ပျံလွန်တော်မူသွားတာနှစ်လကြာပြီဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ထိုင်းဘုန်းကြီးတစ်ပါးကို
အလောင်းပြန်လည်တူးဖော်ရာမှာ ပြုံးနေကြောင်းတွေ့ရှိခဲ့ရပါတယ်။
သိက္ခာတော်ရဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Luang Phor Pian ဟာ ကမ္ဘာဒီးယားနိုင်ငံဇာတိဖြစ်ပေမယ့် သူ့ဘဝအချိန်တော်တော်များများကိုတော့ ထိုင်းနိုင်ငံအလယ်ပိုင်း Lopburi မှာဘာသာရေးဆိုင်ရာသင်ကြားပြသပေးတဲ့ဆရာတစ်ဆူတစ်ဖြစ် အချိန်ကုန်ဆုံးခဲ့ပါတယ်။
သူသေဆုံးတဲ့အခါ ရုပ်အလောင်းကိုမြှုပ်နှံဖို့ ဘုန်းကြီးနေထိုင်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သယ်လာခဲ့ပါတယ်။
ယခုအပတ်မှာတော့ ဘုန်းကြီးရဲ့ဒကာတွေက ထိုင်းနိုင်ငံရိုးရာဗုဒ္ဓဘာသာအစဉ်အလာတစ်ခုအရ အလောင်းကိုအခေါင်းထဲကနေ ပြန်ထုတ်ခဲ့ပါတယ်။
ဒကာတွေဟာ ဘုန်းကြီးရဲ့အလောင်းကိုမပျက်မစီးပဲ တွေ့ခဲ့ရတဲ့အပြင် မျက်နှာဟာလည်း ပြုံးနေတာကြောင့် အံ့အားသင့်ခဲ့ကြပါတယ်။
ဘုန်းကြီးရဲ့ ထူးခြားတဲ့ရုပ်အလောင်းနဲ့ ပြုံးနေတဲ့သဏ္ဍာန်ကြောင့် ကြည့်ရှုသူတွေက ဓာတ်ပုံရိုက်ခဲ့ကြကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ မျှဝေခဲ့ပါတယ်။
သတင်းဌာနတွေအရတော့ ဘုန်းကြီးအလောင်းကို အခေါင်းထဲကနေ ဖယ်ထုတ်ခဲ့ခြင်းက အလောင်းကိုပြန်လည်သန့်စင်ကာ အဝတ်သစ်တွေဆင်မြန်းပေးဖို့ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် နှစ်လကြာမှပြန်တူးဖော်ပြီးတွေ့ရတဲ့ရုပ်အလောင်းက (၃၈)နာရီအတွင်းသေဆုံးခဲ့တဲ့လူသေလိုပဲ ဖြစ်နေကြောင်း သတင်းတွေကတော့ဆိုပါတယ်။
ဗုဒ္ဓဘာသာအလိုအရ နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတာကြောင့် ဘုန်းကြီးကိုယခုလိုမြင်ရကြောင်းလည်း ပြောသူက ပြောကြပါတယ်။
ဒကာ ဒကာမ တွေကတော့ ဘုန်းကြီးပျံလွန်တော်မူတဲ့ရက်(၁၀၀)ပြည့်တဲ့အထိ ဆက်လက်ပြီး ဆည်းကပ်ပူဇော်မှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။