Local News

သမီးလေး မီးလောင်မခံရအောင် ခန္ဓာကိုယ်ကို ဒိုင်းသဖွယ်ကာကွယ်ပေးခဲ့တဲ့ မိဘနှစ်ပါး

တရုတ်နိုင်ငံ၊ Guangzhou မြို့၊ Liwan District မှာ လူနေတိုက်တန်းတစ်ခု မီးလောင်ခဲ့ရာ၊ အိမ်ရှင်လင်မယားကတော့ သူတို့ သမီးလေး မီးလောင်ခံရမှာစိုးလို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဒိုင်းသဖွယ် ကာကွယ်ပေးပြီး၊ သမီးလေးကို ရနိုင်သလောက် ကာကွယ်ခဲ့ပါတယ်။

သူတို့တစ်တွေဟာ ဝရံတာဘက်ကို မရရအောင်ထွက်ပြီး ကလေးကို အတက်နိုင်ဆုံးကာကွယ်ပေးနေတာကို အောက်ကနေ အရှင်းသား မြင်နေရပါတယ်။ ကာယကံရှင်မိသားစုကတော့ (၅)လွှာမှာ နေထိုင်တာ ဖြစ်ပါတယ်။

သတင်းမှာ ဖော်ပြချက်အရ Guangzhou Fire Brigade မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် (၁၆)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် (၉၉)ဦးအထိ စေလွှတ်ခဲ့ပြီး၊ မီးအမြန်ငြှိမ်းနိုင်ရေး ကြိူးစားငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ မိခင်ကတော့ အိမ်အတွင်း မီးလောင်မှုမှာပင် သေဆုံးသွားခဲ့ပြီး

ဖခင်မှာလည်း မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ရထားပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။ ကလေးမှာလည်း ဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိထားပြီး ဆရာဝန်တွေကတော့ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မီးဟာ (၆)လွှာကနေ စလောင်ခဲ့ပြီး၊ ဘေးချဉ်းကပ်အခန်းတွေနဲ့ (၅)လွှာထိ မီးက ကူးစတ်ခဲ့တာပါတဲ့။

မီးလောင်ရခြင်းအကြောင်းအရင်းအမှန်ကို မသိရသေးသော်လည်း အဲဒီမှာရှိတဲ့ သစ်သားနဲ့ အဝတ်အစားတွေဟာ မီးလောင်ကျွမ်းဖို့ အကောင်းဆုံး လောင်စာတွေ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

အခုအဖြစ်အပျက်မှာ ကလေးမလေးဟာ သူတို့မိသားစုအတွက် အငယ်ဆုံးလေးဖြစ်ပြီး၊ ကျန်သားသမီး(၃)ဦးကတော့ မီးလောင်ချိန် နေအိမ်မှာမရှိလို့ အတော်လေး ကံကောင်းသွားခဲ့တာပါ။

Credit

Unicode

တရုတ်နိုင်ငံ၊ Guangzhou မြို့၊ Liwan District မှာ လူနေတိုက်တန်းတစ်ခု မီးလောင်ခဲ့ရာ၊ အိမ်ရှင်လင်မယားကတော့ သူတို့ သမီးလေး မီးလောင်ခံရမှာစိုးလို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ဒိုင်းသဖွယ် ကာကွယ်ပေးပြီး၊ သမီးလေးကို ရနိုင်သလောက် ကာကွယ်ခဲ့ပါတယ်။

သူတို့တစ်တွေဟာ ဝရံတာဘက်ကို မရရအောင်ထွက်ပြီး ကလေးကို အတက်နိုင်ဆုံးကာကွယ်ပေးနေတာကို အောက်ကနေ အရှင်းသား မြင်နေရပါတယ်။ ကာယကံရှင်မိသားစုကတော့ (၅)လွှာမှာ နေထိုင်တာ ဖြစ်ပါတယ်။

သတင်းမှာ ဖော်ပြချက်အရ Guangzhou Fire Brigade မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် (၁၆)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် (၉၉)ဦးအထိ စေလွှတ်ခဲ့ပြီး၊ မီးအမြန်ငြှိမ်းနိုင်ရေး ကြိူးစားငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ မိခင်ကတော့ အိမ်အတွင်း မီးလောင်မှုမှာပင် သေဆုံးသွားခဲ့ပြီး

ဖခင်မှာလည်း မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ရထားပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။ ကလေးမှာလည်း ဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိထားပြီး ဆရာဝန်တွေကတော့ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မီးဟာ (၆)လွှာကနေ စလောင်ခဲ့ပြီး၊ ဘေးချဉ်းကပ်အခန်းတွေနဲ့ (၅)လွှာထိ မီးက ကူးစတ်ခဲ့တာပါတဲ့။

မီးလောင်ရခြင်းအကြောင်းအရင်းအမှန်ကို မသိရသေးသော်လည်း အဲဒီမှာရှိတဲ့ သစ်သားနဲ့ အဝတ်အစားတွေဟာ မီးလောင်ကျွမ်းဖို့ အကောင်းဆုံး လောင်စာတွေ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ အခုအဖြစ်အပျက်မှာ ကလေးမလေးဟာ သူတို့မိသားစုအတွက် အငယ်ဆုံးလေးဖြစ်ပြီး၊ ကျန်သားသမီး(၃)ဦးကတော့ မီးလောင်ချိန် နေအိမ်မှာမရှိလို့ အတော်လေး ကံကောင်းသွားခဲ့တာပါ။

Credit