Love

ကိုယ့်ကို တကယ်ချစ်တဲ့သူက မအားတဲ့ကြားကနေ အချိန်ပေးတယ် ။

ကိုယ့်ကို မချစ်တဲ့သူကကျတော့ နဲနဲလေးမအားတော့တာနဲ့ ပစ်ထားလိုက်ဖို့ပဲ တွေးတယ် ။ ကိုယ့်ကို ဂရုမစိုက်တဲ့သူကျတော့ … အားနေတဲ့အခါတောင် သူက တခြားသူတွေနဲ့ပဲ အလုပ်များနေလိမ့်မယ် ။

မအားသေးလို့ပါဆိုတဲ့ စာလေးတစ်ကြောင်းပို့ဖို့ဆိုရင် … အချိန်တွေ အများကြီးမလိုပါဘူး ။ ပို့ချင်တဲ့စိတ်လေးရယ် … မျှော်နေမှာပဲဆိုတဲ့ အသိလေးရယ်ပဲ လိုတာပါ ။ ဒီအတွက် ခက်ခဲနေတယ်ဆိုကတည်းက … ကိုယ်ဟာ သူ့အတွက် ကိုယ်တွေးထားသလောက် အရေးမပါသေးဘူး ။

Active Now တွေမြင်ပေမယ့် သူပို့လာမလားလို့ စောင့်ဖူးတယ် ။ ကိုယ်မှ စပြီးမပို့ရင် ဘယ်တော့မှ ပြန်မလာဘူး ။ မျှော်နေမလားဆိုတဲ့အသိလဲ မရှိခဲ့သလို သတိတရရှိဖို့လဲ … မထိုက်တန်ခဲ့ဖူးထင်ပါတယ် ။

သူတောင် ဖုန်းမခေါ်ပဲနေနိုင်သေးရင် ငါလဲဖုန်းမခေါ်ပဲနေမယ်ဆိုတဲ့ မာနလေးထားကြည့်ဖူးတယ် ။ မနေနိုင်တဲ့ကိုယ်ကပဲ ဦးအောင် စခေါ်ဖြစ်တာပါ ။ သူကတော့ သူ့ ပတ်၀န်းကျင်မှာ သူ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကိုယ်မရှိလဲ ပျော်အောင်နေတတ်တယ် ။

မအားလို့ပါဆိုပြီး စာတွေမပို့ခဲ့တုန်းက … ကိုယ်က မအားတဲ့ကြားက … စာတွေပို့ခဲ့ဖူးတာကို အမှတ်ရတယ် ။ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပုံချင်း ကွာတယ်လေ ။ အဖြေက ရှင်းပါတယ် ။ တကယ်ချစ်တဲ့သူက သူမအားတဲ့ကြားက အချိန်ပေးတယ် ။ တကယ်မချစ်တဲ့သူက သူအားရဲ့သားနဲ့ ဆင်ခြေပေးတယ် ။ ဒါပါပဲ ။

Credit မိန်းမသားတို့အတွက်
သျှင်ယွန်

Unicode.