Knowledge

ခြေထောက်အတုနဲ့ဆိုက်ကားနင်းနေရတဲ့ဦးလေးတယောက်အကြောင်း(ဖတ်ပြီးရှယ်ပေးလိုက်ပါ)

ခရီးသည်ကို လိုရာခရီးလိုက်ပို့ပေးနေသည့် ဦးဝင်းလှိုင်/ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

နေရောင်ရှိနေသော နေ့လယ်ခင်းတစ်ခုတွင် တာမွေဈေးဗလီအနီးရှိ မီးပွိုင့်၌ မီးနီနေစဉ် မော်တော်ယာဉ်ကြီးငယ်ပေါင်းစုံနှင့်အတူ အနှေးယာဉ်ဆိုက်ကားတစ်စီးလည်း ပိတ်မိနေသည်။

မီးပွိုင့်မှ ရုတ်တရုက် မီးစိမ်းပြလိုက်သည့်အချိန်တွင် အရပ်အမောင်းပိန်ပိန်ရှည်ရှည်နှင့် ဆိုက်ကားဆရာက ဆိုက်ကားကို ခပ်သုတ်သုတ်နင်းကာ မီးပွိုင့်ကို ဖြတ်ကူးသွားသည်။ နည်းနည်းလောက် အာရုံစိုက်ကာ ကြည့်လိုက်မည်ဆိုလျှင် ထိုဆိုက်ကားဆရာ၏ ဘယ်ဘက်ခြေထောက်တွင် ခြေတုတပ်ဆင်ထားသည်ကို ဂရုပြုမိပေလိမ့်မည်။

ဆိုက်ကားပေါ်တွင် ခရီးသည်တစ်ဦးတင်ဆောင်လာပြီး ပို၍ခရီးတွင်စေရန် မတ်တတ်ရပ်ကာ အားစိုက်နင်းရင်း တာမွေအဝိုင်းဘက်ခြမ်းသို့သွားသည့် ကားလမ်းမဘက်သို့ အရှိန်ဖြင့် ချိုးကွေ့လိုက်သည်။

ဆိုက်ကားဆရာက ဆိုက်ကားနင်းရ၍ ပြိုက်ပြိုက်ကျလာလေ့ရှိသော ချွေးစက်ချွေးပေါက်များကို သုတ်ဖယ်ရန် ခပ်နွမ်းနွမ်း မျက်နှာသုတ်ပဝါတစ်ထည်ကိုလည်း ဆိုက်ကားဘယ်ဘက်လက်ကိုင်တွင် စည်းနှောင်ထားသည်။

မိုးအကုန် ဆောင်းအကူး နေ့လယ်ခင်း၏ အပူဒဏ်ကို ကာကွယ်ရန် လျှာထိုးဦးထုပ်ကို ဦးခေါင်းထက်တွင် ဆောင်းထားသော ခြေတုတပ်ဆိုက်ကားဆရာမှာ တပ်မတော်သားအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးဝင်းလှိုင်ပင်ဖြစ်သည်။ ၎င်းသည်တစ်ချိန်က အမှတ်(၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်တွင် ဒုတပ်ကြပ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ဦးဝင်းလှိုင်ကို တာမွေဈေးကားဂိတ်အနီး ဆိုက်ကားဂိတ်တွင် တွေ့ရလေ့ရှိသည်။ လွန်ခဲ့သောခုနစ်နှစ်က ကရင်ပြည်နယ်တွင် စစ်မှုထမ်းဆောင်ရင်း သူ၏ဘယ်ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။

ကရင်ပြည်နယ်၊ ဖာပွန်၊ ထိုင်းနယ်အစပ်အနီးတွင် တပ်မတော်မှ KNU နယ်မြေ စစ်ဆင်ရေးအတွက် ရိက္ခာတင်ယာဉ်တန်းများ စစ်စခန်းသို့သွားရန် လမ်းဖောက်နေစဉ် မိုင်းနင်းမိ၍ ဘယ်ခြေထောက်ပြတ်သွားပြီးနောက် ဘဝတစ်ဆစ်ချိုးကာ ဆိုက်ကားဆရာဖြစ်လာခြင်း ဖြစ်သည်။

စစ်သားကြီးမှာ မိုင်းထိ၍ ခြေပြတ်သွားပြီးနောက် ရည်းစားဟောင်းနှင့် အိမ်ထောင်ကျခဲ့သည်။ ခြေပြတ်ခဲ့သော်လည်း အချစ်မပြတ်ခဲ့ပေ။ ၎င်း၏ဇနီး ပထမဆုံးကိုယ်ဝန်ရချိန် ကလေးမွေးဖွားရန် ငွေကြေးလိုအပ်လာ၍ ဆိုက်ကားဆရာဖြစ်လာခြင်းဖြစ်သည်။ နံနက် ၅ နာရီ အိပ်ရာထရသည်။ စီးပွားရှာရန်အတွက် ရွှေပြည်သာရှိ နေအိမ်မှ လိုင်းကားနှစ်ဆင့်စီး၍ တာမွေဈေးရှေ့တွင် ဆိုက်ကားလာနင်းရခြင်းဖြစ်သည်။

မိမိတို့သည်တိုင်းပြည်အတွက်တာဝန်ကိုကျေပွန်ခဲ့သော်လဲ မိမိတို့အတွက် ဘာအကိျုးဆက်မျှခံစားခွင့်မရှိ ဤသို့ဆိုလျင် မိမိတို့ကြိုးစားခဲ့သမျတာဝန်ကျေခဲ့သနျအကိျိုးခံစားခွင့်တို့သည် မည်သူတွေခံစားနေကြသနည်း

တွေးမိလို့အဖြေရခဲ့ပါလိမ့်မည် သို့သော် ဘယ်တေည့ ဘယ်တေည့မှ ထုပ်ဖော်ပြောပြခွင့်မရနိုင်တော့ပေ

အကယ်၍ မိမိတို့ကြိုးစားငမျှအခွင့်အရေးခံစားခွင့်တို့ကို မည်သူတွေခံစားနေရသည်ဟု သိလာသော်ထိုအမှန်တရားအဖြေတို့သည် မိတို့၏အကြောက်တရားနှင့် မိမိတို့အပေါ်မှိုင်းတိုက်ခံရခြင်းတို့၏အောက်တွင်သာ တိမ်မြုပ်ပျောက်ကွယ်သွားကြရင်း နေဝင်ခဲ့ရလေတော့သည်

Jack Jack