Knowledge

စေတနာဟာလူတိုင်းနဲ့ မတန်ပါဘူး ဆိုတာ ဟုတ်ရဲ့လား

တချို့က ပြောကြပါတယ်။ “စေတနာဟာလူတိုင်းနဲ့ မတန်ပါဘူး” တဲ့။ လူတိုင်းအပေါ်မှာ စေတနာထားရင်းနဲ့ ခံရတာတွေကများလာတော့ စေတနာဆိုတာအကျိုးမများတဲ့ အရာလို့ ထင်လာတယ်။ စေတနာထားမိမှ ဒီလိုအဖြစ်တွေကလည်း ပြန်လို့ရှိတတ်တာမို့ ငါ့စေတနာကြောင့် ဝေဒနာရောက်တာလို့ တွေးမိတဲ့အထိတောင် ဖြစ်တတ်ကြပါတယ်။

တချို့ကလည်းပြောကြတယ်။ “မင်းကစေတနာမှ မမှန်တာ” တဲ့။ စေတနာမမှန်လို့ ပြန်ခံနေရတာတွေကလည်း မြင်နေ၊ သိနေရတာပါပဲ။ မိမိကောင်းစားဖို့အတွက် သူများတွေအပေါ်မှာ စေတနာလိုလိုနဲ့ ဟန်ပြဆက်ဆံပြီး စိတ်မှာမကောင်းကြံနေသူတွေကလည်း ရှိနေတယ်။

ဒါပေမယ့် စေတနာမှန်ပြီး နာကျင်ခံစားရတဲ့ ဘဝတွေလည်း အများကြီးပါပဲ။ ခံရလွန်းလို့ နာနာကြည်းကြည်းနဲ့ “ဘယ်သူ့ကိုမှ စေတနာမထားတော့ဘူးကွ” လို့ ကြွေးကြော်တဲ့ လူတွေတောင် ဒီလောကမှာထိုးပြလို့ မကုန်အောင်ပါ။ စေတနာနဲ့ ပတ်သက်ရင် ငြင်းခုန်စရာတွေတောင် ဖြစ်ရပါတယ်။

စေတနာဆိုတာကို“ကံ”လို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ စေတနာကောင်းရင် ကံကောင်းမယ်။ စေတနာဆိုးရင် ကံဆိုးပါလိမ့်မယ်။ ကံဆိုတာက “ကမ္မ”ဆိုတဲ့ ပုဒ်ကလာတာပါ။ “အလုပ်”လို့ အဓိပ္ပါယ်ရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတာဘဲ ဖြစ်တတ်တာမို့ စေတနာကောင်းထားပြီး အလုပ်တွေကို လုပ်မယ်ဆိုရင် ဘဝမှာကောင်းတာတွေကို ရမှာပါ။

ဒီတော့ စေတနာထားတာ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာဘဲဖြစ်ဖြစ်၊ အငြင်းအခုန်တွေ ဖြစ်ဖို့မလိုပါ။ ထားမိတဲ့စေတနာမှာ စိတ်ထားမှန်ရင် ကောင်းတာဖြစ်မှာပါ။ “စေတနာထားမိမှ ခံရတာကွ” လို့ဆိုတာတွေက ကိုယ်ထားမိတဲ့ စေတနာမှန်ကြောင့် မဟုတ်ပါဘူး။ ကိုယ်ပြုခဲ့ဘူးတဲ့ အတိတ်ကံကြောင့်ပါလို့ ပြောပါရစေ။

တစ်ခါကလူတစ်ယောက်ကပြောဘူးတယ်။ “သူတော်ကောင်းဆိုတာ ခံရမြဲ” တဲ့။ ဒီစကားကြားတော့ ကျွန်တော့်ရင်မှာ ထိတ်ခနဲတောင် ဖြစ်မိတယ်။ လူဆိုတာ သူ့ကံနဲ့သူခံရတာပါ။ သူတော်ကောင်းသာမဟုတ်၊ သူယုတ်မာပါ အတိတ်ကံ မကောင်းလို့ကတော့ ဒီဘဝမှာ ခေါင်းမော့နေနိုင်လည်း အချိန်ကျရင် ခံရမှာ အသေအချာပါပဲ။ ခံရတာဟာ အတိတ်ကံမို့ ဒါတွေထည့်မတွက်ဘဲ စေတနာမှန်ကိုသာထားကြပါ။

တကယ်တော့ စေတနာထားပါဆိုတဲ့ စကားကလည်း အပြောလွယ်သလောက် အလုပ်ခက်လှပါတယ်။ စေတနာကို မယိမ်းယိုင်ဘဲ တည်မြဲအောင်ထားဖို့ဆို ပိုလို့တောင်မှ ခက်ပါသေးတယ်။ ဒါကြောင့်လည်း လူတိုင်းက စေတနာကောင်း မထားနိုင်တာပေါ့။ ဒါပေမယ့် သူများမထားနိုင်တာ ကိုယ်ထားနိုင်မှ လူထဲကနေ လူတော်တွေ ဖြစ်မှာပါ။ စေတနာထားတဲ့နေရာမှာ စေတနာမှန်သာ ဖြစ်ပါစေ။

တချို့က ကောင်းတဲ့စေတနာထားတာရှိသလို၊ မကောင်းတဲ့ စေတနာလည်း ထားတာရှိတတ်တာမို့ အခြားလူတွေရဲ့ စေတနာကို မြင်အောင်ကြည့်တတ်ဖို့လည်း လိုပါတယ်။ တည်ကြည်၊သန့်ရှင်း၊ ဖြူစင်တဲ့ စေတနာမှန်ကို ထားနိုင်ရင် လူတိုင်းဘဝမှာ ကောင်းကျိုးတွေကို ရနိုင်ပါတယ်။

သူငယ်ချင်းတို့ရေ……

စေတနာကောင်းရင် ကံကောင်းတယ်ဆိုတော့ ဘဝအောင်မြင်မှုဆီ လျှောက်လှမ်းနေတဲ့ အနာဂတ်လမ်းမှာ စစ်မှန်တဲ့ စေတနာဆိုတာကိုထားနိုင်ရင် ကံကောင်းပြီး ပန်းတိုင်းကို အလွယ်တကူ လှမ်းကိုင်နိုင်တာမို့ တခြားလူတွေအပေါ်မှာ စေတနာထားပြီး ကြိုးစားနိုင်ပါစေ။

ဓမ္မရေချမ်းစင်

Unicode