Knowledge

စာဖတ်ခြင်းဟာဗဟုသုတရှာမှီးဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ တစ်ခုတည်းသော နည်းလမ်းတော့မဟုတ်ပါဘူး

တန်ဖိုးရှိတာတွေကရှားပါးတတ်ပါတယ်

တစ်ခါတစ်လေ လူတစ်ယောက်နဲ့ စကားပြောလိုက်လို့ ဗဟုသုတတွေ တစ်ပုံကြီး ရသွားတာမျိုး ကြုံဖူးလား။ အကယ်၍ သူနဲ့အပြန်အလှန်စကားပြောခွင့်မရပဲ နားထောင်ခွင့်ရလိုက်တာနဲ့ကို ဗဟုသုတတွေရသွားတာမျိုးရော ကြုံဖူးလား။

ကျွန်တော့်ဘဝမှာတော့ အများကြီး ကြုံဖူးခဲ့ပါတယ်။ စာဖတ်ခြင်းဟာဗဟုသုတရှာမှီးဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ တစ်ခုတည်းသော နည်းလမ်းတော့မဟုတ်ပါဘူး။ ပညာရှိတစ်ယောက်နဲ့ စကားပြောခွင့်ရခြင်းဟာလည်း အရမ်းကို အဖိုးတန်ပါတယ်။

တစ်ခါတစ်လေ စာအုပ် ၄အုပ်၊ ၅ အုပ်လောက်ဖတ်တာနဲ့ကို ညီမျှပါတယ်။ တစ်ခါတစ်လေ အဖိုးမဖြတ်နိုင်လောက်တဲ့ ဗဟုသုတတွေရပါတယ်။ သူတို့နဲ့ စကားပြောလိုက်ရင် အကြံဉာဏ်ကောင်းတွေလည်း ထွက်လာတတ်ပါတယ်။ အချို့သူတွေဆိုရင်ကိုယ်စိတ်ညစ်နေတာကိုတောင် ပျောက်အောင်လုပ်ပေးနိုင်စွမ်းရှိကြပါတယ်။

ကိုယ်က အဆိုတော်တစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ဘာသာ စမ်းတဝါးဝါးသွားနေမယ့် အစား အဲ့ဒီလိုအဆိုတော်ဆိုတဲ့ လမ်းခရီးကို လျှောက်ဖူးပြီးသားလူနဲ့ စကားပြောဖြစ်အောင် ကြိုးစားပါ။ ကိုယ်ကစာရေးဆရာဖြစ်ချင်ရင် အဲ့ဒီစာရေးဆရာဆိုတဲ့ခရီးလမ်းကို လျှောက်ဖူးပြီးသား လူတွေနဲ့ စကားပြောခွင့်ရအောင် ကြိုးစားပါ။

ကိုယ်သွားမယ့် လမ်းခရီးကို လျှောက်ဖူးပြီးသားလူတွေနဲ့ စကားပြောခြင်းဟာ သင့်ဘဝမှာ အရမ်း အသုံးဝင်ပါတယ်။ကိုယ်တိုင်မှားစရာမလိုပဲ သူတို့အမှားတွေကတစ်ဆင့် သင်ခန်းစာ ယူနိုင်တာတွေ အများကြီးပါပဲ။ ကိုယ်မှားရမယ့် အမှားတွေ နည်းပြီး အမြန်ရောက်အောင် ကူညီပေးပါလိမ့်မယ်။

အဲ့ဒီလိုလူမျိုးတွေပဲ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်စိတ်အားတက်ကြွစေသူတွေနဲ့ စကားပြောပါ။ကိုယ့်ကို ဗဟုသုတ အသစ်တွေ ပေးစွမ်းနိုင်သူတွေနဲ့ စကားပြောပါ။ အဲ့ဒီလို လုပ်ဖို့လွယ်မယ်လို့တော့ အာမမခံပါဘူး။ ဒါပေမယ့် ရအောင်ဇွဲမလျော့ပဲ ကြိုးစားရမှာဖြစ်ပါတယ်။

ဘာလို့လည်းဆိုတော့ အဲ့ဒီလို စကားပြောခြင်းကအရမ်းကို တန်ဖိုးရှိလို့ပါ။ တန်ဖိုးရှိတာတွေကရှားပါးတတ်ပါတယ်။ ဒါ့ကြောင့် မညည်းညူပဲဇွဲရှိရှိကြိုးစားသင့်ပါတယ်

Unicode