တစ်ချို့သောသူတွေကတော့ Single အဖေတစ်ယောက်ရဲ့ဘဝဟာ single အမေရဲ့ဘဝထက်တော့ပိုပြီးတော့ကောင်းတယ်လို့ တွေးထင်မိကြပေမယ့်တစ်ချိန်ထဲမှာပဲ ဝမ်းရေးအတွက်
ပိုက်ဆံလည်းရှာရမယ်ဆိုရင်တော့ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူးနော်။အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ ပြီးခဲ့တဲ့လအနည်းငယ်ကမှ သူ၏ဇနီးသည်ကို ဆုံးရှုံးခဲ့လိုက်ရတဲ့အတွက်ကြောင့် ကျန်ရှိနေတဲ့သမီးငယ်လေးအတွက် အဖေနေရာ ၊
အမေနေရာ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အစားထိုးပြောင်းလဲခဲ့ရတာပါ ။ အဆိုပါအမျိုးသားရဲ့အလုပ်လုပ်ကိုင်နေပုံ video လေးကို Visit Cianjur အမည်ရှိတဲ့ Instragram account တစ်ခုက ဝေမျှပေးသွားခဲ့တဲ့အတွက်
အတော်လေးကို နာမည်ကြီးနေလျက်ရှိနေတာပါ။ အဆိုပါအမျိုးသားဟာ ကလေးကိုပွေ့ချီပြီးထိန်းရင်အလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ်နေခဲ့တာပါ။ဒါ့ပြင် ၎င်းအမျိုးသားရဲ့အလုပ်ဟာအတော်လေးကိုရှုပ်ပြီး မရပ်မနားလုပ်ကိုင်နေရပေမဲ့လည်း
သမီးငယ်လေးကိုလုံးဝအောက်မချပဲ ကျောပိုးထားပြီး တစ်ခါတစ်လေ ပွေ့ချီထားတာပါ။သမီးငယ်လေးကို သူနဲ့ခဏလေးမျှတောင် ခွဲမနေခိုင်းခဲ့ပါဘူး ။ ၎င်းအမျိုးသားရဲ့ဖခင်မေတ္တာဟာ လူအများရဲ့ရင်ထဲကို အတော်လေးထိ သွားစေခဲ့ပါတော့တယ်နော်။
ဒီလိုမျိုး မစုံမလင်ဖြစ်ခဲ့ပြီး ကွဲကွာသွားခဲ့ရတဲ့မိသားစုလေးအတွက် အတော်လေးကို သနားဂရုဏာတက်စေခဲ့ပြီး ၎င်း အမျိုးသား၏ဖခင်မေတ္တာကို အတော်လေးချီးကျူ းမိခဲ့ပါတယ်နော်။credit
Unicode
လုပ်ကိုင်နေရတဲ့ Single အဖေရဲ့ဘဝ