Knowledge

မွေးရာပါ ရုပ်အဆင်းပျက်ယွင်းနေလို့ လူပုံအလယ်မှာ မျက်နှာငယ်နေရတဲ့ ကလေး

ရုပ်ရည်အဆင်း လှပခြင်းဟာ ရှေးကုသိုလ် အကျိုးပေးနဲ့လည်း ဆိုင်တယ်လို့ ဆိုပါတယ်။ ကုသိုလ်တွေ မညီမျှကြလို့ လူအချင်းချင်းမှာပင် ရှေးဘဝက ပြုခဲ့တဲ့ ကုသိုလ်နည်းသူ/ကုသိုလ်မပြုခဲ့ရသူတွေက ရုပ်ဆိုးရပြီး၊ ကုသိုလ်များသူ/ ကုသိုလ်တွေ ဆည်းပူးခဲ့သူတွေကတော့ ရုပ်အဆင်းအင်္ဂါ လှပကြပါတယ်လို့ မြန်မာတွေက အယူရှိကြပါတယ်။

အခုလည်း Viral4real မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ Darina လို့ အမည်ရတဲ့ ကလေးမလေးဟာ မွေးရာပါ ရုပ်အဆင်း ကြောက်စရာကောင်းလောက်အောင် ချို့ယွင်းခဲ့သူ ဖြစ်ပါတယ်။

Darina ဟာ ဘယ်လောက်အထိတောင် ရုပ်ဆိုးသလဲဆိုရင် သူမကို မွေးမွေးပြီးချင်းမှာ သွေးနုနုသားနုနုသာရှိသေးတဲ့ မိခင်ဖြစ်သူ Elena Shpengler ကို ဒေါက်တာတွေက ကြည့်ရှုခွင့် မပြုတဲ့အထိပါဘဲ။

မိခင် Elena ကလည်း ဒီလောက်ဆို အခြေအနေကို ရိပ်မိနေပြီမို့ ဘဝတစ်လျှောက်လုံး ဒီအတိုင်းသာ ဖြတ်သန်းရဖို့ရှိတဲ့ သမီးလေးအတွက် ကြူကြူပါအောင် ငိုကြွေးရုံမှအပ ဘာမှ မတက်နိုင်ခဲ့ပါဘူး။

နာရီအနည်းငယ် ကြာတဲ့အခါမှာ မိခင် Elena က Darina ကို ကြည့်ပါရစေလို့ ခွင့်တောင်းခဲ့ပါတယ်။ ဒေါက်တာတွေက ငြင်းပယ်ပေမယ့် နောက်ဆုံး ခွင့်ပြုခဲ့ရပါတယ်။

သမီးမျက်နှာကို မြင်လိုက်တဲ့ ခဏမှာတော့ Elena ဟာ ချက်ချင်း အရုပ်ကြိုးပျက် လဲကျသွားပြီး၊ သတိလစ်သွားခဲ့ပါတယ်။ ဒါဟာ သမီးအရင်းကို မိခင်က ပထမဆုံးမြင်လိုက်ရတဲ့ အခိုက်အတန့်ပါ။ Darina ဟာ မျိုးဗီဇနဲ့သက်ဆိုင်တဲ့ ရှားပါး ကြွက်သားချိ့ယွင်းမှုရောဂါနဲ့ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ အလွန်ကံဆိုးတဲ့ အနေအထားပါဘဲ။ ဒါပေမယ့် Elena တို့က သမီးကို ကြည်ဖြူစွာ လက်ခံခဲ့ကြပါတယ်။

ပတ်ဝန်းကျင်ဆိုတာ မိဘတွေ ကောင်းသလောက်တော့ ဘယ်ကောင်းနိုင်မှာလဲလေ။ ကလေးမှာ နှုတ်ခမ်းပါမလာ ပါဘူး။ မျက်နှာတစ်ခုလုံး သွေးတွေဖုံးလွှမ်းနေပါတယ်။

ဒေါက်တာတွေက ကလေးကို ဆေးရုံမှာ စွန့်ပစ်ထားခဲ့ဖို့အထိ အကြံပေးခဲ့ပေမယ့် မိဘတွေက လက်ရှိပစ္စုပ္ပန်ကို ကောင်းကောင်း သဘောပေါက် လက်ခံခဲ့ကြပါတယ်။ ကလေးကို သူတို့နေထိုင်တဲ့ ရုရှနိုင်ငံ Krasnoyarsk မြို့ကလေးဆီကို ခေါ်သွားခဲ့ကြပါတယ်။

သူမကို ပတ်ဝန်းကျင်ကတော့ ကွယ်ရာမှာရော ရှေ့မှောက်မှာပါ မကောင်းဆိုးဝါးမလေးလို့ ဆိုကြပါတယ်။ မိဘတွေဖြစ်တဲ့ Yury နဲ့ Elena တို့က လုံး၀ ဝမ်းမနည်းခဲ့ပါဘူး။

သူတို့အသက်ရှင်သလောက် သမီးလေး အသက်ရှင်သလောက်တော့ သူတို့ တက်နိုင်သလောက် ပြုစုစောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။ Elena က ” သမီးက ကျမတို့ ဘဝပါဘဲ … ကျမတို့ ကမ္ဘာပါဘဲ “လို့ ပြောခဲ့ပါတယ်။