Health

ခုံအပျက်ပေါ်တက်ထိုင်မိလို့ သံချောင်းထွက်လာပြီး အသက်အန္တရာယ်နဲ့ကြုံခဲ့ရတဲ့ မိန်းကလေး

လူတိုင်း အဲ့လိုထိုင်ခုံအမြင့်ပေါ်မှာတစ်ကြိမ်တစ်ခါတော့ထိုင်ဖူးကြမှာပါ ။အထူးသဖြင့် ဘား ၊ စားသောက်ဆိုင်တွေမှာဆိုရင် အဆိုပါထိုင်ခုံအမြင့်မျိုးကို ပရိဘောဂအခင်းအကျင်းအဖြစ်အသုံးပြု ကြပြီး ထိုင်ခုံရဲ့အတွင်းပိုင်းအလယ်ဖက်မှာ ပါတဲ့သံချောင်းက အန္တရာယ်များလွန်းတဲ့မတော်တဆမှုမျိုးကိုဖြစ်စေနိုင်တယ်လို့ မည်သူကမှသတိထားမိမှာမဟုတ်ပါဘူး ။ Dayana Duarte ဟာ သူမ၏ယောင်းမတော်စပ်သူနှင့် နေအိမ်တွင်ခရစ်စမတ်ပါတီပွဲကျင်ပရင်းနဲ့ အဆိုပါထိုင်ခုံပေါ်မှာတက်ထိုင်မိခဲ့ကြပါတယ် ။

ယောင်းမဖြစ်သူ၏ကိုယ်အလေးချိန်မှာ 23kg သာရှိပေမဲ့လည်း ကံဆိုးစွာနဲ့ပဲထိုင်ခုံဟာ အလိုလိုအောက်ဖက်သို့လျှော့ကျသွားခဲ့ပြီး ထိုင်ခုံအတွင်းပိုင်းအလယ်ဖက်မှသံချောင်းပေါက်ထွက်လာကာ ယောင်းမဖြစ်သူ၏ခြေထောက်အတွင်းသို့ ဖောက်ဝင်သွားခဲ့ပါတယ် ။

ဆေးရုံသို့ရောက်သွားခဲ့ချိန်မှာတော့ ဆရာဝန်ကထိုင်ခုံမှ သံချောင်းဟာနောက်ထပ် 7cm ထပ်ထွက်လာခဲ့မယ်ဆိုရင် သေစေနိုင်တဲ့အခြေအနေသို့ရောက်ရှိနိုင်ကြောင်း ပြောပြသွားခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ သူမဟာထိုင်ခုံပေါ်မှာ

အတည်တကျထိုင်နေတဲ့အခြေအနေမဟုတ်ခဲ့လို့ပါ ။ လုံးဝသေချာအတည်တကျထိုင်လိုက်မယ်ဆိုရင်တော့ သူမရဲ့အခြေအနေဟာ မတွေးဝံ့စရာပါပဲ ။ ခရက်ဒစ်

Zawgyi