Knowledge

ဘယ်သူ့ကိုမှလိုတာထက်ပိုမပြောနဲ့။အနီးဆုံးဓားကပိုပြီးထိချက်ပြင်းသလိုလူယုံသတ်ရင်လည်း သေတတ်တယ်နော်…

ကိုယ်ကလွဲလို့ ကိုယ်ဒူးကိုယ်တောင်မယုံရတဲ့ခေတ်မှာ ကိုယ့်အကြောင်းကိုဘယ်သူ့မှ ရင်ဖွင့်မပြတာ အကောင်းဆုံးပဲ။ကြည်နေတုန်း တည့်နေတုန်းအဆင်ပြေနေတုန်း ဘာမဖြစ်ဘူး”မသိသာဘူးဆိုပေမယ့်။

နည်းနည်းလေးလောက်များအဖုအထစ်ဖြစ်မသွားလိုက်နဲ့ငယ်ကျိုးငယ်နာကအစအကုန်ဖော်တတ်တာ လူတွေရဲ့အကျင့်ပဲ။အနီးဆုံးလူမို့လို့ နှစ်ကိုယ်တစ်စိတ်နေတဲ့လူမို့ယုံကြည်ရလွန်းလို့ရင်ဖွင့်မိတယ် ပြောမိတယ်နောက်ဆက်တွဲအနေနဲ့ ကောင်းကျိုးထက်ဆိုးကျိုးကပိုများတယ်။

ခံစားနေရတဲ့ဝေဒနာကိုသက်သာမလားဆိုတဲ့အတွေးနဲ့ပြောကြတယ် တိုင်ပင်ကြတယ်။သူတို့ဆီက ရလာမယ့် နှစ်သိမ့်မူဆိုတာအလွန်ဆုံးခံမှ ခဏပဲစိတ်သက်သာရာရမယ်အရာအားလုံးပြောင်း လဲနိုင်စွမ်းမရှိဘူး။

ဒါပေမယ့် နောက်ပိုင်းမှာသူတို့ပါးစပ်က ထွက်လာမယ့်စကားလုံးတွေဆိုတာ အရင်အချိန်တွေကကိုယ်ကိုယ်တိုင်ပြောခဲ့တဲ့ကိုယ့်အကြောင်းတွေဖြစ်နေနိုင်ပါတယ်။တနည်းအားဖြင့်ကိုယ့်ရဲ့ အားနည်းချက်တွေပဲအဆိုးဆုံးအနေနဲ့ ဘဝပျက်တဲ့အထိဖြစ်လာနိုင်တယ်။

နူတ်ကြောင့် သေရတဲ့ ဘဝတွေ လောကမှာ အများကြီးပါ။အဲ့ဒါ့ကြောင့်ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှသိပ်မပြောနဲ့ကိုယ့်ရဲ့အတင်းကို လူပုံအလယ်ချပြဖို့
ကုန်ကြမ်းပေးထားသလို ဖြစ်တာကလွဲလို့ဘာမှသိပ်ပြောင်းလဲမသွားဘူး။တစ်ချို့ခံစားချက်တွေကို
ကိုယ့်ရင်ထဲမှာ သိမ်းထားတာပိုပြီးတော့လုံခြုံမူရှိသလိုဘေးကင်းတယ်ဖွင့်ပြောလိုက်ရမှ နေသာထိုင်သာရှိတဲ့အကျင့်က တကယ်တော့မကောင်းဘူးပြင်နိုင်အောင်ကြိုးစားပါ။

ဘယ်သူ့ကိုမှလျှော့မတွက်နဲ့ဘယ်သူ့ကိုမှသိပ်မယုံနဲ့
ဘယ်သူ့ကိုမှလိုတာထက်ပိုမပြောနဲ့။အနီးဆုံးဓားကပိုပြီးထိချက်ပြင်းသလိုလူယုံသတ်ရင်လည်း သေတတ်တယ်နော်…(Credit)

Unicode