Knowledge

အရမ်းချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို မဖြစ်မနေမေ့ပစ်ရတော့မယ်ဆိုရင်ဒါလေးတွေကိုသတိရပါ

အရမ်းချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို မဖြစ်မနေမေ့ပစ်ရတော့မယ်ဆိုရင်ဒါလေးတွေကိုသတိရပါတစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ပြီးမှ မေ့ပစ်လိုက်ဖို့ဆိုတာ အရမ်းကိုခက်ခဲမှန်း ကြုံဖူးတဲ့သူတိုင်း သိကြမှာပါ …။

ဒါပေမယ့်လည်း လောကမှာ လိုချင်တိုင်းလည်း မရခဲ့တဲ့အချိန်တွေ အများကြီး ရှိပါတယ် …။

ဘယ်လောက်ထိပဲ ချစ်ခဲ့ချစ်ခဲ့ စွန့်လွှတ်သင့်တဲ့ အချိန်ရောက်လာတဲ့အခါ စွန့်လွှတ်တတ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်နော် …။

အခုဖော်ပြပေးမှာကတော့ အရမ်းချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ မေ့ပစ်ဖို့လိုလာပြီဆိုရင် ဒီအချက်လေးတွေကို သတိရပြီး လိုက်နာပေးခြင်းဖြင့် မေ့ရတာ ပိုပြီးလွယ်ကူစေပါလိမ့်မယ် …။

(၁) အရာရာတိုင်းမှာ အဆုံးသတ်ဆိုတာ ရှိတယ်”

သင်ဟာ လူတစ်ယောက်ကို လက်မလွှတ်ချင်လို့ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ တတ်နိုင်သမျှ အားထုတ်ခဲ့တယ် ဒါပေမယ့်လည်း အဆုံးမှာ ခွဲခွာဖို့သာ ဖြစ်လာခဲ့ရင် အရမ်းကို ဆို့နင့် ကြေကွဲစရာ ကောင်းနေမှာပါ …။

ဒါပေမယ့်လည်း အရာရာတိုင်းမှာ အဆုံးသတ်ရှိတဲ့အတွက် သင်မျှော်လင့်ထားတာထက် ပိုပြီး စောရောက်လာခဲ့တယ်လို့ပဲ သတ်မှတ်လိုက်ပါ …။

ဒါကို သင်လက်ခံရမှာဖြစ်သလို၊ အဆုံးသတ်ကို ရောက်လာတဲ့အခါ အရာအားလုံးဟာ ပြီးဆုံးရတာ ချည်းပါပဲ …။

ဒါကြောင့် အတင်းအကျပ် ဆုပ်ကိုင်ဖို့ မ ကြိုးစားပါနဲ့တော့နော် …။

(၂) သဘောထားကြီးစွာ ခွင့်လွှတ်လိုက်ပါ”

ခွင့်လွှတ်ဖို့ပြောတဲ့အခါ တစ်ဖက်လူအတွက်သာမက သင့်အတွက်လည်း ဖြစ်ပါတယ် …။

သင့်ကိုသင်လည်း ခွင့်လွှတ်ဖို့ လိုပါတယ် …။

အချစ်ရေးတစ်ခု၊ ဆက်ဆံရေးတစ်ခု အဆုံးသတ်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်သင့်သလို၊ တစ်ဖက်လူကိုလည်း အပြစ်တင် မနေသင့်ပါဘူး …။

သူ့ဖက်က အမှားတွေချည်းပဲဆိုရင်တောင်မှ သင်က သူ့ကို အရမ်းချစ်ခဲ့တဲ့သူ ဖြစ်နေတဲ့အတွက် ဆက်ပြီး သဘောထားကြီးစွာနဲ့ အဆုံးထိ ခွင့်လွှတ်ပေးလိုက်ပါ …။

(၃) ကိုယ်ပိုင်အချိန်ယူပါ”

သင်ဟာ အရင်တုန်းက ချစ်သူနဲ့အတူ သွားလာစားသောက်ကာ အချိန်တိုင်းလိုလို သူနဲ့ရှိနေပေမယ့် အခုချိန်မှာတော့ သင်တစ်ယောက်တည်း ကိုယ်ပိုင်အချိန်ယူဖို့အကောင်းဆုံး အချိန်ပဲ ဖြစ်ပါတယ် …။

သင်လုပ်ချင်နေတဲ့အရာတွေကို ထိန်းချုပ်နေစရာလည်း မလိုတော့သလို၊ အတားအဆီးမရှိ လွတ်လွတ်လပ်လပ် နေနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ် …။

သင်မဟုတ်တဲ့ သင့်ပုံစံတွေ၊ အောင့်အည်းကြိတ်မှိတ်ကာ သည်းခံနေရတာတွေ၊ စိုးရိမ်ပူပန်နေရတာတွေ အားလုံးကို ထားပြီး တစ်ယောက်တည်း ပေါ့ပေါ့ပါးပါး နေနိုင်သွားတဲ့ အချိန်ဖြစ်တာကြောင့် စိတ်ကို ပေါ့ပေါ့ပါးပါးလေးပဲ ထားထားပါ …။

ကြာလာတဲ့အခါ နေသားကျသွားမှာပါ …။

(၄) အချစ်သစ် မရှာပါနဲ့အုံး”

တစ်ခါတလေ ကွဲသွားတဲ့အသည်းကို ပြန်ကုစားဖို့အတွက် အချစ်သစ်ကို ရှာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ထင်တတ်ကြပါတယ် …။

တကယ်တော့ မဟုတ်ပါဘူး။ ပိုလို့တောင် ဆိုးသွားနိုင်ပါတယ်နော် …။

သင့်ရင်ထဲက ဒဏ်ရာတွေ ကျက်သွားဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုတော့ ပေးလိုက်ပါအုံး …။

ဒီလိုမှမဟုတ်ပဲ အချစ်သစ်ကို စတင်လိုက်မိတဲ့အခါ နာကျင်စရာတွေသာ များလာမှာ ဖြစ်ပါတယ် …။

ဒါကြောင့် လောလောဆယ်တော့ တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ အချိန်ရဲ့ ကုသမှုကို ခံယူသင့်ပါတယ် …။

(၅) သင့်ကို ချစ်တဲ့သူတွေနဲ့ အချိန်ယူပါ”

သင်အခင်မင်ရဆုံးသူငယ်ချင်းတွေ၊ မိသားစုတွေ၊ မိတ်ဆွေတွေဆီ သွားရောက်လည်ပတ်တာမျိုး စကားဖောင်ဖွဲ့တာမျိုးတွေ မကြာခဏ ပြုလုပ်ပေးသင့်ပါတယ် …။

သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဆီမှာ ရင်ဖွင့်ပြီး ငိုချင်ရင် ငိုချလိုက်ပါ …။

ဒါပေမယ့်လည်း သင်သိထားဖို့က ထပ်ခါထပ်ခါ မငိုဖို့ပါပဲ။

သင့်မှာ အနာဂတ်တွေ ရှိတယ်၊ သင့်ကို ချစ်တဲ့သူတွေရှိသေးတယ်၊ အနာဂတ်မှာလည်း ဒီထက်ပိုကောင်းတဲ့သူနဲ့ ဆုံရဦးမှာဖြစ်တဲ့အတွက် တဒင်္ဂခံစားချက်လေးကြောင့် တစ်ဘဝလုံးကို အနစ်မွန်းမခံပါနဲ့လို့ အကြံပြုလိုက်ပါရစေ …။ ။

Credit

Unicode