Knowledge

ယုံကြည်ဖို့တောင်ခက်ခဲလွန်းလှတဲ့ ခွေးလေး နဲ့ ကြွက်လေး တို့ရဲ့နောက်ကြောင်းပုံပြင်လေး

အသက် ၅နှစ်အရွယ် Osiris လို့ခေါ်တဲ့ခွေးလေး နှင့် ၇ လ အရွယ် Riff လို့ခေါ်တဲ့ကြွက်တစ်ကောင်တို့ဟာ အလွန်ကြီးမားတဲ့ အရွယ်အစားကွာဟမှုရှိနေပေမဲ့လည်း လုံးဝမခွဲမခွါနိုင်တဲ့သူငယ်ချင်းကောင်းများဖြစ်ကြပါတယ်။

ရာဇဝင်မှာ တစ်စက္ကန့်မျှမိတ်မဖွဲ့ဖူးတဲ့ သူတို့က တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ယုံကြည်မှုက လက်ဖျားခါလောက်ပါတယ်။Osiris ရဲ့ပိုင်ရှင်က ၄ ပတ်အရွယ်သာရှိသေးတဲ့ Riff ကိုကယ်ဆယ်လိုက်ပြီး အိမ်ခေါ်လာခဲ့တုန်းက Riff ဟာ မျက်လုံးတောင်မဖွင့်နိုင်သေးပါဘူး။ အရမ်းကိုထိခိုက်လွယ်ပြီးသေးငယ်လွန်းတဲ့ Riff ကို ပြွန်ဖြင့် နို့တိုက်ကျွေးခဲ့ရပါတယ်။

Osiris အသက်ငယ်စဉ်တုန်းကလည်း ကားရပ်နားရာနေရာမှာ စွန့်ပစ်ခံခဲ့ရပြီး ၎င်းမိသားစုက သူ့ကို ယာယီခေါ်ဆောင်သွားခဲ့ပေမဲ့ Osiris က ခေါင်းခဲပြီးလှဲကျသွားခဲ့တာကြောင့် သူ့ကိုအမြဲခေါ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Osiris ဟာ ကြီးမားတဲ့ခွေးတစ်ကောင်ဖြစ်ပြီး Riff က ကြွက်သေးသေးလေးဖြစ်တဲ့အတွက်ကြောင့် Osiris က တစ်နည်းနည်းနဲ့ Riff ကို ထိခိုက်ဖို့ကြိုးစားလိမ့်မယ်လို့ မိသားစုများက စိုးရိမ်ခဲ့ကြပါတယ်။”

Riff က Osiris လျှာ နဲ့ သူ့ကိုလျက်တာကို အရမ်းကြိုက်တယ် ၊ Osiris က Riff ကို စားလိုက်မှာ ကြောက်လန့်နေခဲ့တာ ၊ Osiris က Riff ကိုပြုစုပျိုးထောင်ဖို့ နှင့်ဂရုစိုက်ဖို့ ကူညီပေးခဲ့ပြီး ကျွန်တော်တွေ့ဖူးသမျှမှာ အသိတက်ဆုံးခွေးလေးတစ်ကောင်ပါ “လို့

ိုင်ရှင်ဖြစ်သူက Instagram မှာ ပြောပြခဲ့ပါတယ်။သူတို့အချင်းချင်း မမျှော်လင့်တဲ့မိတ်ဆွေဖြစ်မှုကို တွေ့မြင်ရခြင်းက ဒီကမ္ဘာမြေကြီးပေါ်က ကျန်သတ္တဝါများနှင့် အထူးသဖြင့် လူသားများအတွက် မျှော်လင့်ချက်အနည်းငယ်ပေးနေပုံရပါတယ်။

R

iff နှင့် Osiris တို့ရဲ့ဆက်ဆံရေးက မြင်သူတိုင်းကို ပြုံးပျော်မိသွားစေမှာ အမှန်ပါဘဲ။