Knowledge

ထူးထူးခြားခြား နည်းလမ်းတွေနဲ့ ကွာရှင်းပြတ်ဆဲခဲ့ကြတဲ့ ချစ်သူတွေ

ကမ္ဘာပေါ်မှာ တစ်သက်လုံးပေါင်းစည်းသွားရတဲ့ ချစ်သူတွေလည်းရှိသလို၊ ချစ်ခဲ့ကြပြီးမှ အကြောင်းအမျိုးအမျိုးကြောင့် လမ်းခွဲကြရတဲ့ ချစ်သူတွေလည်း အများကြီးရှိကြပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ငွေရေးကြေးရေး ပြဿနာ၊ ညှိလို့မရတဲ့ ခြားနားမှုတွေ စတဲ့နည်းလမ်းတွေနဲ့ ကွဲကွာကြသလို သိပ်ထူးဆန်းတဲ့ လမ်းခွဲခြင်းတစ်ချို့ကိုလည်းတွေ့ရပါတယ်။

သိပ်ချစ်ခဲ့ကြတဲ့ သူတွေမို့ သိပ်မုန်းသွားကြတယ်လို့ ထင်ရလောက်အောင် ဆိုးရွားတဲ့ လမ်းခွဲတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘာမှ လာမပြောနဲ့ တစ်ယောက် တစ်၀က်ပဲ…

.

Simon နဲ့ Chana တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ပြတ်ဆဲကြတဲ့နောက် နှစ်ယောက်လုံးက သူတို့နေထိုင်ရာ အိမ်ခန်းကို မစွန့်ချင်ကြပါဘူး။

အဲ့ဒါနဲ့ပဲ တရားသူကြီးက အိမ်ထဲမှာ တစ်ယောက် သုံးခန်းစီယူပြီး နံရံကာလိုက်ဖို့ စီရင်ချက်ချပေးခဲ့ပါတယ်။

Simon ဘက်အခြမ်း

Chana ဘက်အခြမ်း

Simon က ထမင်းစားခန်းယူရင်၊ မိန်းမဖြစ်သူက မီးဖိုချောင်ယူရပြီး နောက်ဆုံး ယောင်္ကျားဖြစ်သူရဲ့ ဒဏ်မခံတော့လို့ ကွာရှင်ဖို့ကို (၂၀၀၅) ခုနှစ်မှာ အမှုဖွင့်ခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်အရောက်မှာတော့ အိမ်ကို ရောင်းချပြီး ခွဲဝေယူခဲ့ကြတယ်။ အစောကြီးတည်းက ဒီလိုလုပ်ခဲ့ရင်ပြီးနေပြီကို….။

၂။ ပြတ်သားတယ်

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့ရဲ့ ရွာတစ်ရွာက Moeun Sarim ဆိုတဲ့ အမျိုးသားဟာ ဇနီးဖြစ်သူ Vat Navy ဖောက်ပြန်နေတယ်ဆိုတဲ့ သံသယ၀င်ခဲ့ပြီး သူတို့ရဲ့ (၁၈) နှစ်ကြာ သက်တမ်းရှိပြီ ဖြစ်တဲ့ အိမ်ထောင်ရေးကို ရပ်စဲဖို့ဆုံးဖြတ်ခဲ့တယ်။ သူတို့နှစ်ယောက်အနေနဲ့ကလည်း ပိုင်ဆိုင်မှုတွေကို တစ်ယောက်တစ်၀က် ခွဲယူရမယ့် ကျေအေးနိုင်မှာဖြစ်ကြတယ်။ ဒီတော့ Moeun က သူ့အမျိုးတွေကို ခေါ်လာပြီး အိမ်ကြီးကို လွှနဲ့တိုက်ပြီး တစ်၀က်ပိုင်း ပစ်လိုက်တယ်။ အိမ်ကလည်း ပျဉ်းထောင်အိမ်ဆိုတော့ လုပ်ရကိုင်ရတဲ့ အဆင်ပြေပြေရှိပြီး မြင်ရတဲ့အတိုင်းပဲ အောင်မြင်ခဲ့ပါတယ်။ ဒီ ထူးခြားဖြစ်စဉ်အတွက် ရွာသူကြီးနဲ့ ရပ်ရွာအရေးပါသူတွေကို သက်သေထားခဲ့တယ်လို့လည်းသိရတယ်။ Moeun က သူနဲ့ဆိုင်တဲ့ တစ်၀က်ကို ယူပြီး မိဘတွေရှိတဲ့ အရပ်ကို ပြန်သွားပါသတဲ့။

၃။ ဒီအတွဲကတော့ သိပ်ဆန်းကြယ်တယ်။

Amy Talyor နဲ့ David Pollard ဆိုသူ နှစ်ယောက်က အွန်လိုင်း ဂိမ်းတစ်ခုဖြစ်တဲ့ Second Life ဆိုတဲ့ ဂိမ်းမှာ Chat-room ထဲအပြန်အလှန် စကားတွေပြောရင် စုံစည်းခဲ့တယ်လို့သိရပါတယ်။ နောက် (၂) နှစ်ကြာတဲ့ အခါမှာတော့ သူတို့ရဲ့ ဂိမ်းဇာတ်ကောင်းတွေဖြစ်တဲ့ Laura Skye နဲ့ Dave Barmy တို့လည်း လက်ထပ်လိုက်ကြတယ်။

လက်ထပ်ပြီးလို့ သိပ်မကြာခင်မှာပဲ Amy ဟာ Pollard ရဲ့ ဂိမ်းဇာတ်ကောင်က မကောင်းတဲ့ မိန်းမနဲ့ ပျော်ပါးနေတာကို ဂိမ်းထဲမှာ မိသွားခဲ့တယ်။ ဒါနဲ့ပဲ Amy ဟာ သူ့အကောင်ကို Pollard အကောင်နဲ့ လမ်းခွဲလိုက်တယ်။ အပြင်လက်တွေ့ဘ၀ထဲမှာတော့ သူတို့ တူတူနေကြတုန်းပဲ။ Amy အနေနဲ့ ဂိမ်းထဲမှာ သစ္စာဖောက် ဒါဟာ နှစ်ကြိမ်မြောက်လို့လည်းသိရတယ်။ ပထမ တစ်ခါတုန်းကလည်း Pollard ရဲ့ ဂိမ်းအကောင် Barmy ဟာ မိန်းမတစ်ယောက်နဲ့ ဆိုဖာပေါ်မှာ ပလူပလဲးလုပ်နေတာမိဖူးတယ်လို့ သိရတယ်။

အခုဆို Amy အနေနဲ့ Second Life ဂိမ်းကို စိတ်နာပြီး World Of Warcraft ကို ပြောင်းဆော့နေပါသတဲ့။ David Pollard ကတော့ သူမဟာ အိမ်အလုပ်မေ့၊ သူ့ကို အချိန်ပေးမေ့တဲ့ထိ World of Warcraft နဲ့ အလုပ်ရှုပ်နေတယ်လို့ ပြောပြပါတယ်။

၄။ တစ်ခါတည်း သေသင့်သူ

(၂၀၀၇) ခုနှစ်တုန်းမှာ Karen Finnega ဆိုသူ အမျိုးသမီးဟာ သူမ ခင်ပွန်းဖြစ်သူ Joseph နဲ့ တရား၀င် ကွာရှင်ဖို့ကြိုစားပါတယ်။ Joseph ဟာ (၂၀၀၄) ခုနှစ် ဇွန်လ က နှလုံးရပ်သွားသလိုနဲ့ သေချင်ယောင်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲ့ဒီ့လို သေသွားခဲ့ကတည်း သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ပြီးနေပါပြီ။ ဒါပေမယ့် သူက နှလုံးသွေးကြောကို ကုသပြီး ပြန်ရှင်လာပါတယ်လည်း လုပ်ရော အမှုက နှစ်ခုဖြစ်သွားပါတယ်။ တရားရုံးကလည်း သူသေချင်ယောင်ဆောင်နေတာ ထင်ရှားတဲ့ အတွက်ကြောင့် သူ့ဘက်က လုံး၀မရပ်တည်ပေးခဲ့ပါဘူး။

၅။ ငါ ပေးထားတာ ပြန်ပေးးး

ခွဲစိပ်သမားတော် Richard Batista က သူ့ဇနီး Dawnell တွက် ကျောက်ကပ်ကိုတောင် ပေးခဲ့တဲ့သူပါ။ ဒီလိုကြောင့်နဲ့ အချစ်စံပြတွေ အဖြစ် လူပုံအလယ်မှာ ရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ Dawnell လည်း ခင်ပွန်းရဲ့ ကျေးဇူးနဲ့ ကျန်းမာရေးပြန်ကောင်းလာတာပေါ့။ သိပ်မကြာဘူး Richard တစ်ယောက် သူ့ရဲ့ လေးနှစ်တာ ပေါင်းဖက်လာခဲ့တဲ့ ဇနီးကို ခွဲရှင်းကြောင်းကြေညာလိုက်တာကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုတစ်ခုဖြစ်သွားခဲ့တယ်။ သူ့ဇနီး ဖောက်ပြန်နေတယ်လို့ စွပ်စွဲသလို၊ သူပေးထားတဲ့ ကျောက်ကပ်လည်း ပြန်လိုချင်နေကြောင်း ပြောတယ်။ Dawnell ကလည်း မဟုတ်ရပါကြောင်းနဲ့ တကယ်ဖောက်ပြန်နေသူက Richard သာဖြစ်ကြောင်း အပြန်အလှန်စွပ်စွဲကြတာပေါ့။ ဒီ့ကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးကလည်း Richard ဘက်မှာ ရှိမနေခဲ့ပါဘူး။ ဒါကြောင့် Richard လည်း ကျောက်ကပ်အစား ဒေါ်လာ (၁.၅) မီလီယံကို လျော်ကြေးတောင်းခဲ့တယ်လို့ သိရပါတယ်။