Knowledge

ယောက်ျားကောင်း နှင့် မိန်းမမြတ်´ ဆိုတာ ဒီလိုမျိုးကိုခေါ်တာပါ…

“ယောက်ျားကောင်း”

ယောက်ျားကောင်းဆိုတာ တာဝန်မယူနိုင်ဘဲနဲ့ ဘယ်မိန်းကလေးကိုမှ မဖျက်စီးတတ်ဘူး။

တစ်ချို့သော ယောက်ျားကောင်းတွေဆိုရင်ကိုယ့်ဘဝအတွက် ရည်မှန်းထားတဲ့မိန်းကလေးရှိနေရင်အခြားမိန်းကလေးရဲ့ အင်္ကျီကြယ်သီးကိုတောင်ဖြုတ်ဖို့ အစီအစဉ် မရှိကြဘူး။

ယောက်ျားကောင်းဆိုတာ အခွင့်အရေး ဘယ်လောက်ပေးပေးကိုယ်ချစ်ရသူအတွက် မိန်းမအများကြီးကို ပညာသားပါပါ ရှောင်သွားနိုင်တယ်။

ယောက်ျားကောင်းတို့မည်သည်ပြောပီးသားစကားကို တာဝန်ယူတတ်ပြီးကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းကိုနောင်တကင်းစွာ ခေါင်းခံတတ်ကြတယ်။

“မိန်းမမြတ်”

မိန်းမမြတ်ဆိုတာ ထိန်းကျောင်းပဲ့ကိုင်ပေးနိုင်တဲ့အုပ်ထိန်းသူ မရှိရင်တောင်ကိုယ့်ဘဝကိုဘာအကြောင်းနဲ့ဖြစ်ဖြစ် နစ်မွန်းမခံတတ်ကြဘူး။

မိန်းမမြတ်တို့မည်သည် ပညာတတ်ခြင်း မတတ်ခြင်းထက် မိမိကိုယ်ကို တန်ဖိုးထားတတ်ကြပြီး အရှက်ကို အသက်ထက်ပိုပြီးစောင့်ထိမ်းတတ်ကြတယ်။

မိန်းမကောင်းတွေသည်ယောက်ျားတစ်ယောက်ကို ချစ်တယ်လို့အဖြေပေးလိုက်တယ်ဆိုတာက သူမဘဝတစ်ခုလုံးကို ထိုယောက်ျားထံယုံကြည်စွာအပ်နှံခြင်းပါ

ပတ္တမြား မှန်ရင်နွံမနစ်တတ်သလိုယောက်ျားကောင်း မိန်းမမြတ် မှန်ရင်လည်းအိမ်တွင်းထဲပုန်းနေရင်တောင် တန်ဖိုးသိသူက တန်ဖိုးထားကြပါလိမ့်မယ်။

လောကကြီးမှာ တန်ရာတန်ရာ ရတတ်ကြပြီးလူကောင်းကိုမှ လိုချင်တယ်ဆိုရင်ကိုယ်ကိုယ်တိုင်က မြင့်မြတ်နေဖို့ လိုမယ်ထင်ပါတယ်။

Credit – Sai Nay(ရှမ်းမြေ)