Health Knowledge

သမားေတာ္ႀကီး ဦးဝင္းေမာင္၏ ဆီးေက်ာက္ေက်ေဆးနည္း

ဆီးေဆးဆိုတာ အမ်ိဳးမ်ိဳးရွိသည့္အနက္ လူသိမ်ားၾကတာကေတာ့ ၁။သံမနိူင္ ေက်ာက္မနိူင္ ၂။ၾကက္သြန္ႏွင့္ အသုံးျပဳနည္း ၃။သံပုရာသီး အသုံးျပဳနည္း စသည့္ျဖင့္ လူသိမ်ားေသာ ေဆးနည္ေတြပါပဲ။ ေအး အဘကေတာ့ တကယ့္ေ႐ႊနန္းသုံး ေဆးေတာ္ႀကီးတစ္မယ္ကို

ေငြကုန္ေၾကးက်သက္သာစြာနဲ႕ ေဝဒနာသက္သာေစဖို႔ ေဆးနည္းတစ္သြယ္ ေရးေပးလိုက္ပါတယ္။ ေဆးနည္းကေတာ့ ၾကက္ဆူ (၂) မ်ိဳးရွိတယ္။ ပိုရွင္းေအာင္ေျပာရင္ တစ္မ်ိဳးကေတာ့ ေလာင္စာၾကက္ဆူ ၿခံစည္းရိုးၾကက္ဆူ လို႔ေခၚၾကတဲ့ ၾကက္ဆူမဟုတ္ဘူး။

(အဲဒီၾကက္ဆူက စားရင္ ေအာ့အံနိုင္ပါတယ္ မမွားပါေစနဲ႕) ပုံျပထားေသာ အရိုးနီၾကက္ဆူကိုသာ ေဆးအျဖစ္ အသုံးျပဳနိုင္ၾကပါတယ္။ အသုံးျပဳပုံ ၾကက္ဆူ႐ြက္ကို ေရႏြေးေဖ်ာ္ၿပီး ဓ.ားျဖင့္ ပါးပါးရိတ္ရိတ္လွီးညွပ္၍ ေျမပဲဆံ ႏွမ္း ပဲမႈန႔္ ၾကက္သြန္ျဖဴ/နီေက်ာ္တို႔ျဖင့္

သုတ္စားေပးပါ။ အဓိကအားျဖင့္ ၾကက္ဆူ႐ႊက္ကို မ်ားမ်ားသုတ္စားေပးဖို႔သာ လိုရင္းပါ။ မည္သို႔စားစား ရပါတယ္။ မိမိသုတ္စားၿပီး ၂၄ နာရီအတြင္း ေက်ာက္မ်ား ေၾကပ်က္သြားသည္ကို လက္ေတြ႕စားၾကည့္က သိေပလိမ့္မည္။ ၎ေဆးစားၿပီး ဆီးသြားပါက ဆီးကို

အိုးခြက္တစ္ခုခုျဖင့္ ခံယူထားၿပီး ၾကည့္ပါက ဆီးေက်ာက္မ်ား ေၾကပ်က္သြားသည္ကို ေတြ႕ျမင္ရပါလိမ့္မည္။ လူအေတာ္မ်ားမ်ားကေတာ့ ဝမ္းႏွတ္ေဆးကိုသာ လူသိမ်ားၾကၿပီး ဆီးႏွတ္ေဆး ဆီးသန႔္စင္ေဆးကို သိပ္မသိၾကပါ။ အဲ့ဒါေၾကာင့္ အဘ ေဖၚျပေပးလိုက္တာပါ။

မွတ္ခ်က္ ဥပမာ ယေန႕ ၄ နာရီမွာစားရင္ ေနာက္ေန႕ ၄ နာရီမွာ ေက်ာက္ေႂကြသြားတာ ေတြ႕ ရပါလိမ့္မယ္။ အဘ ဦးဝင္းေမာင္ တိုင္းရင္းသမားေတာ္ႀကီး ဖုန္း 09785987552 သို႔ မရွင္းလင္းပါက ေမးျမန္းနိုင္ပါတယ္။ ခရက္ဒစ္ သမားေတာ္ႀကီး ဦးဝင္းေမာင္

Unicode ဖြင့်ဖတ်ပါ

သမားတော်ကြီး ဦးဝင်းမောင်၏ ဆီးကျောက်ကျေဆေးနည်း

ဆီးဆေးဆိုတာ အမျိုးမျိုးရှိသည့်အနက် လူသိများကြတာကတော့ ၁။သံမနိူင် ကျောက်မနိူင် ၂။ကြက်သွန်နှင့် အသုံးပြုနည်း ၃။သံပုရာသီး အသုံးပြုနည်း စသည့်ဖြင့် လူသိများသော ဆေးနည်တွေပါပဲ။ အေး အဘကတော့ တကယ့်ရွှေနန်းသုံး ဆေးတော်ကြီးတစ်မယ်ကို

ငွေကုန်ကြေးကျသက်သာစွာနဲ့ ဝေဒနာသက်သာစေဖို့ ဆေးနည်းတစ်သွယ် ရေးပေးလိုက်ပါတယ်။ ဆေးနည်းကတော့ – ကြက်ဆူ (၂) မျိုးရှိတယ်။ ပိုရှင်းအောင်ပြောရင် တစ်မျိုးကတော့ လောင်စာကြက်ဆူ ခြံစည်းရိုးကြက်ဆူ လို့ခေါ်ကြတဲ့ ကြက်ဆူမဟုတ်ဘူး။

(အဲဒီကြက်ဆူက စားရင် အော့အံနိုင်ပါတယ် မမှားပါစေနဲ့) ပုံပြထားသော အရိုးနီကြက်ဆူကိုသာ ဆေးအဖြစ် အသုံးပြုနိုင်ကြပါတယ်။ အသုံးပြုပုံ – ကြက်ဆူရွက်ကို ရေနွေးဖျော်ပြီး ဓ.ားဖြင့် ပါးပါးရိတ်ရိတ်လှီးညှပ်၍ မြေပဲဆံ နှမ်း ပဲမှုန့် ကြက်သွန်ဖြူ/နီကျော်တို့ဖြင့်

သုတ်စားပေးပါ။ အဓိကအားဖြင့် ကြက်ဆူရွှက်ကို များများသုတ်စားပေးဖို့သာ လိုရင်းပါ။ မည်သို့စားစား ရပါတယ်။ မိမိသုတ်စားပြီး ၂၄ နာရီအတွင်း ကျောက်များ ကြေပျက်သွားသည်ကို လက်တွေ့စားကြည့်က သိပေလိမ့်မည်။ ၎င်းဆေးစားပြီး ဆီးသွားပါက ဆီးကို

အိုးခွက်တစ်ခုခုဖြင့် ခံယူထားပြီး ကြည့်ပါက ဆီးကျောက်များ ကြေပျက်သွားသည်ကို တွေ့မြင်ရပါလိမ့်မည်။ လူအတော်များများကတော့ ဝမ်းနှတ်ဆေးကိုသာ လူသိများကြပြီး ဆီးနှတ်ဆေး ဆီးသန့်စင်ဆေးကို သိပ်မသိကြပါ။ အဲ့ဒါကြောင့် အဘ ဖေါ်ပြပေးလိုက်တာပါ။

မှတ်ချက် – ဥပမာ ယနေ့ ၄ နာရီမှာစားရင် နောက်နေ့ ၄ နာရီမှာ ကျောက်ကြွေသွားတာ တွေ့ ရပါလိမ့်မယ်။ အဘ ဦးဝင်းမောင် တိုင်းရင်းသမားတော်ကြီး ဖုန်း – 09785987552 သို့ မရှင်းလင်းပါက မေးမြန်းနိုင်ပါတယ်။ ခရက်ဒစ် – သမားတော်ကြီး ဦးဝင်းမောင်