Knowledge

ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့ သူငယ်ချင်းတွေကို နောက်တခါ မချေးရဲအောင် လုပ်လိုက်တဲ့ အမျိုးသား..

သူငယ်ချင်းတွေ ရင်းနှီးတဲ့မိတ်ဆွေတွေအချင်းချင်းစိတ်ဝမ်းကွဲကုန်တဲ့အကြောင်းအရင်းတွေထဲမှာ ငွေရေးကြေးရေးပြဿနာတွေကြောင့်လည်းပါပါတယ်။ တချို့ကပိုက်ဆံချေးတုန်းကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ချေးထားတဲ့ပိုက်ဆံပြန်တောင်းရင် မပေးမယ့်လူတွေကျနေတာပဲ၊ ဒီလောက်ပိုက်ဆံလေးနဲ့နာမည်ပျက်ခံမယ့်လူစားမျိုးလည်းမဟုတ်ဘူးလို့ပြောတတ်ကြပါတယ်။

သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာလည်း ပိုက်ဆံချေးပြီးရင်သတိတရနဲ့ပြန်ပေးတဲ့သူရှိသလို သိပ်ပမာဏမများရင် ဘော်ဒါအချင်းချင်းတွေပဲယူမနေပါနဲ့တော့ဆိုတဲ့လူတွေကရှိသေးတယ်။ အဲဒီလိုပဲ ပြန်တောင်းရင်လည်း ဘော်ဒါအကန့်လေးတောင်မထောက်ထားဘူး ပြန်တောင်းတယ်ဆိုပြီး ငြိုငြင်ခံရတတ်ပါတယ်။ ဒီတော့ သူငယ်ချင်းအပေါင်းအသင်းတွေကြား မျက်နှာမပျက် အခင်အမင်မပျက်ချင်ရင် ငွေကြေးကိစ္စအတတ်နိုင်ဆုံးရှောင်တာ အချေးအငှားမလုပ်တာအကောင်းဆုံးပါပဲ။

အခုလည်းမလေးရှားလူမျိုး Hasrul Jejai ဆိုတဲ့အမျိုးသားတစ်ဦးက သူ့ဆီကပိုက်ဆံတွေချေးပြီးပြန်မပေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပတ်သက်ပြီး သူအသုံးပြုလိုက်တဲ့နည်းလမ်းကို ဆိုရှယ်မီဒီယာကနေမျှဝေလိုက်ပါတယ်။

ပိုက်ဆံမချေးရင်လည်း အခင်အမင်ပျက်နိုင်သလို ချေးလိုက်ရင်လည်းပြန်မပေးကြတဲ့သူငယ်ချင်းတွေအတွက် သူအသုံးပြုလိုက်တဲ့အစီအစဉ်က တော်တော်လေးထိရောက်ပြီးအလုပ်ဖြစ်သွားတယ်လို့လည်းဆိုပါတယ်။

သူငယ်ချင်းဖြစ်သူက အစပိုင်းမှာ သူ့ဆီကနေပိုက်ဆံပမာဏတစ်ခုချေးပါတယ်။ အဲဒီမှာ ချေးပြီးရင်ပြန်ဆပ်ပါ့မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ာချုပ်မှာလက်မှတ်ထိုးပေးရင် အဲဒီလိုပိုက်ဆံချေးပေးရတာအဆင်ပြေမယ်လို့သူကပြောလိုက်ပါတယ်တဲ့။ အဲဒီလိုဆိုရင် များများလည်းချေးပေးနိုင်တယ်လို့ သူကရှင်းပြခဲ့ပါတယ်။

နောက်ပြီးတော့ ပိုက်ဆံချေးမယ့်သူငယ်ချင်းတွေကို လူတွေရှေ့မှာစုဝေးပြီး ပြန်ဆပ်ပါ့မယ်ဆိုတဲ့ ကတိလက်မှတ်ထိုးဖို့ပြောတဲ့အခါမှာတော့ အဲဒီသူငယ်ချင်းတွေအကုန်လုံးက ငြင်းဆန်ကြပါတယ်။ ပြီးတော့သူ့ဆီကလည်းပိုက်ဆံမချေးကြတော့သလို သူ့ကိုလည်းစွန့်ခွာသွားကြတယ်လို့ အဲဒီအမျိုးသားကပြောပါတယ်။

သူ့ဆီကနေ ပိုက်ဆံက ၈၅ ဒေါ်လာပဲချေးပေမယ့် အဲဒီပမာဏကသူ့လိုသာမန်မရှိမရှားလူတန်းစား အတွက်တော့ နည်းတဲ့ပမာဏမဟုတ်ပါဘူး။ သူငယ်ချင်းရော ပိုက်ဆံရော နှစ်မျိုးလုံးဆုံးရှုံးရမှာ ထက်စာရင် ပိုက်ဆံမချေးလိုက်ရဘဲ အခင်အမင်ပျက်ပြီး သူငယ်ချင်းကိုဆုံးရှုံးရတာကတော် သေးတယ်လို့ Hasrul Jejai ဆိုတဲ့အဲဒီအမျိုးသားကပြောပါတယ်။