Knowledge

(၁၉)နှစ်ကြာအောင် ပေါင်းသင်းပြီးမှ ဇနီးဖြစ်သူဟာ မိန်းမအစစ်မဟုတ်ကြောင်း သိလိုက်ရသူ

Jan လို့ခေါ်တဲ့ ဘယ်လ်ဂျီယံအမျိုးသားတစ်ဦးဟာ Monica ဆိုတဲ့အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးနဲ့(၁၉၉၃)ခုနှစ်က လက်ထပ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လူ၀င်မှုကြီးကြပ်ရေးအာဏာပိုင်တွေကြောင့် သူတို့နှစ်ဦးလက်ထပ်ရေးမှာ အခက်အခဲတွေရှိခဲ့ပေမယ့်လည်း အဲ့ဒီကြားထဲက ရအောင်လက်ထပ်ခဲ့တာပါ။ဒါပေမယ့်လည်း သူတို့နှစ်ဦးအကြား ယုံကြည်မှုပြိုကွဲစေမယ့် ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ Jan လက်ထပ်ထားတဲ့ အမျိုးသမီးဟာ မိန်းမအစစ်မဟုတ်ဘူးဆိုတဲ့ (၁၉)နှစ်ကြာမှပေါ်ပေါက်ခဲ့တဲ့ အမှန်တရားကြောင့်ပါ။

ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်ခံလိုက်ရသလို ခံစားရတယ်။ကျွန်တော့်သူ့ကို ဘယ်လ်ဂျီယံကို လွယ်လွယ် ကူကူ ခေါ်လာခဲ့ရတာမဟုတ်ဘူး။သူမနဲ့ပတ်သက်ပြီးတရားရုံးရဲ့ နှိုက်နှိုက်ချွတ်စစ်ဆေးမှုတွေကို ခံခဲ့ရတယ်။ဒါပေ မယ့် နောက်ဆုံးတော့ လက်ခံပေးခဲ့ပါတယ်။သူမဟာ တကယ့်ကိုစွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်။ အလုံးစုံမိန်း မပဲ။ယောက်ျားဆိုတဲ့ ပုံစံလက္ခဏာမျိုး လုံး၀ကိုမရှိခဲ့တဲ့သူပါ။သူမက မိန်းမအစစ်မဟုတ်တဲ့အကြောင်းကို အိပ်ယာပေါ် မှာတောင်မှ ကျွန်တော်သတိမထားမိခဲ့ဘူးလို့ Jan ကပြောပါတယ်။

Monica တစ်ယောက် အချိန်ပြည့်အလုပ်ရလာပြီးတဲ့နောက်ပိုင်းမှာပဲ သူတို့နှစ်ဦးရဲ့ လက်ထပ်ခြင်းဟာ စပြီးပြိုကွဲလာခဲ့ပါ တယ်။သူမဟာ Jan ရဲ့ကလေးတွေအတွက် အစ်မကြီးတစ်ယောက်လို ဖြစ်လာခဲ့ပြီး၊သူမနဲ့ပတ်သက်တဲ့ ထူးခြားမှုတွေကို သတိထားမိလောက်တဲ့အထိ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်ခဲ့ပါတယ်။

“Monica ကစပြီးပြောင်းလဲလာတယ်။ သားအကြီးကောင်က သူ့ကို နိုက်ကလပ်မှာ မကြာခဏတွေ့မိတယ်ပြောတယ်။ အမြင်ရိုင်းတဲ့ အတိုအပြတ်တွေကို သူ၀တ်လာတယ်။ဒါကြောင့်ပဲ ဒီကိစ္စဘူးပေါ်သလိုပေါ်ခဲ့ရတာပါ။ သူငယ်ချင်းတစ်ယောက် က ကျွန်တော့်ကို လာပြောတယ် Monica က လိင်ပြောင်းထားတဲ့သူတဲ့။ကျွန်တော်မယုံနိုင်ခဲ့ဘူး။သားကလည်းဒီကောလ ဟလအကြောင်းကို ကျွန်တော့်ကိုပြောပြတယ်။

သူ့ကိုနံရံဆွဲကပ်လိုက်ပြီး မင်းကယောက်ျးမဟုတ်လား ငါအမှန်တရားကို သိတယ် လို့ ပြောလိုက်တယ်။အဲ့ဒီမှာပဲ သူက သူဟာယောက်ျားအဖြစ် မွေးဖွားခဲ့သူဖြစ်ပြီး၊လိင်ပြောင်း ခွဲစိတ်ထားတဲ့သူဖြစ် တဲ့အကြောင်း၊အခုလက်ရှိမှာတော့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အတိတ်တွေကို ပြန်ပြောဖို့မလိုဘူးလို့ပြန်ဖြေခဲ့တယ်။ ကျွန်တေ်ာ့ကမ္ဘာကြီး ပြိုပျက်သွားတာပဲ။အဲ့ဒီနေ့က အကြီးအကျယ် ပေါက်ကွဲခဲ့တယ်။ရဲတွေ ရောက်လာရတဲ့အထိပဲ လို့ ”Jan က ဖွင့်ဟခဲ့ပါတယ်။

Jan မှာ အရင်အိမ်ထောင်နဲ့ကလေးနှစ်ယောက်ရှိပါတယ်။ဒါကြောင့်လည်း အသက်(၆၄)နှစ်အရွယ် Jan နဲ့ အသက်(၄၈)နှစ်အရွယ်ဇနီးဖြစ်သူ Monica တို့ဟာ ကလေးထပ်မယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုဆိုရင်တော့ Jan ဟာစိတ်ကျန်းမာရေးကုသမှုခံယူနေရပြီး၊လက်ထပ်ခဲ့တာကို ဘယ်လ်ဂျီယံတရားရုံးကနေ ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပါ တယ်။ဒါပေမယ့်လည်း ဒီကိစ္စကို တရားရုံးက ငြင်းဆိုခဲ့ပြီး၊Monica ကိုသူမရဲ့ ဇာတိကိုပြန်ပို့မယ့် ကိစ္စကိုလည်း ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။

Unicode

(၁၉)နှစ်ကြာအောင် ပေါင်းသင်းပြီးမှ ဇနီးဖြစ်သူဟာ မိန်းမအစစ်မဟုတ်ကြောင်း သိလိုက်ရသူ

Jan လို့ခေါ်တဲ့ ဘယ်လ်ဂျီယံအမျိုးသားတစ်ဦးဟာ Monica ဆိုတဲ့အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးနဲ့(၁၉၉၃)ခုနှစ်က လက်ထပ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လူ၀င်မှုကြီးကြပ်ရေးအာဏာပိုင်တွေကြောင့် သူတို့နှစ်ဦးလက်ထပ်ရေးမှာ အခက်အခဲတွေရှိခဲ့ပေမယ့်လည်း အဲ့ဒီကြားထဲက ရအောင်လက်ထပ်ခဲ့တာပါ။ဒါပေမယ့်လည်း သူတို့နှစ်ဦးအကြား ယုံကြည်မှုပြိုကွဲစေမယ့် ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ Jan လက်ထပ်ထားတဲ့ အမျိုးသမီးဟာ မိန်းမအစစ်မဟုတ်ဘူးဆိုတဲ့ (၁၉)နှစ်ကြာမှပေါ်ပေါက်ခဲ့တဲ့ အမှန်တရားကြောင့်ပါ။

ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်ခံလိုက်ရသလို ခံစားရတယ်။ကျွန်တော့်သူ့ကို ဘယ်လ်ဂျီယံကို လွယ်လွယ် ကူကူ ခေါ်လာခဲ့ရတာမဟုတ်ဘူး။သူမနဲ့ပတ်သက်ပြီးတရားရုံးရဲ့ နှိုက်နှိုက်ချွတ်စစ်ဆေးမှုတွေကို ခံခဲ့ရတယ်။ဒါပေ မယ့် နောက်ဆုံးတော့ လက်ခံပေးခဲ့ပါတယ်။သူမဟာ တကယ့်ကိုစွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်။ အလုံးစုံမိန်း မပဲ။

ယောက်ျားဆိုတဲ့ ပုံစံလက္ခဏာမျိုး လုံး၀ကိုမရှိခဲ့တဲ့သူပါ။သူမက မိန်းမအစစ်မဟုတ်တဲ့အကြောင်းကို အိပ်ယာပေါ် မှာတောင်မှ ကျွန်တော်သတိမထားမိခဲ့ဘူးလို့ Jan ကပြောပါတယ်။

Monica တစ်ယောက် အချိန်ပြည့်အလုပ်ရလာပြီးတဲ့နောက်ပိုင်းမှာပဲ သူတို့နှစ်ဦးရဲ့ လက်ထပ်ခြင်းဟာ စပြီးပြိုကွဲလာခဲ့ပါ တယ်။သူမဟာ Jan ရဲ့ကလေးတွေအတွက် အစ်မကြီးတစ်ယောက်လို ဖြစ်လာခဲ့ပြီး၊သူမနဲ့ပတ်သက်တဲ့ ထူးခြားမှုတွေကို သတိထားမိလောက်တဲ့အထိ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးဖြစ်ခဲ့ပါတယ်။

“Monica ကစပြီးပြောင်းလဲလာတယ်။ သားအကြီးကောင်က သူ့ကို နိုက်ကလပ်မှာ မကြာခဏတွေ့မိတယ်ပြောတယ်။ အမြင်ရိုင်းတဲ့ အတိုအပြတ်တွေကို သူ၀တ်လာတယ်။ဒါကြောင့်ပဲ ဒီကိစ္စဘူးပေါ်သလိုပေါ်ခဲ့ရတာပါ။ သူငယ်ချင်းတစ်ယောက် က ကျွန်တော့်ကို လာပြောတယ် Monica က လိင်ပြောင်းထားတဲ့သူတဲ့။ကျွန်တော်မယုံနိုင်ခဲ့ဘူး။သားကလည်းဒီကောလ ဟလအကြောင်းကို ကျွန်တော့်ကိုပြောပြတယ်။သူ့ကိုနံရံဆွဲကပ်လိုက်ပြီး မင်းကယောက်ျးမဟုတ်လား ငါအမှန်တရားကို သိတယ် လို့ ပြောလိုက်တယ်။အဲ့ဒီမှာပဲ သူက သူဟာယောက်ျားအဖြစ် မွေးဖွားခဲ့သူဖြစ်ပြီး၊လိင်ပြောင်း ခွဲစိတ်ထားတဲ့သူဖြစ် တဲ့အကြောင်း၊အခုလက်ရှိမှာတော့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အတိတ်တွေကို ပြန်ပြောဖို့မလိုဘူးလို့ပြန်ဖြေခဲ့တယ်။ ကျွန်တေ်ာ့ကမ္ဘာကြီး ပြိုပျက်သွားတာပဲ။အဲ့ဒီနေ့က အကြီးအကျယ် ပေါက်ကွဲခဲ့တယ်။ရဲတွေ ရောက်လာရတဲ့အထိပဲ လို့ ”Jan က ဖွင့်ဟခဲ့ပါတယ်။

Jan မှာ အရင်အိမ်ထောင်နဲ့ကလေးနှစ်ယောက်ရှိပါတယ်။ဒါကြောင့်လည်း အသက်(၆၄)နှစ်အရွယ် Jan နဲ့ အသက်(၄၈)နှစ်အရွယ်ဇနီးဖြစ်သူ Monica တို့ဟာ ကလေးထပ်မယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အခုဆိုရင်တော့ Jan ဟာစိတ်ကျန်းမာရေးကုသမှုခံယူနေရပြီး၊လက်ထပ်ခဲ့တာကို ဘယ်လ်ဂျီယံတရားရုံးကနေ ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပါ တယ်။ဒါပေမယ့်လည်း ဒီကိစ္စကို တရားရုံးက ငြင်းဆိုခဲ့ပြီး၊Monica ကိုသူမရဲ့ ဇာတိကိုပြန်ပို့မယ့် ကိစ္စကိုလည်း ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။