Knowledge

သြယ္ဝိုက္ေသာနည္းျဖင့္_လွူဒါန္းျခင္း

ေစ်းဝယ္သူတစ္ေယာက္
ဆိုင္ထဲဝင္လာၿပီး ေမးတယ္။

ငွက္ေပ်ာသီး ဘယ္ေစ်းလဲ ..?

ဆိုင္ရွင္က ျပန္ေျဖတယ္ …
ငွက္ေပ်ာသီးက ေငြဒဂၤါး ၁၂ ျပား၊ ပန္းသီးက ၁ဝ ျပားပါ။

အဲဒီ့ အခ်ိန္မွာပဲ ဆိုင္ထဲကို အမ်ိဳးသမီး
တစ္ေယာက္ ဝင္လာၿပီး
ကၽြန္မ ငွက္ေပ်ာသီးဝယ္ခ်င္လို့
ငွက္ေပ်ာသီး ဘယ္ေစ်းလဲ လို့ ေမးျပန္တယ္။

ဆိုင္ရွင္က ျပန္ေျဖတယ္။
ငွက္ေပ်ာသီးက ေငြဒဂၤါး ၃ ျပား၊
ပန္းသီးက ၂ ျပား ပါ။

ဒါကို ၾကားေတာ့
ပထမ ဝယ္သူ အမ်ိဳးသားက
ေဒါသထြက္ေနတဲ့ အၾကည့္နဲ႔ ဆိုင္ရွင္ကို ၾကည့္ေနတယ္။

အဲဒါကို ရိပ္စားမိတဲ့ ဆိုင္ရွင္က
ပထမ ဝယ္သူ အမ်ိဳးသားကို
ဟို အမ်ိဳးသမီး မျမင္ေအာင္
မ်က္ေစ့တစ္ဖက္ မွိတ္ျပၿပီး
ခဏေလး ေစာင့္ဖို့ ေျပာတယ္။

အမ်ိဳးသမီးက
ဝယ္ျခမ္းၿပီးေတာ့ ေပ်ာ္ရႊင္စြာ
ဆိုင္ထဲကအထြက္ မွာ -ႏွုတ္က

အို••• ဆိုင္ရွင္ႀကီး ေက်းဇူးတင္ပါတယ္။
ကၽြန္မ ကေလးေတြ ဒါေတြကို စားၿပီး
အရမ္း ေပ်ာ္သြားၾကလိမ့္မယ္လို့ ေျပာရင္း ထြက္သြားပါတယ္။

အမ်ိဳးသမီး ထြက္သြားေတာ့မွ
ဆိုင္ရွင္က ပထမ ဝယ္သူကို
ကၽြန္ေတာ္ ခင္ဗ်ားကို
သက္သက္ ေစ်းတင္ၿပီး
ေရာင္းတာ မဟုတ္ပါဘူး။

ဒီအမ်ိဳးသမီးက•••
ဖတဆိုး ကေလး ၄ ေယာက္ရဲ့
မိခင္•• မုဆိုးမ•• တစ္ေယာက္ပါ။

ဒါေပမယ့္
သူမက •• ဘယ္သူ႔ဆီကမွ
ဘယ္လို အကူအညီမၽွ
ယူေလ့ မရွိဘူး။

ကၽြန္ေတာ္ သူ႔ကို ကူညီဖို့ အမ်ားႀကီး
ႀကိဳးစားၾကည့္ၿပီးပါၿပီ
မေအာင္ျမင္ဘူး၊

အဲဒါနဲ႔ ကၽြန္ေတာ္လည္း
နည္းလမ္းတစ္ခု စဥ္းစားမိသြားတယ္။

ဒီအမ်ိဳးသမီးဆိုင္မွာ
ဘာပဲ•• လာဝယ္••လာဝယ္
အနည္းဆုံး ေစ်းႏွုန္းနဲ႔ ေလၽွာ့ၿပီးေရာင္းေပးလိုက္မယ္။

အဲဒါဆိုရင္•••
သူ႔ကို ကူညီရာလည္းေရာက္ မယ္
ၿပီးေတာ့•• ဒီအမ်ိဳးသမီးရဲ့
ဘယ္သူ႔ရဲ့အကူအညီမွ မလိုဘူးဆိုတဲ့ ယုံၾကည္ခ်က္ကိုလည္း
မထိခိုက္ေတာ့ဘူးေပါ့။

ၿပီးေတာ့••ဒီအမ်ိဳးသမီးက
တစ္ပါတ္လုံးမွာမွ
တစ္ရက္ပဲ လာတာ
သူမ လာတဲ့ေန႔ဆိုရင္
ဆိုင္က ပိုၿပီး ေရာင္းရတယ္။

အဲဒီေတာ့မွ
ပထမ ဝယ္သူလည္း
သေဘာေပါက္သြားၿပီး
မ်က္ရည္ေတြ စီးက်လာတယ္။

တစ္ပါးသူကို
ကူညီျခင္းရဲ့အရသာကို
ကူညီဖူးသူေတြပဲ
သိပါတယ္လို့ ေျပာရင္း
ဝယ္ျခမ္းၿပီး ျပန္သြားပါေတာ့တယ္။

ဒီအျဖစ္အပ်က္ မွာ
ဆိုင္ရွင္ ပုဂၢိဳလ္ ဟာ
အတုယူသင့္တဲ့ သူပါ။

တစ္ဖက္သားကို
ကူညီလည္း ကူညီ လိုက္တယ္။
တစ္ဖက္သားရဲ့
စိတ္ခံစားခ်က္ကိုလည္း ငဲ့ကြက္တယ္။
ယုံၾကည္ခ်က္ကိုလည္း
မပ်က္ယြင္းေစဘူး။

သူေစ်းေလၽွာ့ေပးတာ
[တနည္းအားျဖင့္ သြယ္ဝိုက္ေသာနည္းနဲ႔ ေပးကမ္းလွူဒါန္းတာ]

တစ္ဖက္သားက သိေတာင္ မသိလိုက္ပါဘူး။
ကၽြန္ေတာ္တို့ အားလုံးလည္း
ဒီလိုဆိုင္ရွင္ကို အတုယူၿပီး လက္ေတြ႕ ျပဳလုပ္နိုင္စြမ္း ရွိသူေတြ ျဖစ္ၾကပါေစ။

ေလးစားစြာျဖင့္

Credit to Original Writer

Unicode

သွယ်ဝိုက်သောနည်းဖြင့်_လှူဒါန်းခြင်း

ဈေးဝယ်သူတစ်ယောက်
ဆိုင်ထဲဝင်လာပြီး မေးတယ်။

ငှက်ပျောသီး ဘယ်ဈေးလဲ ..?

ဆိုင်ရှင်က ပြန်ဖြေတယ် …
ငှက်ပျောသီးက ငွေဒင်္ဂါး ၁၂ ပြား၊ ပန်းသီးက ၁ဝ ပြားပါ။

အဲဒီ့ အချိန်မှာပဲ ဆိုင်ထဲကို အမျိုးသမီး
တစ်ယောက် ဝင်လာပြီး
ကျွန်မ ငှက်ပျောသီးဝယ်ချင်လို့
ငှက်ပျောသီး ဘယ်ဈေးလဲ လို့ မေးပြန်တယ်။

ဆိုင်ရှင်က ပြန်ဖြေတယ်။
ငှက်ပျောသီးက ငွေဒင်္ဂါး ၃ ပြား၊
ပန်းသီးက ၂ ပြား ပါ။

ဒါကို ကြားတော့
ပထမ ဝယ်သူ အမျိုးသားက
ဒေါသထွက်နေတဲ့ အကြည့်နဲ့ ဆိုင်ရှင်ကို ကြည့်နေတယ်။

အဲဒါကို ရိပ်စားမိတဲ့ ဆိုင်ရှင်က
ပထမ ဝယ်သူ အမျိုးသားကို
ဟို အမျိုးသမီး မမြင်အောင်
မျက်စေ့တစ်ဖက် မှိတ်ပြပြီး
ခဏလေး စောင့်ဖို့ ပြောတယ်။

အမျိုးသမီးက
ဝယ်ခြမ်းပြီးတော့ ပျော်ရွှင်စွာ
ဆိုင်ထဲကအထွက် မှာ -နှုတ်က

အို••• ဆိုင်ရှင်ကြီး ကျေးဇူးတင်ပါတယ်။
ကျွန်မ ကလေးတွေ ဒါတွေကို စားပြီး
အရမ်း ပျော်သွားကြလိမ့်မယ်လို့ ပြောရင်း ထွက်သွားပါတယ်။

အမျိုးသမီး ထွက်သွားတော့မှ
ဆိုင်ရှင်က ပထမ ဝယ်သူကို
ကျွန်တော် ခင်ဗျားကို
သက်သက် ဈေးတင်ပြီး
ရောင်းတာ မဟုတ်ပါဘူး။

ဒီအမျိုးသမီးက•••
ဖတဆိုး ကလေး ၄ ယောက်ရဲ့
မိခင်•• မုဆိုးမ•• တစ်ယောက်ပါ။

ဒါပေမယ့်
သူမက •• ဘယ်သူ့ဆီကမှ
ဘယ်လို အကူအညီမျှ
ယူလေ့ မရှိဘူး။

ကျွန်တော် သူ့ကို ကူညီဖို့ အများကြီး
ကြိုးစားကြည့်ပြီးပါပြီ
မအောင်မြင်ဘူး၊

အဲဒါနဲ့ ကျွန်တော်လည်း
နည်းလမ်းတစ်ခု စဉ်းစားမိသွားတယ်။

ဒီအမျိုးသမီးဆိုင်မှာ
ဘာပဲ•• လာဝယ်••လာဝယ်
အနည်းဆုံး ဈေးနှုန်းနဲ့ လျှော့ပြီးရောင်းပေးလိုက်မယ်။

အဲဒါဆိုရင်•••
သူ့ကို ကူညီရာလည်းရောက် မယ်
ပြီးတော့•• ဒီအမျိုးသမီးရဲ့
ဘယ်သူ့ရဲ့အကူအညီမှ မလိုဘူးဆိုတဲ့ ယုံကြည်ချက်ကိုလည်း
မထိခိုက်တော့ဘူးပေါ့။

ပြီးတော့••ဒီအမျိုးသမီးက
တစ်ပါတ်လုံးမှာမှ
တစ်ရက်ပဲ လာတာ
သူမ လာတဲ့နေ့ဆိုရင်
ဆိုင်က ပိုပြီး ရောင်းရတယ်။

အဲဒီတော့မှ
ပထမ ဝယ်သူလည်း
သဘောပေါက်သွားပြီး
မျက်ရည်တွေ စီးကျလာတယ်။

တစ်ပါးသူကို
ကူညီခြင်းရဲ့အရသာကို
ကူညီဖူးသူတွေပဲ
သိပါတယ်လို့ ပြောရင်း
ဝယ်ခြမ်းပြီး ပြန်သွားပါတော့တယ်။

ဒီအဖြစ်အပျက် မှာ
ဆိုင်ရှင် ပုဂ္ဂိုလ် ဟာ
အတုယူသင့်တဲ့ သူပါ။

တစ်ဖက်သားကို
ကူညီလည်း ကူညီ လိုက်တယ်။
တစ်ဖက်သားရဲ့
စိတ်ခံစားချက်ကိုလည်း ငဲ့ကွက်တယ်။
ယုံကြည်ချက်ကိုလည်း
မပျက်ယွင်းစေဘူး။

သူဈေးလျှော့ပေးတာ
[တနည်းအားဖြင့် သွယ်ဝိုက်သောနည်းနဲ့ ပေးကမ်းလှူဒါန်းတာ]

တစ်ဖက်သားက သိတောင် မသိလိုက်ပါဘူး။
ကျွန်တော်တို့ အားလုံးလည်း
ဒီလိုဆိုင်ရှင်ကို အတုယူပြီး လက်တွေ့ ပြုလုပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ကြပါစေ။

လေးစားစွာဖြင့်

Credit to Original Writer