Knowledge

ညစာစားနေတဲ့အချိန်မှာ ဘာတွေကို စားနေတယ်ဆိုတာကအကြောင်း မဟုတ်ပါဘူးတဲ့။

ညစာစားရင် မိသားစုနဲ့အတူတကွ လက်ဆုံစားပါ…ဘာကြောင့်လဲဆိုတော့👇👇👇

ညစာစားရင် မိသားစုတွေ အတူတကွလက်ဆုံစားပါ

ဒီခေတ်မှာ အရွယ်ရောက်ပြီးသူတိုင်း အလုပ်ကိုယ်စီနဲ့မို့ နေ့လည်စာစားတဲ့အခါ အလုပ်ခွင်မှာပဲ စားကြရတာပါ။ ဒါပေမဲ့ ညဘက်အိမ်ပြန်ရောက်လို့ ညစာစားတဲ့အခါမှာတော့ မိသားစုဝင်တွေအားလုံး အတူလက်ဆုံစားဖြစ်အောင်စားပေးပါ။

တစ်အိမ်ထဲမှာ နေထိုင်တဲ့ မိသားစု အတူတကွ ညစာသုံးဆောင်ခြင်း အလေ့အထက ကိုယ်စားလိုက်တဲ့ အစားအစာများရဲ့ အာဟာရဓာတ်တန်ဖိုးထက် ပို၍အကျိုးကျေးဇူးရှိပါတယ်တဲ့။

ကလေးတွေမှာ

မိသားစုနဲ့အတူ ညစာစားလေ့ရှိတဲ့ ကလေးများဟာ ကျောင်းမှာပို၍ စာလိုက်နိုင်ပြီး၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူး ယစ်ဆေးဝါးသုံးစွဲခြင်း၊ အခြားသူများနှင့် ရန်ဖြစ်ခြင်းစတဲ့ အပြုအမူများ ပို၍နည်းပါးတာကို တွေ့ရပါတယ်။

သူတို့ဘာသာသူတို့ ညစာစားရတဲ့ ကလေးများမှာတော့ ဖော်ပြခဲ့တဲ့ အပြုအမူများ ပိုပြီးတွေ့ရပါတယ်။

ညစာစားဖြစ်အောင် ဒီလိုစီမံပါ

မိသားစုဝင်တွေနေ့တိုင်းညစာကိုအတူမစားနိုင်ရင်တောင်မှ တစ်ပတ်လျှင် (၅) ညစားပါ။ အဲဒီနေ့တွေမှာ မိသားစုဝင်တွေကို ထမင်းစားခန်းထဲမှာ ညနေ (၆) နာရီ (သို့) (၇) နာရီတိတိမှာ စုဝေးဖို့မှာထားပါ။

ညစာအတူတူမစားဖြစ်လျှင်

မိသားစုဝင်တွေအားလုံး ညနေပိုင်းမှာ အတူဆုံဖို့မလွယ်ဘူးဆိုရင် နံနက်စာကို မိသားစုဝင်တွေအတူစားပါ။ (သို့မဟုတ်) ရုံးပိတ်ရက်တွေမှာ စားဖြစ်အောင်စားပါ။

အဓိကကျတဲ့အချက်ကတော့ ပုံမှန်အတူတကွစားသောက်လေ့ရှိတဲ့ အကျင့်ပြုလုပ်ရန် နဲ့ ထိုအကျင့် စွဲမြဲသွားရန် လုပ်ဖို့ဖြစ်ပါတယ်။

ရင်ဖွင့်ကြပါ

ညနေစာကို အတူတူမျှဝေပြီး စားကြသလို မိသားစုဝင်တွေ အနေနဲ့ တစ်နေ့တာ ဘဝ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး အတွေ့အကြုံများ၊ သတင်းအချက်အလက်များကို မျှဝေပြောဆိုကြပါ။

ညစာစားနေတဲ့အချိန်မှာ ဘာတွေကို စားနေတယ်ဆိုတာကအကြောင်း မဟုတ်ပါဘူးတဲ့။ ဖြည်းဖြည်းနဲ့ အချိန်ယူပြီး စားခြင်းဖြင့် မိသားစု နဲ့အတူတူ တွေ့ဆုံရတဲ့အချိန်ကို များများရအောင်လုပ်ပေးခြင်းကအဓိကကျတယ်လို့ ဆိုပါတယ်။

Crd

Unicode