်းဝပ်ရာမှသိန်းဃိုဠ်(သီဟို)ကျွန်း ထိုမှ ကောဇာသက္ကရာဇ်(၉၃၈)ခုနှစ်၌ မြန်မာပြည်သို့ရောက်၏။

လက်ဝဲအောက်စွယ်တော်မြန်မာပြည် သို့ရောက်ရှိရခြင်းသမိုင်းကြောင်း

၁။ လက်ဝဲအောက်စွယ်တော်မြတ်မှာမူ လကစန္ဒပူရပြည်(အိန္ဒိ ယ)တွင် ကိန်းဝပ်ရာမှကုသိဝမင်းကြီး၏သမီးတော်ဟေမမာလာနှင့် သမက်တော် ဒန္ဒမင်းသားတို့ ပင့်ဆောင်၍ သီဟိုဠ်သို့ရောက်၏။

၂။ ကောဇာသက္ကရာဇ်(၉၃၇) ခုနှစ်တွင် သီဟိုဠ်ကျွန်း၌ ကျည်းကုလားမျာက သာသနာကိုဖျက်ဆီးရာမနှိမ်နင်းနိုင် သဖြင့်ဓမ္မပါလမင်းစစ်ကူတောင်းရာ ဘုရင့်နောင်မင်းတရားကြီးသည် ရေကြောင်းမှ စစ်ကူ စေလွှတ်တော်မူရာမိစ္ဆာကျည်းကုလား တို့ကို အောင်နိုင်တော်မူ၏။

၃။ ကောဇာသက္ကရာဇ်(၉၃၈)ခုနှစ်တွင် ဓမ္မပါလမင်းနောင်ရေးကို မြှော်တွေး၍ လက်ဝဲအောက် စွယ်တော် အားဘုရင့်နောင်မင်းတရားကြီးအထံသို့ ဆက် ရာ ဟံသာဝတီသို့ရောက်၏။ ရတနာစေတီ နှင့် ခေါင်းရင်းတော်၌ ထား၍ရိုသေစွာကိုးကွယ်တော်မူ၏။

(သီဟိုဠ် ဓမ္မပါလမင်းနတ်ရွာစံသော အခါဘုရင့်နောင်မင်းကြီး၏မြေးဖြစ် သူသာလွန်မင်းအဖြစ်ဝင်စားသည်ဟု ဆိုကြ၏။)

မြန်မာမင်းတို့အဆက်ဆက်ကိုးကွယ်ပုံ

၁။ ဘုရင့်နောင် မင်းတရားကြီး၏ သားတော် နန္ဒဘုရင် ဆက် လက် ၍ ကိုးကွယ် ရာ မှ ၊သက္ကရာဇ် (၉၆၁) ခုနှစ် တွင် ဟံသာဝတီပျက်သဖြင့် ကေတုမတီရွှေနန်းတည်မင်းမဟာဓမ္မရာဇာ (နတ်ရှင်နောင်၏ဖခင်) ပင့်ဆောင်၍ တောင်ငူသို့ရောက်၏။

၂။ နတ်ရှင်နောင်(သံလျင်ရောက်မင်း)လက်ထက် သက္ကရာဇ်(၉၇၂)ခုတွင် ဘုရင့်နောင် ၏ မြေး အနောက်ဖက်လွန်မင်း ( ညောင်ရမ်းမင်းတရား ၏သားတော်) ပင့်ဆောင်၍ ရတနာပူရ(အင်းဝ)သို့ရောက်၏။

၃။ ညီတော်သာလွန်မင်းတရားကြီး(သီဟိုဠ် ဓမ္မပါလမင်း ဝင်စား) သည် ရှေ့ရေးကိုမြှော်တွေး၍ သက္ကရာဇ်(၉၉၈) ခုတွင်” ရာဇာမဏိစူဠာ “စေတီတော် ကြီးအားအခိုင်အခန့်တည်၍ ဌာပနာနာတော်မူ၏။

၄။ ထို ရာဇာမဏိစူဠာကျောက်စာတွင် သက္ကရာဇ်(၉၉၈)ခုနှစ်၊နတ်တော်လပြည့်ကျော်(၁)ရက်,သောကြာနေ့ ၌ လက်ဝဲအောက် စွယ်တော်မြတ် ကို အကြောင်းပြု၍အပြည်ပြည်ထောင်တို့မှ၊ ချီပင့်အပ်သောမရေမတွက်နိုင်သည့် ဓါတ်တော်၊မွေတော်တို့နှင့် တကွဌာပနာသည်ဟုဆို၏။

၅။ စေတီတော်ကြီး၏ အင်္ဂါထောင့်တွင် ကျောက်ဖျာသုံးထပ်အဆင့်ဆင့်ခင်း၍ သာသနာ ငါးထောင် တည်စေရန် ထုထည် ကြီးမား၊ခိုင်ခန့်သော အုတ်ကျောက်တို့ဖြင့် ပိတ်လေ၏။ ဌာပနာ တိုက်ပြီးသည်နှင့် စေတီ၏လုံးတော် ကောင်းမွန်သေသပ်လှအောင် လုပ်ဆောင်တော်မူ၏။

စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဍာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဉာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။

ပစ္စယံ ၃ ဆင့်အလားတူ အဝိုင်းဆင့်ခံထား၍ စေတီယင် ပြင်ပရဂုဏ်ကား နတ်မင်း အပါး ၁၂ဝ အား ကိုယ်စီနတ်နန်း ထွင်း၍ ထားပြီး စေတီတော်တဆူလုံးကို မူ ၅ ပေ သို့မဟုတ် ၂.၅ မီတာဖြင့် ကျောက်ဆစ်ထု ကျောက်သားတိုင် အခိုင်အမာ ၈၁၂ ခု သောအကာအရံ တို့ဖြင့် အတွင်း၌ မူခေါင်း ပေါက်ထိပ်ထိ ဖောက်ထားဘိ၏။ စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ဝန်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓဝင် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။

READ ကမ္ဘာ့အအေးဆုံးရွာကလေး (သို့) အွိုင်မြခုံ
သီတင်းကျွတ် တာဝတိံသာ မီးပူဇော်ကြရာဝယ် တနိုင်ငံလုံး ဗုဒ္ဓဘာသာဝင် အားလုံး ဘုရားသာ အရောက်လာဖူး မြော်၍ ဝါတွင်းကာလကုန်ဆုံးရအဖြစ် လှစ်ကျူးကော်ရော် ပူဇော်ကြသည်မှာ ဆီမီးခွက် တို့ကို တရင်ပြင်လုံး အပြည့်ဖုံးမျှ ထွန်းညှိကြလေသည်။ ဘုရား၏ တဒေါင့်တွင် ၈ ပေခွဲ သို့မဟုတ် ၂ မီတာခွဲ စေတီရင်ပြင်ဝယ် စိုက်ထူထားသော ကျောက်တိုင်က ကောင်းမှု့တော် သမိုင်းကို ဖော်ပြထားပါသည်။

ဘုရား၏ အနောက်ဖက် ကန် ၂ ကန်အနက် တကန်က မေတ္တာကန် ဟုအမည်ပေးထား၍ ကန်ဝန်းကျင်ရှိ မည်သည့် သစ်ပင်ကမှ အရွက်တခုတလေမှ ကန်မျက်နှာပြင် ကြွေကျသက်ဆင်းခြင်း မရှိဟုသိရသည်။

ပါလီမန်အစိုးရလက်ထက်
၁။ စေတီတော်ကြီး၏အင်္ဂါထောင့်တွင် ဌာပနာ ထားသော လက်ဝဲအောက် စွယ်တော်မြတ်အားစေတီဖေါက်ပြီး အပြင်ထုတ်၍ပူဇော်ရန်ကြံရွယ်ခဲ့ဖူး၏။
၂။ သို့သော်စေတီတော်ကြီးပျက်စီးမည့် အရေးကိုမြင်၍ တစ်ပြည်လုံးရှိရဟန်းရှင်လူတို့မှ ဝိုင်းဝန်း၍ကန့်ကွက်ကြသဖြင့် ထိုဘေးမှလွတ်ကင်းခဲ့ရ၏။

စေတီတော်မြတ်ဖူးထိုက်စွ“လက်ဝဲအောက်မည် စွယ်တော်စစ်နှင့်အံ့သြသဖွယ် မွေတော်မြတ်တို့
ကိန်းဝပ်ဌာပနာ ခိုင်ခန့်သေချာမြေပြင်ညွှတ်မျှ စံလွတ်ဝင့်ထယ်လူနတ်အများ ဆပွားကြည်ညို
ငါးထောင်တွက်ရည် သာသနာသည်တည်ထွန်းပါလိမ့်လေး။”

Credit original post