Knowledge

ကျောင်းစရိတ်အတွက်လမ်းဘေးမှာ ပုလွေ အတတ်ပညာဖြင့်အလှူခံနေသောကလေး၏ပိုက်ဆံကို ခိုးယူသွားသောသူအား အရေးယူရန်ရှာဖွေ

လွန်ခဲ့သောရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုံးဝမ်းမြို့နယ်၊ စိုင်ယမ်စင်တာ ဖရာ့ရမ်း ၁၊ BTS ခုံးကျော်တံတားနားတွင် ညနေ ၅ နာရီခွဲခန့် က ကျောင်းစရိတ်ရှာရန် လမ်းဘေးမှာ

ပုလွေ အတတ်ပညာဖြင့် အလှူတောင်းခံနေသော ကျောင်းသားလေးတစ်ဦး ခဏလေးအိပ်ပျော်သွားနေစဉ်အတွင်းမှာ အနီရောင်အကျီဝတ်ထားသော အမျိုးသားတစ်ဦးက အခွင့်ကောင်းယူပြီး ပိုက်ဆံကို ခိုးယူသွားသောအဖြစ်အပျက်တစ်ခုကို အမိအရမှတ်တမ်းတင်ထားသော ဖေ့စ်ဘုတ်ခ်သုံးစွဲသူတစ်ဦးက အွန်လိုင်းမှာ ပို့စ်တင်ထားတာ တွေ့ရှိရပါတယ်။

ထိုသူသည် ဘတ် ၂၀ တန် နှင့် ဘတ် ၁၀၀ တန်တွေကို နှစ်ခေါက်နှိုက်ယူသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ ငွေရေးကြေးရေးချို့တဲ့သောကလေးတစ်ယောက်၏ သူ့ရဲ့ ပုလွေ အတတ်ပညာအစွမ်းအစလေးနဲ့ ကျောင်းစရိတ်အတွက်

အလှူခံပြီးရထားတဲ့ပိုက်ဆံများကို ခိုးယူတာဟာ အရမ်းညံ့ဖျင်းတဲ့စိတ်ဓါတ်ဖြစ်တယ်လို့ ပြည်သူလူထုကဝေဖန်ပြောဆိုကြပြီး၊ ဒီဓါတ်ပုံထဲက သူကိုတွေ့ရှိပါက အပြစ်ပေးဆောင်ရွက်ဖို့ အကြောင်းကြားပေးပါရန် ရေးသားထားကြောင်း တွေ့ရှိရပါတယ်

Unicode