အမေရိကန်က သင်္ဘောသား ရာနဲ့ချီပြီ
တာဝန်ထမ်းဆောင်နေတဲ့စစ်သင်္ဘောပေါ်မှာ မြန်မာလူမျိုး မဆုရည်အောင်က ယောကျာ်းတွေနဲ့ ရင်ဘောင်တန်း တာဝန်ထမ်းဆောင်ပြီး အတော်ဆုံးရေတပ်သား ဆုတွေဘွဲ့တွေရခဲ့တဲ့အပြင် ရာထူးတိုးသွားပါပြီတဲ့။
US Navy က စစ်သင်္ဘော John P Murthaသင်္ဘောပေါ်မှာ Petty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့Chief Petty Officer ဖြစ်သွားပါပြီ။
Chief Petty Officer ရာထူးတက်ကြတဲ့(၆)ယောက်မှာ မဆုရည်အောင်တယောက်တည်းသာမိန်းခလေးဖြစ်ပြီး၊ကျန်တဲ့ (၅)ယောက်ကယောကျာ်းလေးတွေဖြစ်ပါတယ်။အဖေ့လိုသင်္ဘောသားဘဝကိုမြတ်နိုးလို့ US Navy မှာတာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့၈လရှိပါပြီ။
အလုပ်တွေဘယ်လိုပင်ပန်းပေမဲ့လည်း၊မခိုမကပ်၊တာဝန်ယူစိတ်အပြည့်နဲ့လုပ်နိုင်ခဲ့လို့ (၁၀)နှစ်တာကာလအတွင်းမှာ ရေတပ်ကချီးမြှင့်တဲ့ Sailor Of The Year၊Sailor Of The Quarter ဆိုတဲ့Award တွေရခဲ့တာလည်း (၅) ကြိမ်ရှိခဲ့ပါပြီ။
ဝမ်းသာဂုဏ်ယူမှူတွေကိုအဖေနဲ့အမေ သာမက မြန်မာလူမျိုးတွေအနေနဲ့လည်းဝမ်းသာ ဂုဏ်ယူရ အောင်မျှဝေပေးလိုက်တာဖြစ်ကြောင်းသိရှိရပါသည်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd-Original Post