Knowledge

ဝဋ်ကြွေး ၁၉ချက် အကြောင်းသိကောင်းစရာများ ဗုဒ္ဓဘာသာဝင်တို့ဖတ်သင့်တဲ့ ဗဟုသုတလေးပါ

၁။ ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှူခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

၂။ ဘာလို့ ဒီဘဝမှာ အစားအသောက် ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက ဆွမ်းလှူခြင်း၊ မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်း ခြင်းကြောင့် ဖြစ်သည်။

၃။ ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက နှမြောတွန့်တိုခြင်း၊ မစ ္ဆရိယ စိတ်များ၍ ပေးကမ်း လှူဒါန်းမှု မရှိခြင်း၊ အလှူမလုပ်ခြင်း ကြောင့်ဖြစ်သည်။

၄။ ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ အရင်ဘဝက ဒါနကောင်းမှု အစုစုနှင့် ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။

၅။ ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်း ဆောက်ဖို့ ငွေလှုဒါန်းခြင်း၊ပစ္စည်းလေးပါးလှူဒါန်းခြင်း တို့ကြောင့် ဖြစ်သည်။

၆။ ဘာလို့ ဒီဘဝမှာ သင်ဟာ လှပကျော့မော့နေရပါသလဲ ဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားရွှေသင်္ကန်းကပ်ခြင်း၊ သံဃာတော်များကို သင်္ကန်းလှူ ဒါန်းဆပ်ကပ်ခြင်း၊မရှိတဲ့သူတွေကို အဝတ်ပေးလှူ ခြင်း ၊ ဘုရားပန်း ကပ်လှုခြင်း စသည်တို့ကြောင့် ဖြစ်သည်။

၇။ ဘာလို့ ဒီဘဝမှာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ သင်ဟာ သက်သတ်လွှတ်စားသည့် အပြင် ဘုရားတရားများနှင့် ပျော်မွေ့နေသူလည်း ဖြစ်သည်။ ဆီမီးလှူ ဒါန်း၊ ပညာဉာဏ်အလင်းရောင်ပေးလှူ ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းတို့ဖြစ်သည်။

၈။ ဘာလို့ ဒီဘဝမှာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းအခြွေအရံများနှင့် ပြည့်စုံနေရပါသလဲ ဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်း၊သူတစ်ပါးချစ်ခြင်းကို မခွဲခဲ့ခြင်း၊သင့်မြတ်အောင်ပြောဆိုပေးခြင်း တို့ ကြောင့် ဖြစ်သည်။

၉။ ဘာလို့ ဒီဘဝမှာ မိဆုံဖဆုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာ ရိုသေလေးစားပြီး အကူညီပေးတတ်သူနှင့် ဘက်မလိုက်ခြင်း၊သူတစ်ပါးအသိုက်အမြုံကို မဖျက်စီးခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။

၁၀။ ဘာလို့ ဒီဘဝမှာ မိဘမဲ့ကလေး ဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ငှက်ပစ် ၊ ငါးမျှား ၊တိရိစ္ဆာန်တွေရဲ့ အသိုက်အမြုံများကို ဖြို ချ ဖျက်စီးခဲ့ ခြင်းကြောင့် ဖြစ်သည်။

၁၁။ဘာလို့ ဒီဘဝမှာ သက်ရှည်ကျန်းမာ နေရသလဲဆိုတော့ အရင်ဘဝမှာ ငှက်လွှတ်၊ ငါးလွှတ်၊နွား စသည့် သက်ရှိ သတ္တဝါလေးတွေကို လွှတ်ပေးခြင်းကြောင့် ဖြစ်သည်။

၁၂။ ဘာကြောင့် ဒီဘဝမှာ အသက်တိုရသလဲ ဆိုတော့ အရင်ဘဝက သူတစ်ပါး အသက်၊တိရိစ္ဆာန်များကို သတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၃။ ဒီဘဝမှာ ဘာလို့ သူတစ်ပါးရဲ့ အခိုင်းစေအဖြစ်နေရပါသလဲ ဆိုရင် အရင်ဘဝမှာ မရှိဆင်းရဲသားများကို နှိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၄။ ဘာ့ကြောင့် သင့်မျက်လုံးက ဒီဘဝမှာ လှပနေရသလဲဆိုတော့ အရင်ဘဝက ဘုရားမှာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၅။ ဘာလို့ ဒီဘဝမှာ အသိပညာမဲ့ ၊ နားမကြား သူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝက မိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၆။ အဘယ့်ကြောင့် ဒီဘဝမှာ အဆိပ်နှင့် ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၇။ ဘာကြောင့် ဒီဘဝမှာ ဆွဲကြိုးချပြီး သေဆုံးရပါသလဲဆိုရင် အရင်ဘဝကသက်ရှိလူ၊ တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၈။ အကယ်၍ ဒီဘဝမှာ သူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲတဲ့သူသည်၊နောင်ဘဝမှာ တူသောအကျိုး ကိုယ့်ကို တစ်ခါအသတ်ခံရလိမ့်မည်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ သံသရာဆက်ကွင်း ဖြစ်ပါလိမ့်မည်။သံသရာလည်နေမည်။

၁၉။ ဒီဘဝမှာ ဓမ္မမိတ်ဆွေတို့လည်း ဒီသံသရာအကြောင်းတွေ၊တရားအကြောင်းတွေ ဆက်ပြီးပြောပြသွားနိုင်မယ် ဆိုရင် နောက်ဘဝမှာ ကောင်းကြောင်းနဲ့ လူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရပါလိမ့်မယ်။

ဓမ္မစာပေများကို မြတ်နိုးသော မိတ်ဆွေများအတွက် မေတ္တာဖြင့် ဗုဒ္ဓ၏ ဓမ္မစမ်းရေ စေတနာမေတ္တာဖြင့်..စာသားများဖြည့်စွက်ပူဇော်ပါ၏ ။ဓမ္မဒါနပြန်လည်စုစည်း တင်ပြအပ်ပါသည်။ – ငရဲမှ အပ၊ဝဋ်အမြဲ

Credit – မူရင်းရေးသားသူ