Knowledge

ဆက်ပြီးဆွဲထားရမလား ဒါမှမဟုတ် စွန့်လွှတ်လိုက်ရတော့မလား

ဆက်ပြီးဆွဲထားပြန်ရင်လဲ သူသာရှိနေပြီး ကိုယ့်ကို ဂရုမစိုက်ပါလားဆိုတဲ့ အတွေးနဲ့ နာကျင်ရပြန်တယ် … စွန့်လွှတ်လိုက်ဖို့ကျပြန်တော့လဲ သူမရှိတော့ပါလားဆိုတဲ့အသိနဲ့ ကျွန်မ ကြိုတွေးပြီးနာကျင်နေရပြန်တယ် တကယ်ကို ဒွိဟပါ ဘယ်အရာရာကို ရွေးရွေး ချစ်မိတဲ့ကိုယ်ကတော့ နာကျင်နေရတာပါ

ချစ်မိတဲ့ကိုယ် .. ပိုချစ်ခဲ့မိရုံတင်ဘယ်ကမလဲ ပိုပြီးလဲ ခွင့်လွှတ်ပေးခဲ့မိသလို ပိုပြီးတော့လဲ နားလည်ပေးခဲ့မိတယ် မဝေးသွားစေချင်ရုံတစ်ခုနဲ့တင် မာနတွေမထားဖြစ်ခဲ့သလို ကိုယ်နာတယ် သူသာတယ် မတွေးဖြစ်ခဲ့ဘူး ကျွန်မ ချစ်တယ်ဆိုတာတွေထက် ပိုခဲ့ပါတယ် သူဟာ ကိုယ့်အတွက် အရာရာဖြစ်နေခဲ့တာပါ

ဒီလိုကိုယ့်အတွက် အရာရာဖြစ်ခဲ့ပေမယ့်လဲ သူ့အတွက်တော့ ကိုယ်ဟာ ဘယ်နေရာမှာမှ အရေးမပါခဲ့တာဟာ အခုမှ မဟုတ်ခဲ့ပါပဲ အရင့်အရင်ကတည်းကဆိုတာမှန်း ရင်နာနာနဲ့သိခဲ့ရတဲ့အခါ ကျွန်မ ကြေကွဲရတယ် မချစ်တတ်ခဲ့တဲ့သူ့အတွက် ကိုယ်ဟာအပိုပါ ကိုယ်ချစ်တာတွေကလဲ သူ့အတွက်အနှောင့်အယှက်သက်သက်ပါပဲ

ဒီလိုအခြေအနေတွေမှာ စွန့်လွှတ်လိုက်ရတော့မှာလားဆိုပြီး ကျွန်မ တွေးမိတယ် စွန့်လွှတ်လိုက်မယ်ဆိုရင် စွန့်လွှတ်ရလောက်တဲ့အထိ လုံလုံလောက်လောက် နာကျင်ခဲ့ရပြီးသလို နာတတ်မယ်ဆိုရင် သူကျွန်မအပေါ်ပြုမူခဲ့တာတွေက အားလုံး စိတ်နာစရာတွေချည်းပါပဲ

ခုလောလောဆယ်တော့ ဆက်ပြီးဆွဲထားရမလား ဒါမှမဟုတ် စွန့်လွှတ်ရတော့မလားဆိုတဲ့ ဒွိဟတွေကြားမှာ ကျွန်မ နာနာကျင်ကျင်နဲ့ ရပ်နေပါတယ် တစ်နေ့ကျွန်မအတွက်အဖြေဆိုတာရှိလာမှာပါ ။

မိန်းမသားတို့အတွက်
Credit သျှင်ယွန်

Unicode