ဟုမ္မလင်းမြို့ရောက်တော့မှ ဒရင်ကောက် ပင်တွေကိုတွေ့ရသည်။ ဈေးထဲမှာ ခင်းရောင်းထားသော ဒရင်ကောက် အစည်းတွေ ။
တောသည်လို့ခေါ်ရမလား ဆိုင်ထမ်းနဲ့ရောင်းသော အသည် တွေမှာလည်း ခြင်းတောင်း ၂ လုံးမှာ ဒရင်ကောက် နုနုတွေက အပြည့် ၊
မျက်စေ့အောက်မှာတင် ဝယ်လိုက်ကြတာ ခဏအတွင်း ကုန်သွားသည်၊ ဒရင်ကောက်ကို စားလို့ရတယ်ဆိုတာကို အညာသား ကျနော့်အတွက်တော့ အဆန်းပါ။
ဒီအရပ်မှာတော့ သူက ထင်ရှားသော ဟင်းရွက်တခုဖြစ်လို့နေသည်၊
ဒရင်ကောက်ဆိုတာ
ဒရင်ကောက်အပင်ဆိုတာ fern အနွယ်ဝင်အပင်ဖြစ်သည်။
Fern ဆိုသည်မှာ ပန်းပွင့်သောအပင်မျိုးမဟုတ် မျိုးပွားခြင်းကို အရွက်၏ အောက်ဖက် မျက်နှာပြင်ရှိ စပိုးများဖြင့် မျိုးပွားခြင်း လုပ်သောအပင်ဖြစ်သည် ။
Fern အပင်များသည် အပင်လောကတွင် ပထမဆုံး ရှေးဦးအစာရေကြောရှိသောအပင်များ Pteridophyte အုပ်စုတွင်ပါဝင်သည်။
မြန်မာနိုင်ငံတွင် တယ်ရီဒိုဖိုက် မျိုးရင်း ၃၆ ၊ မျိုးစုပေါင်း ၁၀၄ မျိုးစိတ်ပေါင်း ၄၆၀ ခန့်ရှိသည်! ဖန်းအပင်တွေက
တောတောင်တွေမှာ စွတ်စိုထိုင်းမှိုင်း သောနေရာတွေ အအေးပိုင်းနေရာတွေမှာ အလေ့ကျ ပေါက်ကြသည်။
ဒရင်ကောက်တိုင်းစားမရပါ
ဒရင်ကောက်အပင်တိုင်းက စား၍မရပါ၊ အချို့သော ဒရင်ကောက် အပင်တွေက စားလျှင် လူကို အဆိပ် အတောက်ပင်ဖြစ်စေပါသည်၊
သေဆုံးသည်အထိတော့ မကြားဖူးပါ ၊ စားသုံးတာများရင် ကိုယ်တွင်း ကလီစာတွေ ထိခိုက် နိုင်ပါသည် ။
သို့သော်လည်း Diplazium esculentum အပင်ကတော့ ferns တွေထဲမှာ စားလို့ရသည့် အမျိုး
ဖြစ်သည် ဒါ့ကြောင့် အပင် အမည်ကို English လို Vegetable term အဖြစ်ခေါ် ကြသည်။
နုညံ့သည် ကြမ်းသော အမွှေး မရှိ စားကောင်းသည့် အမျိုးဖြစ်သည်။
ကြော်စားသည် ချက်စားသည် သုပ်စားသည် ပေါင်းစားသည် အမျိုးမျိုး အဖုံဖုံ လုပ်စားကြသည်။
အပင်သရုပ်
Diplazium esculentum အပင်သည် အာရှတိုက် နှင့် Oceania ဒေသများတွင် သာတွေ့ရသည်။
ဒါ့ကြောင့်လည်း သူ့ကို မလေးရှား ဖိလစ်ပိုင် နီပေါ အန္ဒိယ ထိုင်း ဘိုယို ဒေသတွေမှာ စားလို့ရသော အပင်အဖြစ် သိကြသည်၊ သူတို့ ဟင်းလျာတွေမှာ ဒရင်ကောက်ညွန့်နုနုက ပါလို့နေသည်။
အပင်က နှစ်ရှည်ခံ အပင်မျိုးဖြစ်သည် ထောင်မတ်သော မြေအောက်ပင်စည်ရှိသည် အပေါ်ဖက်မှာ အကြေးခွံလေး
များဖုံးထားသည် ရွက်ညှာအခြေက အနက်ရောင်သန်းပြီး scale များနဲ့ဖုံးထားသည် အရွက်ပုံစံ frond က 1.5 cm ရှိပြီး pinnae က 8 cm လောက် ရှည်သည်။
ပြင်းထန်မှု မရှိသော အဆိပ် အနည်းငယ် သာပါပြီး ကြီးမားသော ဘေးထွကါ်ဆိုးကျိုးမရှိပါဘူး။
Extract ကalpha glucosidase inhibitory activity ရှိနေပါတယ်၊ ဆေးဖက်ဝင်သော အရာလည်းဖြစ်သည်။
ဒရင်ကောက်စားရင်
ဒရင်ကောက်စားရင် ကိုယ်အလေးချိန်ကျစေသည် ၊ရောဂါကူးစက်မှု တားဆီးနိုင်သည်၊ ကျမ်းမာသော သွေးဖိအားကိုရစေသည်၊ ၊ ဇီဝြဖစ်စဉ်ကို တိုးမြှင့်နိုင်သည် ၊
ကင်ဆာဖြစ်ခြင်းကို လျော့ချပေးနိုင်သည်၊ အမြင်အာရုံကောင်းစေသည် ၊ မျှတသော အဟာရဓါတ်ကိုပေးနိုင်သည်။
အချို့ကလည်း အရွယ် နုပျိုစေသည်လို့ အယူအဆ နဲ့ စားကြသည်၊ အရွက်အနုကို စားလို့ရသလို ကြိတ်ဖတ်လုပ်ပြီး အနာများပေါ်မှာ အနာ အုံဆေး အဖြစ်လည်း အသုံးပြုနိုင်သေးသည်။
အချို့အရပ်ဒေသမှာတော့ ဒရင်ကောက်ကို “ကောက်ကောက်ညွန့် ” လို့ ခေါ်ကြသည် ၊ ဒီ ၂ ခုတူမတူကတော့ သုတေသန လုပ်ရဦးမှာပါ၊ အဆိပ်အတောက်
ဖြစ်မယ်ထင်ရင် ရေနွေးဖြောလိုက်ရင် အတော်အသင့် ပြေပျောက်စေသည် ၊ အဆိပ်အတောက်ပါသော အပင်က
သိသာပါသည်၊ အနည်းငယ်ကြမ်းတမ်းသည့် သဘောရှိသည်၊ အမွှေးကြမ်းတွေပါတတ်သည်။
စားလို့ရသည့် အပင် က အတော်ကို နုညံ့သည်၊ ဒါပေမည့် ဒေသခံများကိုမေးမြန်းပြီးစားတာက အသင့်လျော်ဆုံးပါ၊
ဘယ်လိုစားကြမလည်း
အချို့ကလည်း ပြုတ်ပြီးသားကို ခရမ်းချဉ်သီးချက် နှမ်းလှော်ထောင်း သုံပုရာသီးနဲ့ သုပ်စားကြသည် အချဉ်ကြောင့် အချွဲပျောက်ပြီး အရသာပိုရှိလာသည်၊
အချို့ကလည်း ပဲပုတ်လေးပါထည့်ပြီး ပေါင်းစားကြသည်၊ အချို့ကြတော့လည်း ဒရင်ကောက်နဲ့ ဝက်ရိုးကို ဟင်းရည်လုပ်သောက်သည်၊
ကြက်သွန်ဖြူနီ ငရုတ်သီး ငရုတ်ကောင်း ပဲငပိ ပဲငံပြာရည် မြေပဲဆံထောင်း အရသာမှုန့်များနဲ့စီမံထား
သော ဒရင်ကောက်ကြော်က သားသတ်လွတ်ပေမည့် အရသာရှိလှသော ဟင်းတမယ် ဖြစ်လို့နေပါသည်၊ ကဲ မိတ်ဆွေများရော ဘယ်လိုစားပါသလည်း။
Crd