သိပ်ချစ်တယ်လို့ အကျယ်ကြီးအော်ခွင့်မရှိခဲ့သလို … သတိရတဲ့အခါတိုင်း ပြေးတွေ့ခွင့်တွေမရှိခဲ့ဘူး ။ လွမ်းတဲ့အခါ လွမ်းတဲ့အကြောင်းတွေပြောဖို့အထိလဲ … အခွင့်အရေးတွေ မရှိကြဘူးလေ ရင်ဘတ်ထဲမှာ တိတ်တိတ်လေးသိမ်းထားရင်း တိတ်တိတ်လေး ကြေကွဲရတယ် ။
အချစ်တဲ့ … ရယူခြင်းသက်သက်နဲ့မဟုတ်ပဲ ပေးဆပ်ခြင်းတွေနဲ့ ချစ်တဲ့ ချစ်ခြင်းမေတ္တာတွေဟာ ဖြူစင်ပါတယ် ဒါပေမယ့် မျက်နှာငယ်ရတယ် ။ ငေးနေရုံလေးနဲ့ ကျေနပ်တယ်ဆိုပေမယ့် တစ်ခါတစ်ရံကျတော့ ပြေးတွေ့ချင်စိတ်တွေကို ထိန်းရတယ် ။
တစ်ခါတစ်လေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အလိုက်သတိ တိတ်ဆိတ်ပေးလိုက်တဲ့အခါ အမှတ်တမဲ့နဲ့ ရှိုက်သံလေးတွေ ထွက်မိတယ် ။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူမှ မသိခဲ့သလို ဘယ်သူမှ ကိုယ့်ဖက်လဲ မရှိကြပါဘူး ။ မလိုအပ်တော့မှန်း သိလာတဲ့အခါ အလိုက်သတိလေးပဲ ရှောင်ပေးနေခဲ့တာ ။
ချစ်ခြင်းမေတ္တာ … ချစ်နေရရုံနဲ့ကျေနပ်တယ်ဆိုပေမယ့် တစ်ခါတစ်ရံကျတော့ ပိုင်ဆိုင်လိုတဲ့ အတ္တတွေ ရှိချင်ရှိနေတတ်တယ်လေ ။ မဆိုင်ပါဘူးလေဆိုတဲ့အတွေးနဲ့ သက်ပြင်းတွေချလိုက်သလို … မပိုင်တော့ပါဘူးလေဆိုတဲ့အတွေး မျက်နှာလွဲဖို့ကြိုးစားတယ် ။
တကယ်ပါ တချို့ ချစ်ခြင်းမေတ္တာတွေဟာ မျက်နှာငယ်ရတယ် ။ ရင်ဘတ်ထဲသိမ်းထားပြီး နာနာကျင်ကျင်ခံစားပြီး တိတ်တိတ်လေး ကြေကွဲကြရတယ် ။
မိန်းမသားတို့အတွက်
credit သျှင်ယွန်း
Unicode
တချို့ ချစ်ခြင်းမေတ္တာတွေဟာ မျက်နှာငယ်ရတယ်