Uncategorized

ဗိုက်ဆာလို့အစာတောင်းစားခဲ့မိလို့ ဆီပူနဲ့ ပက်ခြင်းခံခဲ့ရတဲ့ ကြောင်မလေး

ကြောင် ဆိုတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ကောင်းတဲ့ပုံပန်းသွင်ပြင်ရှိပေမယ့် ဘာလို့များလူတွေကညှင်းပန်းနှိပ်စက်ချင်ကြတာလဲဆိုတာ ခန့်မှန်းလို့တောင်မရတော့ပါဘူး ။

ဒီဖြစ်ရပ်ကတော့ 2017 ခုနှစ်ကတည်းကဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့လည်း social media ပေါ်မှာတစ်ခါပြန်လည် ရေပန်းစားနေခဲ့တဲ့အဖြစ်အပျက်လေးဖြစ်ပါတယ်။အဆိုပါ ကိုယ်ဝန်ဆောင်ထားတဲ့ကြောင်မလေးဟာ အစာရှာဖို့ခြေဦးတည့်ရာလျှောက်သွားရင်နဲ့ အသားကြော်အနံ့လေးရခဲ့ပါတယ်။အဲ့ဒီ‌နောက် အနံ့အတိုင်းလိုက်သွားရင်းနဲ့

မီးဖိုချောင်တစ်ခုဆီသို့ ဝင်သွားခဲ့မိပါတယ်။ကြောင်မလေးဟာ အစာကြွေးအောင်အော်မြည်ပြီးအချက်ပေးခဲ့ပေမဲ့လည်း အစာကြွေးမယ့်အစား ဒယ်အိုးထဲမှပွက်ပွက်ဆူ‌နေသောဆီ နှင့် လောင်းပက်ခြင်းခံခဲ့ရပါတယ်။

ကြောင်မလေးကို အမြဲအစာကျွေးနေကျ လူတစ်ယောက်ဟာကြောင်မလေးကို မတွေ့မိတာရက်အနည်းငယ်ကြာခဲ့ပြီး ၊ ပုပ်သိုးနေသောအနံ့ကိုလည်း ရခဲ့ပါတယ်။ထို့ကြောင့် အနံ့အသက်ရရှိရာနေရာသို့သွားရောက်စစ်ဆေးကြည့်ခဲ့ချိန်မှာတော့ ဒဏ်ရာရရှိနေပြီး ကြောင်ပေါက်လေး ၆ ကောင် မွေးထားတဲ့ကြောင်မလေးကို တွေ့ရှိသွားခဲ့ပါတယ်။

ထို့နောက် ကြောင်မလေးကိုတိရစ္ဆာန်ဆေးခန်းသို့ အလျှင်အမြန်ပို့ဆောင်ပေးခဲ့ပြီး ၊ ကံကောင်းစွာဖြင့် အဆိုပါဆေးခန်းတွင်ကြောင်ပေါက်လေးတွေကို နို့တိုက်ကျွေးနိုင်သော ကြောင်မကြီးတစ်ကောင်လည်း ရှိနေခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ ကြောင်မလေးကို ကယ်ဆယ်ပေးခဲ့တဲ့ လူတစ်ယောက်ဟာ ကြောင်မလေးကိုပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

လအနည်းငယ်အကြာမှာတော့ ကြောင်မလေးဟာ ပြန်လည်နေကောင်းလာခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ကြောင်မလေး၏ခြေဖဝါးများတွင်ရှိသော အကြောလေးတွေဟာသေဆုံးသွားတဲ့အတွက် ကြောင်မလေးမှာသူမ၏ခြေဖဝါးများကို ဆုံးရှုံးခဲ့ရပါတယ်။

Jasmine ( Mckzone Daily )
Credit