Knowledge

စေတီပေါင်းခြောက်ဆယ် ကျော်နဲ့အတူပျက်စီးနေတဲ့ ရှေးဟောင်း အမွေအနှစ်များ

ပဲခူးတိုင်းဒေကြီးမိုညိုမြို့နယ်ရေကင်းအုပ်စုမင်းကြီးကျေးရွာအနီးရှိလူမသိသူမသိရှေးဟောင်းအမွေ အ နှစ်များရှိရာ ဒီနေရာကို မမျှော်လင့်ပဲ မင်္ဂလာဆောင်တစ်ခုရိုက်ကူးရေးသွားရင်းရောက်ခဲ့ပါတယ်


ဒီနေ့လက်တွေ့ဖူးမျော်ရမှ အံ့သြမင်သက်မိသလို ဒီလောက်များတဲ့ရှေးဟောင်းအမွေအနှစ်တွေကို ဝိုင်း ဝန်းထိမ်းသိမ်းစောင့်ရှောက်ဖို့အသိတစ်ခု စိတ်ထဲရောက်လာသလို နိုင်ငံတော်တာဝန်ရှိသူများနဲ့ အများပြည်သူတို့သိရှိပြီးလက်တွေ့ဖူးမျော်နိင်အောင် မှတ် တမ်းရိုက်ကူးပြီးတင်ပေးလိုက်ပါတယ်

သေချာရေတွက်မကြည့်ခဲ့ပေမဲ့ စေတီပေါင်း အဆူ ၆၀ ကျော်ရှိတယ်လို့ လိုက်ပို့တဲ့ ဦးမင်းမင်းပြောပြလို့သိရပါတယ်

ဘုရားဖူးရင်းသိရှိခဲ့တဲ့အကြောင်းအရာလေးတွေကိုပုံနဲ့ပူးတွဲတင်ပြပေးလိုက်ပါတယ်ပြန်လည်မျှဝေ SHARE ပေးခြင်းဖြင့်ကုသိုလ် ပါဝင်ကြစေချင်ပါတ ယ် Crd စစ်လဲလ်မွန်

Unicode