Knowledge

မိသားစုအပေါ် သိတတ်လိမ္မာတဲ့ သမီးတွေသာ သိနားလည်တဲ့ အခက်အခဲလေးများ…

.မိဘဆိုတာ အပေးပဲ ရှိပြီး အယူ မရှိဘူးလို့ ပြောစမှတ်ရှိကြပါတယ်။ ဒါပေမယ့်လည်း မိသားစုအပေါ် သိတတ်တဲ့ သူအများစုကတော့ သမီးမိန်းကလေးတွေ ဖြစ်နေတတ်ပါတယ်..။ မိသားစုအပေါ် အဲ့လို သိတတ်တဲ့ သမီးတွေမှာ သူများတွေ ထက် ပိုတဲ့ အခက်အခဲတွေ ရှိလို့ နေတတ်ပါတယ်။ အဲ့ဒါတွေ ကတော့..၊

(၁) အနစ်နာခံရတယ်”

သိတတ်တယ်ဆိုတာရဲ့ နောက်မှာ အနစ်နာခံမှုကလည်း တွဲပါလာပါတယ်။ ကိုယ့်အတွက် လိုချင်တာတွေကို ဖြည့်ဆည်းကြတဲ့သူတွေ များပေမယ့် မိသားစုကို သိတတ်သူတွေကတော့ မိသားစုကို အရင် စဉ်းစားကြပါတယ်.။

မိသားစု လိုအပ်တာကို အရင် ဖြည့်ဆည်းပြီး ကိုယ့်ကိုယ်ကို အနစ်နာ ခံကြတာကတော့ သိတတ်သူလေးတွေရဲ့ စိတ်ထားပါပဲ.၊

(၂) နားလည်ပေးမယ့်သူ မရှိသလိုပဲ”

မိသားစုကို သိတတ်နေရတဲ့ အခြေအနေက သူတို့ရဲ့ မိသားစုကို ပစ်မထားနိုင်တဲ့ စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်..။ဒီလိုမျိုး အခြေအနေကို ရင်ဆိုင်နေတဲ့ သူတို့အတွက် အသိအမှတ်ပြု နားလည်ပေးမယ့်သူမျိုးကို သူတို့က လိုချင်တတ်ကြပါတယ်..။

သမီးလေး တော်လိုက်တာ၊ သားသမီးကောင်းကို ရထားတာပဲ စတဲ့ စကားတွေထက် သမီးလေး ပင်ပန်းနေပြီလား ကျန်တဲ့သူတွေလည်း အခုလို သိနားလည်ရင်ကောင်းမှာပဲ ဆိုတဲ့ စကားတွေကို ပိုပြီး လိချင်ကြပါတယ် ။ချီးမွမ်းတဲ့စကားထက် နားလည်မှုပေးတဲ့ စကားမျိုးကို သူတို့က လိုချင်ကြတာ ဖြစ်ပါတယ် ။

(၃) ကိုယ့်ဖို့ကို နောက်မှာ ထားနေရတယ်”

မိသားစုမှာ လိုအပ်တာက အရင် ဖြစ်ပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေ ဆန္ဒက ဒုတိယဆိုတာကို သူတို့က လက်ခံထားကြပါတယ် ။မိသားစုကို ကိုယ်မှ မသိတတ်ရင် ဘယ်လို လည်ပတ်မလဲ တွေးတတ်ပြီး ကိုယ်ပဲ အဆင်ပြေပြီး အခက်အခဲကို ကြည့်နေတာမျိုး မနေနိုင်ဘူး ။

ဆိုတဲ့ စိတ်နဲ့ ဦးစားပေးနေပေမယ့် သူတို့စိတ်ထဲမှာလည်း ကိုယ့်အတွက် ကိုယ် အဆင်ပြေတဲ့ ဘဝကို ရောက်ချင် မိတတ်ပါတယ်..။

(၄) အချစ်ခံချင်ပေမယ့် မျိုသိပ်ရတယ်”

သိတတ်တဲ့သူတွေက ကိုယ့်ရဲ့ ပင်ကိုစိတ်ကြောင့် သိတတ်ရပေမယ့်လည်း သူတို့လည်း တခြားသူတွေကို လူလို ငါလို နေတတ်ချင်ကြပါတယ်..။ ဆိုးချင်တယ်။ ကိုယ့်အသုံးစရိတ်အတိုင်း သုံးပြီး မပူမပန်နေရချင်ပေမယ့်လည်း သူတို့ကတော့ ဒီခံစားချက်တွေကို မြိုသိပ်ပြီး ဘာမှမဖြစ်သလို ဖြတ်သန်းနေ ကြရပါတယ်..။

(၅) ဝမ်းနည်းတာတွေ ရှိလည်း သည်းခံရတယ်”

သူတို့လည်း ဝမ်းနည်းတတ်ပါတယ်။ ကိုယ် တစ်ယောက်တည်းကပဲ မိသားစုအပေါ် သိတတ်ရတဲ့ အခြေအနေမျိုးမှာ ကိုယ်လည်း ဘယ်တော့မှ အေးဆေးနေရမလဲလို့ တွေးပြီး။

ဝမ်းနည်းမိသလို တခြားသော ဝမ်းနည်းစရာ ကိစ္စရပ်တွေကြောင့် စိတ်မကောင်းဖြစ်နေရတဲ့အခါမျိုးမှာလည်း အိမ်က ကိုယ့်အတွက် စိတ်ပူရမှာစိုးပြီး စိတ်ထဲပဲ သိမ်းထားပြီး တစ်ယောက်တည်း ခံစားတတ်တာလည်း သူတို့ပါပဲ ၊အိမ်မှာ ဒီလိုမျိုး သိတတ်တဲ့သူ ရှိရင် ကိုယ့်ဘက်က ပိုပြီး ဂရုစိုက် ပေးလိုက်ပါနော်။ Credit -Kham

Unicode

မိသားစုအပေါ် သိတတ်လိမ္မာတဲ့ သမီးတွေသာ သိနားလည်တဲ့ အခက်အခဲလေးများ….

မိဘဆိုတာ အပေးပဲ ရှိပြီး အယူ မရှိဘူးလို့ ပြောစမှတ်ရှိကြပါတယ်။ ဒါပေမယ့်လည်း မိသားစုအပေါ် သိတတ်တဲ့ သူအများစုကတော့ သမီးမိန်းကလေးတွေ ဖြစ်နေတတ်ပါတယ်..။ မိသားစုအပေါ် အဲ့လို သိတတ်တဲ့ သမီးတွေမှာ သူများတွေ ထက် ပိုတဲ့ အခက်အခဲတွေ ရှိလို့ နေတတ်ပါတယ်။ အဲ့ဒါတွေ ကတော့..၊