Knowledge

ခရီးသည်တွေ ထမ်းပိုးကာလိုက်ပို့ရတဲ့ ဆင်ကလေး အမောဆို့ကွယ်လွန်

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ ခရီးသည်တွေကို ထမ်းပိုးရင်း အမောဆို့ ကွယ်လွန်သွားတဲ့ ၁၈နှစ်အရွယ် သနားစရာ ဆင်ကလေးရဲ့ အကြာင်းပဲဖြစ်ပါတယ်။ အာရှတိုက်မှာရှိတဲ့ ဆင်တွေရဲ့သက်တမ်းဟာနှစ် ၆၀ လောက်ရှိပါတယ်။ အာ့ဒါဟာပင်ပင်ပန်းပန်း အလုပ်မလုပ်ရဘဲ သာမန်ဆင်တစ်ကောင်ရဲ့ ပျှမ်းမျှအသက်ဖြစ်ပါတယ်။

ဒါပေမဲ့လူတွေရဲ့ ခိုင်းစေမှုကြောင့် ပင်ပန်းဆင်းရဲဒဏ်ခံရတဲ့ ဆင်တွေကတော့နှစ် ၆၀ မတိုင်ခင်ငယ်ငယ်နဲ့ပဲ သေဆုံးရရှာတာပါ။ ခုလည်းပဲ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဆင်ငယ်လေးဟာ လူတွေရဲ့ မတရားခိုင်းစေမှုကြောင့် ပင်ပန်းပြီးသေဆုံးခဲ့ရရှာပါတယ်။ အတော်ငယ်သေးတဲ့အရွယ်မှာ သေရတယ်ဆိုတော့

ဘယ်လောက်တောင် ခိုင်းခံရသလဲဆိုတာ စဉ်းစားကြည့်ယုံနဲ့သိနိုင်ပါတယ်။ ဖြစ်ပုံကတော့ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က Kanakota လို့ခေါ်တဲ့ အသက် ၁၈နှစ်သာရှိသေးတဲ့ ဆင်လေးဟာ ခရီးသွားဧည့်သည်တွေကိုအခေါက်ခေါက်အခါခါ ပို့ဆောင်ပေးခဲ့ရတာကြောင့် ပင်ပန်းပြီး အမောဆို့သေဆုံးခဲ့ရပါတယ်။

India Times ရဲ့သတင်းအရအဆိုပါ ဆင်လေးဟာ ဘုရားပွဲမှာလည်း လိုက်ပါလှည့်လည် ပို့ဆောင်ခဲ့ရတဲ့အပြင် တစ်ရက်တည်း ခရီးသွားဧည့်သည်တွေကို ၃ခေါက်ပို့ခဲ့ရတာကြောင့် နောက်ဆုံးအခေါက်မှာတော့ ပင်ပန်းပြီးတော့ လဲကျသွားခဲ့ရာကနေ ပြန်မထလာနိုင်တော့ပဲ သေဆုံးခဲ့တာပါ။

အဲဒီဆင်လေးဟာ ၄နှစ်လုံးလုံး ခရီးသည်တွေကို တစ်နာရီကြာ ခရီးစဉ်ဖြစ်တဲ့ ရှေးဟောင်းခံတပ်တွေဆီ လိုက်ပါပို့ဆောင်ပေးခဲ့ရပြီးတော့ ကျောကုန်းပေါ်မှာလည်း ထိုင်ခုံတွေလေးလံတဲ့ အရာတွေ သယ်ဆောင်ပေးခဲ့ရတာပါ။ ၄ နှစ်လုံးလုံးလုပ်ခဲ့ပြီးချိန် ခုတစ်ခေါက်မှာတော့ ခုလိုပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွားခဲ့ရရှာပါတယ်။

ဆင်တွေဟာ သနားဖို့ကောင်းတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ခုလိုခရီးသည် ဝန်ဆောင်မှုပေးတာတွေ သစ်ဆွဲရတာတွေစတဲ့ ပင်ပန်းတဲ့ အလုပ်တွေကြောင့် သူတို့ရဲ့အားအင်တွေဟာ တဖြည်းဖြည်းကုန်ဆုံးခဲ့ရရှာပါတယ်။ ဒီကြားထဲခိုင်းတာမလုပ်ရင် ချွန်းနဲ့အုပ် နှိပ်စက်ခံရတာတွေကလည်း သူတို့ကို ပိုမိုနာကျင်စေပါတယ်။

ဆင်တွေကို ခရီးသွားတွေ စီးနင်းလှည့်လာတာတွေကို မရပ်မချင်း ခုလိုသနားစရာအဖြစ်အပျက်တွေ ဖြစ်နေအုံးမယ်လို့ ဆိုပါတယ်။ အဲတာကြောင့် ပရိသတ်ကြီးတို့လည်း ဆင်တွေကို စီးတော့မယ်ဆိုရင် ဒီအဖြစ်အပျက်လေးကိုကြည့်ပြီး စာနာပေးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ်နော်။

အဆုံးထိဖတ်ရှုပေးကြတဲ့ စာဖတ်ပရိတ်သတ်ကြီးကိုကျေးဇူးအထူတင်ရှိပါတယ်။

သာယာပျော်ရွင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ။

Credit