အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ နေအိမ်နောက်ဖေးတွင် အမှတ်မထင်ဘဲ တူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ လူသားတွေက တစ်နေရာကနေ တစ်နေရာကို ပြောင်းရွေ့အခြေချနေထိုင်လေ့ရှိကြပြီး နေအိမ်အသစ်မှာ မွန်းမံပြင်ဆင်မှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။
ဒီလိုအိမ်ပြင်ဆင်မှုတွေ ပြုလုပ်ရာမှာ သူတို့ရဲ့ အိမ်နောက်ဖေးတွေကိုပါ ပြင်ဆင်လေ့ရှိကြပြီး မထင်မှတ်ထားတဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေကို တူးဖော်ရရှိလေ့လည်း ရှိကြပါတယ်။ ဒီလို နေအိမ်နောက်ဖေးတွေမှာ အမှတ်မထင်ဘဲ တူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေကတော့ –
၁။ ဖရာရီကားတစ်စင်း
မိမိရဲ့ နေအိမ်နောက်ဖေးမှာ အင်မတန်ဈေးကြီးပါတယ်ဆိုတဲ့ ဖရာရီကားတစ်စင်းတွေ့ရှိခဲ့တဲ့ အဖြစ်အပျက်က အင်မတန်ကို ရှားပါးလှပါတယ်။
၁၉၇၈ ခုနှစ်မှာ အိမ်ပိုင်ရှင်ကလေးနှစ်ယောက်ဟာ လော့အိန်ဂျလိစ်က သူတို့ရဲ့ နေအိမ်နောက်ဖေးမှာ ဆော့ကစားနေကြပါတယ်။ သူတို့ ကစားတဲ့ ကစားနည်းကတော့ မြေကြီးတွေကို တူးဖော်တဲ့ ကစားနည်းတစ်ခုဖြစ်ပြီး တကယ့်ကို အမှတ်မထင်ဘဲ Ferrari Dino 246 GTS ကားတစ်စင်းကို တူးဖော် တွေ့ရှိခဲ့တာပါ။
ဒီလို ကားတစ်စင်းတွေ့ရှိရတဲ့အကြောင်းကို ရဲကို သတင်းလှမ်းပေးခဲ့ပြီး ရဲတွေကတော့ ဒီကားဟာ တစ်ချိန်ကအခိုးခံလိုက်ရတဲ့ ကားတစ်စင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
ကားသူခိုးဖြစ်သူက ကားကို ခိုးယူလာခဲ့ပြီး လူတွေမသိအောင် မြေအောက်မှာ မြေမြှပ်ထားခဲ့ရာကအစ အခုလို ပြန်တွေ့ရခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီ တူးဖော်ရရှိခဲ့တဲ့ ဖရာရီကားကို အာမခံကုမ္ပဏီဆီကို လွှဲပြောင်းပေးလိုက်ပြီး လေလံတင်ကာ ရောင်းချခဲ့တာပါ။
၂။ ဒေါ်လာတစ်သိန်းကျော်တန်ဖိုးရှိ ဆေးခြောက်များ
နေအိမ်နောက်ဖေးတွင် အမှတ်မထင်ဘဲ တူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့ပစ္စည်းတွေထဲမှာ နံပတ် (၇)နေရာမှာ ရှိနေတဲ့ ဖြစ်ရပ်ကတော့ ဒေါ်လာတစ်သိန်းကျော်တန်ဖိုးရှိ ဆေးခြောက်အထုတ်ကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာလော့စ်အိန်ဂျလိစ်က Mack Reed ဆိုတဲ့ လူတစ်ယောက်က သူ့အိမ်ခေါင်းမိုးပေါ် တက်ပြီး ဆိုလာဘတ္တရီတစ်ခု တပ်ဆင်ဖို့ တက်သွားခဲ့ပါတယ်။
အိမ်ခေါင်မိုးပေါ်မှာ ရှိနေတဲ့ အခန်းငယ်တစ်ခုကို သူဖွင့်ကြည့်လိုက်ချိန်မှာ ဖန်ပုလင်းတွေ၊ စက္ကူစတွေနဲ့ လေလုံအောင် စနစ်တကျထုပ်ပိုးထားတဲ့ ဆေးခြောက်တွေကို တွေ့ရှိခဲ့ရတာပါ။
ရဲတွေရဲ့ ကနဦးစုံစမ်းစစ်ဆေးချက်အရတော့ ဆေးရောင်းဆေးဝယ်ပြုလုပ်နေတဲ့လူတစ်ယောက်ဟာ ထွက်ပြေးလာရင်းနဲ့ သူ့အိမ်ခေါင်မိုးပေါ်မှာ ဝှက်ထားခဲ့တဲ့အတွက် အခုလို တွေ့ရှိတာပါလို့ ပြောဆိုခဲ့ပါတယ်။
အဲဒီဆေးခြောက် အားလုံးရဲ့ စုစုပေါင်းတန်ဖိုးကို တွက်ချက်ကြည့်လိုက်ရာမှာတော့ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဖိုးရှိနေခဲ့ပါတယ်။
အိမ်ပိုင်ရှင်ဖြစ်သူကတော့ အဲဒီဆေးခြောက်တွေ တွေ့ရှိခဲ့ရတဲ့နေရာမှာ ပစ်သွားခဲ့တဲ့ လူပြန်လာရင်တွေ့အောင်ဆိုပြီး ငါ အိတ်တစ်အိတ်ကို တွေ့ခဲ့ရလို့ အာဏာပိုင်တွေကို ခေါ်ခဲ့ကြောင်း၊ ရဲတွေက မင်းထားခဲ့တဲ့ ဆေးခြောက်တွေကို မူးယစ်ဆေးဝါးလို့ သတ်မှတ်ပြီး သိမ်းယူသွားခဲ့ကြောင်း၊ အခု ငါ့အိမ်ကိုလည်း သူတို့ စောင့်ကြည့်နေကြောင်း၊ အခုလို ပြုလုပ်လိုက်ရတဲ့အတွက် အမှန်တကယ်စိတ်မကောင်းကြောင်းကို စာရေးပေးထားခဲ့ပါတယ်။
၃။ အလည်ခေတ်ကရှေးဟောင်းရတနာပစ္စည်းများ
အိမ်နောက်ဖေးမှာ ရွှေအိုးကြီးတစ်လုံးတွေ့လို့ ချမ်းသာသွားခဲ့တဲ့လူတွေရဲ့အကြောင်းတွေကို မြန်မာပုံပြင်ဇာတ်လမ်းတွေထဲမှာ မကြာခဏ ကြားဖူးကြမှာပါ။
ဒီလိုမျိုး အိမ်နောက်ဖေးမှာ ရွှေအိုးတစ်လုံး တူးဖော်ရရှိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်က တကယ့်အပြင်မှာလည်း ရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သြစတေးလျနိုင်ငံက လူတစ်ယောက်က သူ့ရဲ့ နေအိမ်နောက်ဖေးကို သန့်ရှင်းရေးပြုလုပ်နေစဉ်အချိန်မှာပဲ ရတနာပစ္စည်းတွေကို အစုလိုက် အပြုံလိုက်တွေ့ရှိခဲ့ပါတယ်။
သူတွေ့ရှိခဲ့တဲ့ ရတနာပစ္စည်း အရေအတွက်က အခုရေ ၂၀၀ ကျော်ရှိပြီး အဲဒီထဲမှာ လက်စွပ်တွေ၊ ဆံထိုးတွေ၊ နားဆွဲတွေ၊ ခါးစည်းတွေပါ ပါဝင်ပါတယ်။
အဲဒီလူက ရတနာပစ္စည်းတွေကို သေတ္တာတစ်လုံးထဲ ထည့်ကာ မြေအောက်ခန်းမှာ သိမ်းဆည်းထားခဲ့ပြီး ၂ နှစ်ကြာတဲ့အထိ ဘယ်သူမှမသိအောင် လျှို့ဝှက်ထားခဲ့ပါတယ်။
သူ ကိုယ်တိုင်လည်း အဲဒီရတနာပစ္စည်းတွေအကြောင်းကို မေ့မေ့လျော့လျော့ထားခဲ့ပြီး နောက်ထပ် နေရာအသစ်တစ်ခုဆီ ပြောင်းရွေ့ဖို့ ကြုံလာစဉ်အချိန်မှာပဲ ရတနာတွေကိုပြန် သတိရသွားပြီး ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတွေနဲ့ ပြသခဲ့ပါတယ်။
ပညာရှင်တွေကတော့ အဲဒီရတနာတွေရဲ့ သက်တမ်းက နှစ်ပေါင်း ၆၅၀ လောက်အထိရှိပြီဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး အရောင်းအဝယ်တွေ ပြုလုပ်ဖို့အထိပါ ကမ်းလှမ်းခဲ့ကြပါတယ်။
အိမ်ပိုင်ရှင်လူကတော့ အဲဒီရတနာတွေကို လုံးဝမရောင်းခဲ့တဲ့အပြင် နိုင်ငံထဲမှာ ရှိနေတဲ့ ပြတိုက်တစ်ခုကို လက်ဆောင်အဖြစ် လှူဒါန်းခဲ့ပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွေ့သွားခဲ့ပါတယ်။
၄။ ဥက္ကာခဲ
အခုပြောပြပေးသွားမယ့်လူကတော့ သူ့ရဲ့ နေအိမ်နောက်ဖေးမှာ ဘာပစ္စည်းမှ ရှာဖွေခဲ့တဲ့သူတော့ မဟုတ်ပါဘူး။
တစ်နေ့မှာတော့ ဘော့စနီးယားနိုင်ငံက လူတစ်ယောက်ဟာ ရုတ်တရက် မြည်သံကြီးတစ်ခုကြားခဲ့ရပြီးနောက်တစ်နေ့မနက်ခင်း ခြံထဲကို သွားစစ်ဆေးကြည့်ရာမှာ ထူးဆန်းတဲ့ ဖွဲ့စည်းမှုပုံစံတွေရှိတဲ့ ကျောက်တုံးကျောက်ခဲ ၆ လုံးကို တွေ့ရှိခဲ့ရပါတယ်။
အဲဒီကျောက်ခဲတွေကို စစ်ဆေးကြည့်ရာမှာ အာကာသထဲကနေ ကျလာတဲ့ ဥက္ကာခဲတွေလို့ ထင်မြင်ယူဆနေခဲ့ပြီး ဒေသခံရဲတွေကို ချက်ချင်းပဲ သွားရောက်အကြောင်းကြားခဲ့ပါတယ်။
ရဲတွေက အဲဒီထူးဆန်းတဲ့ ကျောက်ခဲတွေကို ပညာရှင်တွေဆီ လှမ်းပို့ကာ စစ်ဆေးခဲ့ပြီး ဘဲလ်ဂရိတ်(Belgrade) တက္ကသိုလ်က ဥက္ကာခဲတွေဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒီလို အတည်ပြုချက်တွေရရှိခဲ့ပြီးနောက်ပိုင်းမှာတော့ ပညာရှင်တွေက အဲဒီနေအိမ်တစ်ဝိုက်မှာ သံလိုက်စက်ကွင်းတွေ ရှိနေမလား စုံစမ်းစစ်ဆေးချက်တွေကိုပါ တစ်ဆက်တည်းပြုလုပ်ခဲ့ပါတယ်။
အိမ်ပိုင်ရှင်ဖြစ်သူကတော့ အဲဒီဥက္ကာခဲတွေ ပြုတ်ကျလာမှုဖြစ်စဉ်အပြီးမှာတော့ သူ့ရဲ့ နေအိမ်အမိုးကို ရိုးရိုးအမိုးကနေ စတီးလ်အမိုးတွေ ပြောင်းလဲတပ်ဆင်ခဲ့ပြီး နောက်တစ်ချိန်မှာ ဒီလိုမျိုး သူ့အိမ်ပေါ်ကို ဥက္ကာခဲတွေပြန်ပြုတ်ကျမှုတွေမဖြစ်လာနိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
၅။ ပစ္စည်းအစုံအလင်ထည့်ထားတဲ့ ဗုံးခိုကျင်း
ခရစ္စစ် နဲ့ Colleen Otcasek တို့ ညီအကိုနှစ်ယောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အိမ်အသစ်တစ်လုံးဝယ်လိုက်စဉ်မှာ အဲဒီနေအိမ်ခြံဝန်းထဲမှာ ဗုံးခိုကျင်းတစ်ခု ပါဝင်နေမှန်းကို သိနှင့်နေခဲ့ပါတယ်။
အဲဒီဗုံးခိုကျင်းက စစ်ဆေးခေတ်ကာလက တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းတစ်ခုဖြစ်ပြီး တစ်ချိန်က အဲဒီအိမ်ပိုင်ရှင်ဖြစ်ခဲ့ဖူးသူ အင်ဂျင်နီယာတစ်ယောက်က ဆောက်လုပ်ထားခဲ့တာပဲဖြစ်ပါတယ်။
အဲဒီဗုံးခိုကျင်းက ရေဒီယိုသတ္ထုကြွဘေးအန္တရာယ်ကနေ ကင်းလွှတ်အောင် အထူးစီမံတည်ဆောက်ထားတဲ့ ဗုံးခိုကျင်းတစ်ခုသာဖြစ်ပြီး စစ်ဖြစ်လာခဲ့ရင် တိမ်းရှောင်လို့ရအောင် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာပါ။
အဲဒီဗုံးခိုကျင်းရဲ့ သက်တမ်းက နှစ်ပေါင်း ၅၀ လောက်သက်တမ်းရှိနေပြီး အထဲမှာ လူတစ်ယောက်ဟာ အသက်ရှင်နေထိုင်ဖို့အတွက် ပစ္စည်းပစ္စယအစုံအလင်ထည့်သွင်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။
တစ်ချိန်က အိမ်ပိုင်ရှင်အင်ဂျင်နီယာဟာ သူ ကိုယ်တိုင်ဆောက်လုပ်တဲ့ အဲဒီဗုံးခိုကျင်းထဲမှာ စက္ကူလိပ်တွေ၊ ခေါင်းအုံးတွေ၊ငါးသေတ္တာဘူးတွေ၊ ကော်ဖီမှုန့်တွေပါ ထည့်သွင်းထားခဲ့ပြီး စာအုပ်တွေ၊ သတင်းစာတွေကိုပါ ထည့်သွင်းထားတာကို အကောင်းအတိုင်းတွေ့ရှိခဲ့ရပါတယ်။
၆။ အင်ဒီယန်းလူတစ်ယောက်ရဲ့ အရိုးစု
ဆော့လိတ်ခ်မြို့က အသက် ၁၄ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ နေအိမ်နောက်ဖေးမှာ ရေကန်တစ်ခုပြုလုပ်ဖို့ မြေတူးစဉ်မှာ ထူးဆန်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
သူ တွေ့ရှိခဲ့ရတာက လူတစ်ယောက်ရဲ့ အရိုးစုတစ်ခုသာဖြစ်ပြီး အဲဒီအရိုးစုဟာ နှစ်ပေါင်း ထောင်ချီသက်တမ်းရှိနေပြီဖြစ်တဲ့ အင်ဒီယန်းလူတစ်ယောက်ရဲ့ အရိုးစုလို့ ထိုစဉ်အချိန်က မသိရှိပါဘူး။
ကောင်လေးရဲ့ ဖခင်ဖြစ်သူက သူ ဒီလို အရိုးစုတွေ ရှာဖွေတွေ့ရှိရခြင်းကို လှမ်းအကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးကြည့်ရာမှာ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်က အသက်ရှင်သန်နေထိုင်ခဲ့တဲ့ အမေရိကန်- အင်ဒီယန်းလူမျိုးတစ်ယေက်ရဲ့ အရိုးစုဆိုတာ သိရှိသွားခဲ့ပါတယ်။
ရှေးဟောင်းသုတေသနပညာရှင်များတွေကတော့ အဲဒီနေအိမ်ခြံဝန်းအတွင်းတူးဖော်မှုတွေဆက်လက်ပြုလုပ်ခဲ့ပြီး သူတို့အိမ်တည်နေရာက တစ်ချိန်က အင်ဒီယန်းလူမျိုးတွေရဲ့ ဂူသချိုင်းနေရာဖြစ်ခဲ့လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
၇။ ရွှေဒင်္ဂါးများ
၂၀၁၃ ခုနှစ်မှာ လက်ထပ်ကာစလင်မယားနှစ်ယောက်က ခြံထဲဆင်းပြီး ခွေးကျောင်းထွက်ရင်း ထူးဆန်းတဲ့ သံဗူးတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။
အဲဒီသံဗူးက သံချေးအလိမ်းလိမ်းတက်နေတဲ့ သံဗူးတစ်ခုသာဖြစ်ပြီး အထဲကိုဖွင့်ကြည့်လိုက်ချိန်မှာ မယုံကြည်နိုင်လောက်စရာ ရွှေဒင်္ဂါးတွေအပြည့်ဖြည့်ထားတဲ့ သံဗူးတစ်ခုဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
သူတို့လင်မယားဟာ ဆက်လက်ပြီး ရှာဖွေခဲ့ရာမှာ နောက်ထပ် သံဗူး ၈ ခုလောက်ကို တွေ့ရှိခဲ့ရပြီး အဲဒီသံဗူးတွေထဲမှာလည်း အထဲမှာ ရွှေဒင်္ဂါးအပြားတွေ ရှိနေပါတယ်။
အဲဒီရွှေဒင်္ဂါးအပြားတွေဟာ ၁၈၄၇ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်မှာ သွန်းလုပ်ခဲ့တဲ့ ဒင်္ဂါးပြားတွေသာဖြစ်ပြီး ယနေ့ခေတ်တန်ဖိုးနဲ့ တွက်ချက်ကြည့်လိုက်ချိန်မှာ ဒေါ်လာ ၂၇၉၈၀ အထိတန်ကြေးရှိနေခဲ့ပါတယ်။ အဲဒီဒင်္ဂါးပြားတွေထဲက တချို့က အသစ်အတိုင်းရှိနေဆဲဒင်္ဂါးပြားတွေဖြစ်ပြီး တချို့ကတော့ သုံးစွဲပြီးသား ဒင်္ဂါးပြားအဟေင်းတွေသာဖြစ်ပါတယ်။
အဲဒီလင်မယားနှစ်ယောက်ဟာ သူတို့တွေ့ရှိခဲ့တဲ့ ဒင်္ဂါးတွေကို လေလံတင်ရောင်းချချခဲ့ပြီး ဝင်ငွေများစွာ ရရှိခဲ့ပါတယ်။
ဘယ်လိုအကြောင်းကြောင့် ဒီလို နေအိမ်နောက်ဖေးမှာ ဒင်္ဂါးပြားတွေကိုရှိနေခဲ့တယ်ဆိုတာကို မသိခဲ့ရပေမယ့် အဲဒီလင်မယားနှစ်ယောက်က ဒင်္ဂါးပြားတွေကို လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁၀ သန်းအထိ ရရှိခဲ့ပါတယ်။
၈။ ဒိုင်နိုဆောအရိုး
၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံက ဂျွန်လမ်းဘတ်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ အိမ်မှာ ခြံစည်းရိုးတစ်ခုကို ပြုလုပ်ဖို့ မြေတူးခဲ့ပါတယ်။
ဒီလို မြေတူးနေတဲ့အချိန်မှာပဲ ဂေါ်ပြားနဲ့ မြေကြီးထိမိတဲ့ အသံတစ်သံ ထူးဆန်းစွာထွက်ပေါ်လာခဲ့ပြီး ဆက်လက်တူးဖော်ခဲ့ရာမှာ အလွန်ကြီးမားတဲ့ အရိုးကြီးတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
သူက အဲဒီအရိုးကြီးက ဘာအရိုးကြီးဖြစ်မလဲဆိုတာကို စိတ်မဝင်စားဘဲ နေအိမ်ထောင့်တစ်နေရာမှာပဲ ၁၆ နှစ်ကြာအောင် ပစ်ထားခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ အဲဒီအရိုးကြီးကို ပြန်သတိရလာခဲ့ပြီး အရိုးကျွမ်းကျင်တဲ့ သုတေသနပညာရှင်တွေကိုဆီကို သွားရောက်ပြသခဲ့ရာမှာ သူ တူးဖော်ခဲ့တဲ့အရိုးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀ ကနေ ၂၅၀ အကြား ကမ္ဘာမြေပေါ် ရှင်သန်ခဲ့တဲ့ ပင်လယ်ရေနေသတ္တဝါတစ်ကောင်ရဲ့ အရိုးစုဖြစ်နေတာကို သိရှိခဲ့ပါတယ်။
၉။ ပိရိမစ်တွေနဲ့ ဆက်စပ်နေတဲ့ ဥမင်လိုဏ်ခေါင်း
နောက်ထပ် အိမ်နောက်ဖေးကနေ တူးဖော်ရရှိခဲ့တဲ့ ထူးဆန်းတဲ့ အရာတစ်ခုကတော့ ဥမင်လိုဏ်ခေါင်းတစ်ခုပဲဖြစ်ပါတယ်။
အီဂျစ်နိုင်ငံ ဂါဇာမြို့က ပရိမစ်တွေကျန်ရှိနေခဲ့တဲ့ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးနောတစ်နေရာဖြစ်ပြီး အခု တွေ့ရှိခဲ့တာတော့ ဂါဇာမြို့အနီးအနားက ရွာတစ်ရွာမှာဖြစ်ပါတယ်။ ဂါဇာမြို့အနီးအနားမှာ ရှိတဲ့ ရွာတစ်ရွာမှာ လူတစ်ယောက်က သူ့ရဲ့ အိမ်နောက်ဖေးကို တူးဖော်နေခဲ့စဉ်မှာအခုလို ထူးဆန်းတဲ့ လိုဏ်ခေါင်းတစ်ခုကို တူးဖော်တွေ့ရှိမိသားဖြစ်ခဲ့ပါတယ်။
အဲဒီလိုဏ်ခေါင်းကြီးက လူတစ်ယောက် ကောင်းကောင်းသွားလာနိုင်တဲ့ အကျယ်အဝန်းရှိပြီး ဂါဇာမှာ ရှိနေတဲ့ ပိရိမစ်တွေနဲ့ ဆက်နွယ်မှုတွေလည်း ရှိနေခဲ့ပါတယ်။
ပညာရှင်တွေကတော့ ဒီ လိုဏ်ခေါင်းကြီးတွေက ပိရိမစ်တွေဆောက်လုပ်စဉ်က အသုံးပြုခဲ့တဲ့ လမ်းကြောင်းတစ်ခုဖြစ်နိုင်ချေရှိတယ်လို့ ကောက်ချက်ချခဲ့ကြပြီး ပရိမစ်တွေထဲကို ဝင်ရောက်နိုင်တဲ့လမ်းတစ်ခုလည်းဖြစ်နိုင်ချေရှိနေပါတယ်။
ဒီဥမင်လိုဏ်ခေါင်းကြီးရဲ့ အမည်ကိုတော့ ရှေးခေတ်အီဂျစ်သမိုင်းပညာရှင်တစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ Herodotus လိုဏ်ခေါင်းလို့ အမည်ပေးခဲ့ကြပါတယ်။
၁၀။ သမိုင်းမတင်မီခေတ်က သတ္တဝါတစ်ကောင်ရဲ့ အခွံ
အာဂျင်နီးနားနိုင်ငံက ဟိုးဆေးအန်တိုနီယို ဆိုတဲ့ လူတစ်ယောက်က သူ့ရဲ့နေအိမ်နောက်ဖေးမှာ ထူးဆန်းတဲ့ အရာကို တူးဖော်ရရှိခဲ့ပါဘူး။
အဲဒီထူးဆန်းတဲ့ပစ္စည်းကြီးရဲ့ ပုံစံက ဥခွံတစ်ခုလိုဖြစ်နေတဲ့အတွက် ဒိုင်နိုဆောဥလို့ သူက အမည်ပေးထားခဲ့ပါတယ်။ အမှန်တကယ်တော့ သူ တွေ့ရှိခဲ့တဲ့ ဥခွံကြီးက သမိုင်းမတင်ခေတ်မှာ အသက်ရှင်သန်ခဲ့တဲ့ glyptodon ဆိုတဲ့ အကောင်ကြီးတစ်ကောင်ရဲ့ ကျောဘက်က အခွံပဲဖြစ်ပါတယ်။
အဲဒီ glyptodon အကောင်ကြီးရဲ့ အရွယ်အစားက ဗောက်စ်ဝက်ဂွန်ကားတစ်စီးစာလောက်ရှိခဲ့ပြီး ယနေ့အချိန်မှာတော့ မျိုးတုန်းပျောက်ကွယ်သွားခဲ့တဲ့ ကမ္ဘာဦးအကောင်ကြီးတစ်ကောင်ပါ။
ရှေးဟောင်းသုတေသနပညာရှင်တွေကတော့glyptodon အကောင်ကြီးတွေ တစ်ကောင်နဲ့ တစ်ကောင် သတ်ဖြတ်ခဲ့ကြရာ သေဆုံးမှုတွေဖြစ်ခဲ့ပြီး အခုလို အခွံကြီးကျန်ရစ်ခဲ့တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
Credit Shwe Nyan Shin