“မာနနည်းလေ ပိုလှလေ”
* လူတစ်ယောက်ရဲ့ အလှဆုံးအချိန်နဲ့ ချစ်စရာအကောင်းဆုံး အချိန်ကတော့ “မာန်မာန” ကင်းနေတဲ့ အချိန်ပါပဲ
* ကိုယ့်ကိုယ်ကိုတောင် တခါတစ်ရံ မာနကင်းနေတဲ့ အချိန်မှာဆိုရင် “ စိတ်ကလေးက အေးနေတယ်၊ လှနေတယ်၊ ကြည်လင်နေတယ် ”* မာနဆိုတာ ကိလေသာအဆင့်မှာတော့ အနုသယသတ္တိမို့ အနာဂါမ်မှာတောင် အလွန်နူးညံ့ပြီး မြင်နိုင်ခဲတဲ့ မာနလေးကျန်နေပါသေးတယ်။
* သို့သော်လည်း အပြီးတိုင်မဟုတ်ရင်တောင် ခေတ္တခန မာနလေး ငြိမ်နေတဲ့ အချိန်ဟာ သိပ်ပြီး ချစ်စရာကောင်းတဲ့ အချိန်ပါပဲ။
* မာနကင်းတဲ့အပြုအမူကတော့ ချစ်စရာကောင်းတဲ့ အပြုအမူပဲပေါ့။
* တခါက သင်္ကန်းရုံရာမှာ အမှတ်တမဲ့ဖြစ်ပြီး မညီမညာဖြစ်သွားတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို ၇-နှစ်သား ကိုယ်ရင်ကလေးက အပြစ်ပြပြီး ဝေဖန်ဖူးပါတယ်။
* မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ဝေဖန်ရမလားလို့ စိတ်မှာ ထားတော်မမူဘဲ သင်္ကန်းကို အသေအချာပြင်ဝတ်လို့။
“ ကိုရင်လေး ၊ တပည့်တော် သင်္ကန်းရုံတာ အဆင်ပြေပါပြီလား ဘုရား ”လို့ ၇-နှစ်သား ကိုရင်လေးကို ဆရာတင်ခဲ့ဖူးပါတယ်။
* ရဟန္တာမို့ မာနကင်းပြီးသား ဖြစ်သော်လည်း အခြားအပြုအမူတွေထက် ဒီအပြုအမူလေးကို ပိုပြီးကြည်ညိုမိတာက မာန်မာနကင်းတာ အလွန်ထင်ရှားတဲ့ အပြုအမူလေးဖြစ်နေလို့ပါ
ဒါကြောင့် ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကရော ချစ်ခင်မြတ်နိုးမှုကို ရချင်တယ်ဆိုရင်တော့ မာနကိုနည်းနိုင်သမျှ နည်းအောင် ကြိုးစားပေါ့။
*** မာနနည်းလေ ချစ်စရာကောင်းလေပါပဲ ***
Credit : Original writer
Unicode
မာနနည်းလေ ချစ်စရာကောင်းလေပါပဲ…..

မာနနည်းလေ ချစ်စရာကောင်းလေပါပဲ
မာနနည်းလေ ချစ်စရာကောင်းလေပါပဲ…..