Knowledge

ငွေတစ်သိန်းထဲနဲ့လိုက်ရောင်းရင်း သူမဆီကိုရောက်လာတဲ့ သမီးလေးရဲ့ဖခင်ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာပြောပြလာတဲ့ ခိုင်နှင်းဝေ

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။

အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးနေခဲ့ပါတယ်။

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ဆိုပြီး ဂေဟာလေးတစ်ခုကိုတည်ထောင်ထားကာ အကူအညီလိုအပ်နေတဲ့ကလေးလေးတွေကို မေတ္တာနဲ့ဖေးမပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံကိုပေးကာ စောင့်ရှောက်ပေးနေတာပါ ။

ကလေးလေးတွေရဲ့ ပညာရေး ကျန်းမာရေး စတဲ့ ကိစ္စအဝဝမှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေ တာပဲဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံရတဲ့ ကလေးလေးတွေကို ကြင်နာတဲ့နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ် ခဲ့တာဖြစ်ပြီးအခုလည်း ငွေတစ်သိန်းနဲ့လိုက်ရောင်းရင်း သူမဆီရောက်လာကာ မွေးစားဖြစ်ခဲ့တဲ့ သမီးလေးရဲ့ ဖခင်ဖြစ်သူဟာ ဒီနေ့မှာပဲ ဦးနှောက်သွေးကြောပြတ်ပြီး

ဆုံးပါးသွားကြောင်းကို ” စိတ်မကောင်းစရာ သတင်းလေးပါရှင်…သမီးလေး အေးချမ်းမေရဲ့ အဖေ ဦးနှောက်သွေးကြော ပြတ်ပြီး ဆုံးသွားပြီဆိုတဲ့ သတင်းပါ…အမေက

မွေးထဲက နောက် အိမ်ထောင်ပြုသွားလို့ အရက်ကိုပဲ ဖိသောက်နေရင်း ငွေ တသိန်းနဲ့ လိုက်ရောင်းနေလို့ ကျမဆီ ရောက်လာတဲ့ သမီးလေးပါ..သမီးလေး အဖေ ကောင်းရာ မွန်ရာ ရောက်ပါစေ …ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေရှင်..”ဆိုပြီး

ရေးသားဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော်။

Credit – Cele Zone