Uncategorized

အချိန်တွေဘယ်လောက်ကြာကြာ အချစ်ဦးကိုလုံး၀မေ့မရတာ ဒီအချက်တွေကြောင့်ပါ…

အချစ်ဦး မြေးဦး ရတဲ့အထိ မမေ့ဘူးဆိုတဲ့ စကား ရှိပါတယ်။ အချစ်ဦးကို မမေ့နိုင်တဲ့ အကြောင်းအရင်းကတော့ ချစ်နေလို့တော့ မဟုတ်တတ်ကြပါဘူး။ ဒါပေမယ့်လည်း အချစ်ဦးကိုဆိုရင် မေ့မရနိုင်တဲ့ လူတွေကတော့ အများကြီးပါပဲ။ အချစ်ဦးကို မေ့မရခြင်းရဲ့ အကြောင်းအရင်းတွေကတော့ ဒီလိုရှိပါတယ်နော် …။

(၁) အချစ်ဦးဖြစ်လို့”

အချစ်ဦးဆိုတာက ကိုယ့်ကို ပထမဆုံး အချစ်နဲ့ တွေ့စေခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကြောင့်သာ အချစ်ကို ပထမဆုံး စတင်ခံစားပြီး သိရှိခဲ့တာပါ။ ဘဝရဲ့ ပထမဆုံး ဖြစ်တဲ့အရာတွေကို မှတ်မိတတ်ကြတာ လူအများ သဘာဝမို့ အချစ်ဦးကို မေ့မသွားတာပဲ ဖြစ်ပါတယ် …။

(၂) ချစ်ဖူးခဲ့လို့”

ပထမဆုံး အချစ်ကို ခံစားပြီး ပထမဆုံး အချစ်တွေ အပြန်အလှန် ပေးခဲ့ဖူးသူဆိုတာ ဘယ်တော့မှ မေ့မရတဲ့ အကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါတယ်။ အခုအချိန်မှာ မချစ်ကြတော့ပေမယ့် တစ်ချိန်ကတော့ တစ်ယောက်ကို တစ်ယောက် တကယ့်ကို အလေးအနက်နဲ့ ချစ်ခဲ့တာကြောင့် သူနဲ့ ပတ်သတ်ပြီး မှတ်မိနေတတ်ခြင်း ဖြစ်ပါတယ် …။

(၃) ပြန်မဆုံနိုင်လို့”

ဆုံနေကျ အရာတွေထက် မဆုံဖြစ်တဲ့အရာတွေကို ပိုလွမ်းတတ်တာ လူ့သဘာဝ မဟုတ်လား…၊ ပထမဆုံး ချစ်ခဲ့ပြီး ပထမဆုံး လမ်းခွဲပြီး ပထမဆုံး ဝမ်းနည်းဖူး ခံစားဖူးတာမျိုးကြောင့် မေ့မရနိုင်တာ မှန်ပေမယ့်လည်း အဲ့တည်းကနေ အခုထိ ပြန်မဆုံဖြစ်တော့တဲ့အခါမှာတော့ လွမ်းနေတတ်ပါတယ်။ ပြန်လိုချင်တာမျိုးတော့ မဟုတ်ပေမယ့် သံယောဇဉ်လက်ကျန်ကြောင့် ဖြစ်ပါတယ် …။

(၄) အမှတ်တရ ဖြစ်နေလို့”

ဘဝရဲ့ အမှတ်တရတွေ ဆိုးသည်ဖြစ်စေ ကောင်းသည် ဖြစ်စေ မှတ်မိနေတတ်တာလည်း သဘာဝ တစ်ခုပါပဲ။ အချစ်ဦးကို အမှတ်ရနေတာ ပြစ်ချက်တစ်ခု အမှားတစ်ခုတော့ မဟုတ်ပါဘူး။ ဘဝမှာ ကိုယ်နဲ့ ချစ်ခဲ့တဲ့သူ ကိုယ့်ကို ချစ်ခဲ့သူ အမှတ်တရဖြစ်စေခဲ့တဲ့သူ စသဖြင့် အမှတ်တရ တစ်ခုအနေနဲ့လည်း မှတ်မိနေတတ်ပါသေးတယ် …။

(၅) ချစ်နေသေးလို့”

အချစ်ဦးနဲ့ လွဲပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ ထပ်မချစ်ဖြစ်တော့တဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကတော့ အချစ်ဦးနဲ့ ပြန်ဆုံချင်တတ်ကြပြီး ဘာမှ မမျှော်လင့်မိရင်တောင် အချစ်တွေ ကျန်နေသေးလို့ သတိရနေကြတာပဲ ဖြစ်ပါတယ်နော် …။ ခရက်ဒစ် – မူရင်းရေးသားသူ

Unicode