Knowledge

အစာအိမ်ရောဂါဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ သိမှတ်ဖွယ်ရာများ

အစာအိမ်ရောဂါဖြစ်ပွားရတဲ့အကြောင်း ရင်းတွေကတော့

အစာရေမျိုရောင်ခြင်း၊ အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာနဲ့ အစာ အိမ် ရောင်ခြင်းတို့ ဖြစ်တယ်။ အိပ်ချ်ပိုလိုရီ ခေါ် အစာအိမ်ရောဂါပိုးကြောင့် ဖြစ်ပွားရ တာပါ။ ပိုပြီး ဆိုးရွားစေတဲ့အခြေအနေမှာ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဆေးလိပ်၊ကွမ်းနဲ့ အရက်သောက်သုံးခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနဲ့ တခြားအကြောင်း အရာတွေကြောင့် အစာအိမ်ရောဂါ ဖြစ် ပွားပါတယ်။

ပုံမှန်စားသောက်နေကျ အစားအစာ ကို စားနိုင်ပါတယ်။ ထမင်းနဲ့ဟင်းကို ပုံမှန် စားရမှာ ဖြစ်ပါတယ်။ အစာစားပြီး ရောဂါ အခြေအနေပိုဆိုးလာရင် အစာကို ခေတ္တ ရပ်ထားပြီး အစာပျော့ပျော့စားရပါမယ်။
ပူလွန်း၊ စပ်လွန်းတဲ့အစာတွေကို ရှောင် သင့် တယ်။ မာတဲ့အစာ၊ အစာမကြေလွယ် တဲ့ အစာ၊ အဆီအအိမ့်များလွန်းတဲ့ အစာ တွေ မစားသင့်ဘူး။ လက်ဖက်၊ လက်လုပ် ချဉ်၊ အချဉ်ဓာတ်များတဲ့ အစာတွေ မစား သင့် ပါဘူး။

ဗိုက်နာစဉ်မှာ ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှား ကစားခြင်း၊ အလေးမ,ခြင်းတွေ ခေတ္တရပ်ထားသင့်ပါတယ်။ အောက်ကျ နေ တဲ့ ပစ္စည်းတွေကို ခါးကုန်းပြီး မ ကောက်ဘဲ ထိုင်ပြီး ကောက်သင့်တယ်။ ခုတင်ခေါင်း ရင်းကို ရှစ်လက်မခန့်မြှင့်ပြီး အိပ်သင့် တယ်။ ကြမ်းပြင်မှာအိပ်ရင် ခေါင်းအုံး အ နည်းငယ်မြှင့် အိပ်ရမယ်။ သာမန်ထက် ဝနေ ရင် ကိုယ်အလေးချိန် လျှော့ချရမယ်။

သွေးအန်ခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ ဗိုက်တစ်ပြင်လုံး တင်းပြီး မာလာခြင်း၊ အကိုင်မခံနိုင်အောင် နာခြင်း၊ အလုံးပေါ်ခြင်း ၊ သွေးပေါင်ကျ ခြင်း၊ သာမန်ထက်ပိုပြီး မောခြင်း၊ သိသိ သာသာပိန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာရင် သမားတော်နဲ့ ပြသင့်ပါတယ်

ရောဂါလက္ခဏာများ

ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ခံတွင်း ချဉ်ခြင်း၊ အစာစားပြီးပါက ရင်ဝမှာ မီးစနဲ့ ထိုးသကဲ့သို့ ပူခြင်း၊ အစာများ မကြာခဏ အပေါ်သို့တက်ခြင်း၊ တံတွေးအထွက်များ ခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်စေနိုင်ပါ တယ်။

ရောဂါပိုဆိုးစေခြင်း

အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အဝတ် အစားတင်းကျပ်စွာဝတ်ခြင်း၊ အစာစားသုံး မှု များလွန်ခြင်း၊တစ်ကြိမ်တည်းဖြင့် အစား များစွာ စားသုံးခြင်း၊ ကြာရှည် ဆောင့် ကြောင့် ထိုင်ခြင်း၊ မကြာခဏခါးကုန်းခြင်း၊ ပစ္စည်းအလေးမ,ခြင်း၊ ဆေးလိပ်သောက် ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းနဲ့ ဓာတ်မတည့်တဲ့ဆေး သုံးစွဲမိ ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ရောဂါနဲ့ မတည့်တဲ့ အစာများ

ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းတဲ့ အစား အစာတွေ၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ နာနတ်သီး၊ ဆီပြန်ဟင်း၊ ဆီနဲ့ ကြော်တဲ့ အစာများ၊ မဆလာ၊ ကြက်သွန် ဖြူ၊ ကြက်သွန်နီပါဝင်တဲ့ အစားအစာများ၊ ချောကလက်နဲ့ ဂက်စ်ပါတဲ့ အရည်များ၊ ကွမ်း၊ ဆေးလိပ်၊ လက်ဖက်၊ ဖာလာ၊ လေး ညှင်း၊ ပရုတ်၊ သစ်ကြံပိုး၊ လိမ္မော်ရည်၊ ခရမ်း ချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအစာများ ပါဝင်ပါတယ်။

Credit