Knowledge

အမေကို ..ထမင်းတစ်နပ်ကျွေးယုံနဲ့ အောင်မြင်ကျော်ကြားသွားတဲ့ ..လူတစ်ယောက် (သို့) ဦးသုခ (ဖြစ်ရပ်မှန်လေးပါ)

ကို လိုနီခေတ်တုန်းက ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့မှာ သိန်းမောင်ဆိုတဲ့ စာပေဝါသနာရှင် လူငယ်တစ်ယောက် ရှိခဲ့ဖူးပါတယ်။ သိန်းမောင်မှာ အမေတစ်ခု သားတစ်ခုဖြစ်လို့ အိုမင်းမစွမ်းဖြစ်နေတဲ့ မိခင်အိုကြီးကို လုပ်ကျွေးပြုစုနေခဲ့ရတယ်။နယ်မြို့ မှာနေတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လည်း တစ်နေ့မှာ အောင်မြင်တဲ့ စာရေးဆရာဖြစ်ရမယ်လို့ ရည်မှန်းချက်ကြီးကြီးမားမား ရှိခဲ့တယ်။ ရည်မှန်းချက်ကို မစွန့်လွှတ်နိုင်တဲ့အဆုံး သိန်းမောင်ဟာ ရန်ကုန်ကို သွားချင်တဲ့အကြောင်း မိခင်ဆီကို အသိပေးလာတယ်။

“အမေ သားတို့လို အနုပညာဝါသနာပါသူတွေ အတွက် ရန်ကုန်မြို့ဟာ အောင်မြေဖြစ်လို့ ရန်ကုန် ကို သွားချင်တယ်” “ဘယ် လိုပြောလိုက်တာလဲ ငါ့သားရယ်… ကြံကြံဖန်ဖန်ကွယ် တိုင်းပြည်ကြီးကမှ ခေတ်အခါ မကောင်းသေးတာ၊ အမေကလည်း ရှစ်ဆယ်နား ကပ်နေပြီ အမေက သားကို အားကိုးနေတာ၊ ငါ့သားလေး ရန်ကုန်ကိုသွားရင် ဘယ်သူ့ကို အားကိုး ရမလဲ”

“ဟာ . . . နားမလည်ဘူး အမေရယ်၊ သားကတော့ ရန်ကုန်ကို သွားဖြစ်အောင် သွားမှာပဲ။ ရည်မှန်းချက် တော့ အပျက်မခံနိုင်ဘူး သွားပြီ အမေရေ . . သွားပြီ၊ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတစ်ယောက် မဖြစ်မချင်း သား ကျိုက်လတ်ကို ပြန်မလာတော့ဘူး”အမေ့ဆီကို အားရပါးရ ကြွေးကြော်ပြီးတော့ သိန်းမောင် ရန်ကုန်ကို ထွက်လာခဲ့တယ်။ရန်ကုန်မှာ သုံးနှစ်သုံးမိုး ကြာခဲ့ပေမယ့် သိန်းမောင်ခမျာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာဖြစ်ဖို့နေနေသာသာ စားဖို့သောက်ဖို့တောင် အနိုင်နိုင်။ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးပြီး မဂ္ဂဇင်းတွေမှာ ပို့ခဲ့ပေမယ့် အရွေးမခံရ။သူငယ်ချင်းအိမ် ကပ်နေ၊ ဘုန်းကြီးကျောင်းကပ်နေ ကပ်စားခဲ့ရတယ်။ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း သီချင်းတစ်ပုဒ်ကို သိန်းမောင် ကြားခဲ့လိုက်တယ်။

“အေး . . အေး . . . အို တေးဆိုပေးကာ အိပ်ပါလူလေး မယ့်ရင်သွေး စိတ်အေးချမ်းသာ အိပ်ပါတော့လား . . . သိပ်ပါသော်မှ အိပ်ခါပျော်သပါ့ သားလှလေးရဲ့ မျက်နာ မိခင်မာတာ တစိမ့်စိမ့်ကြည့်ရင်းသာ နှလုံးအိမ်တွင်း ချစ်ခြင်းမေတ္တာ တဖျပ်ဖျပ် ရိုက်ခတ်ပေါ်လာပြန်တာ သီတာရေစင် ပမာ တသွင်သွင် စီးကျလေတာ”ကောင်းလိုက်တဲ့ သီချင်းနော်။ ဘယ်သူရေးလို့ ဘယ်သူ ဆိုတာပါလိမ့်။ “သီတာရေစင်” သီချင်းအကြောင်းကို တွေးနေရင်း သိန်းမောင်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ စီးကျလာတယ်။

သြော် . . အမေ့အသက်အရွယ် ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်နားကပ်၊ မျက်စိကလည်း မှုန်၊ နားကလည်း ထိုင်း၊ ခါးကလည်း ကိုင်းလို့ ပါးရည် နားရည်ကလည်း တွန့်နေပါပြီ အမေရယ် အခုချိန်မှာ အမေတစ်ယောက် ဘယ်လိုနေလို့ ဘယ်လိုစားပါလိမ့်။အမေ့ကို စွန့်ခွာပြီး ရန်ကုန်ကိုထွက်လာလိုက်တာ သား မှားလိုက်တာ အမေ။သားမိုက်နဲ့ဝေးနေတဲ့မှာ အမေတစ်ယောက် ဘယ်သူ့ကို အားကိုးလို့ ဘယ်လို နေတာလဲ အမေ။ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ အမေ။

အမေရယ် အမေမသေခင်မှာ စိန်ရွှေပတ္တမြား၊ အိမ်မြေခြံကားတွေနဲ့ တင့်တောင့်တင့်တယ်မထား နိုင်ရင်တောင် ထမင်းတစ်နပ်ကို ဖွယ်ဖွယ်ရာရာ ကျွေးနိုင်ရင် သားကျေနပ်ပါပြီ အမေ။“သီတာရေစင်” သီချင်းတစ်ပုဒ်ကြောင့် အနှစ်နှစ်အလလ မေ့လျော့နေ တဲ့ အမေ့ကို သိန်းမောင် သတိရလာပြီး ကျိုက်လတ်ကို ပြန်သွားခဲ့တယ်။သိန်းမောင် ဒုလ္လဘရဟန်းဝတ်ပြီး အမေမုဆိုးမကြီးကို ဆွမ်းခံကျွေးခဲ့တယ်။လူထွက်ပြီး အမေ့ကို လုပ်ကျွေးတယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သိန်းမောင်ကို မေးတယ်။“ ငါ့သား သိန်းမောင် ရန်ကုန်ကို သွားချင်သေးလား”“ သြော် အမေရယ် အမေခွင့်ပြုရင် သွားချင်တာပေါ့။ အမေ ခွင့်မပြုဘဲနဲ့တော့ သားမသွားတော့ပါဘူး အမေရယ်”

“ကဲ . . သား အမေ့ဆီ လာ။ အမေ့ရဲ့ခြေဖမိုးကို သားရဲ့ နဖူးနဲ့ ဦးသုံးကြိမ်တိုက်ပြီး ကန်တော့”သိန်းမောင် စိတ်ပါလက်ပါနဲ့ မိခင်ကို ကန်တော့ လိုက်တယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သိန်းမောင်ရဲ့ နဖူးပြင်မှာ လက်ဝါးတင်ပြီးတော့ ဆုပေးလိုက်တယ်။“အမေ့ရဲ့ခြေဖမိုးကို ဦးသုံးကြိမ်တိုက်ပြီး ကန်တော့တဲ့ ငါ့သား၊ အမေ့ကို ဆွမ်းခံကျွေးတဲ့ ငါ့သား၊ အမေ့ကို ပြုစုလုပ်ကျွေးတဲ့ ငါ့သား အခုချိန်ကစပြီး ရောက်လေရာ အရပ်မှာ တိုက်မယ့်ခလုတ် ဆုတ်ပါစေ၊ တိုးမယ့် ကန်သင်း ရှင်းပါစေ၊ တွေ့မယ့်ဘေး ဝေးပါစေ၊ ငါ့သားသိန်းမောင် ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက်ပါစေ လိုရာဆန္ဒတွေ ပြည့်ဝပါစေတော်”

ဒီတစ်ခေါက်မှာတော့ မိခင်ဖြစ်သူက မေတ္တာတွေ၊ ဆုတွေ အပြည့်အဝပေးလိုက်တယ်။ သိန်းမောင် ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ အေဝမ်းဦးတင်မောင်နဲ့တွေ့ဆုံပြီး “ချစ်အနုမြူ” ရုပ်ရှင် ဇာတ်ကားကနေ စတင်ပြီး ဒါရိုက်တာသိန်းမောင်ဆိုပြီး နာမည်ကျော်လာခဲ့ပါတယ်။စာရေးဆရာတစ်ပိုင်း ဒါရိုက်တာတစ်ပိုင်းဖြစ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးတွေ စာအုပ်တိုက်တွေရဲ့ ကမ်းလှမ်းမှုတွေကြောင့် အချိန်တို အတွင်းမှာ နိုင်ငံကျော်သိန်းမောင်ဖြစ်လာခဲ့ပါတယ်။

အခုရေးသားခဲ့တဲ့ ကျိုက်လတ်သား သိန်းမောင်ဆိုတာ တခြားလူ မဟုတ်ပါဘူး။ စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီများရှင် ဘဘဦးသုခပဲဖြစ်ပါတယ်။“Mother’s Day”မှာတော့ စာပေဟောပြောပွဲတွေမှာ ဘဘဦးသုခပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ပဲ နိဂုံး ချုပ်ချင်ပါတယ်။“ကမ္ဘာကြီး ကမ္ဘာကြီးတွေကို အာဒံနဲ့ဧဝကပဲ စတယ်လို့ ပြောပြော . . . ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော . . . သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့ အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ် မဟုတ်လား အမေ . . .

အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ . . . သားသည်အမေ တစ်ယောက်ဟာ အမေပါပဲအမေ . . .သူကယုတ်ညံ့လို့ိ. . . . သူကလူမျိုးခြားမို့လို့ . . . . သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား . .မလွန်ပါဘူး အမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ အမေမှန်ရင်လေ နားနဲ့မနာဖဝါးနဲ့နာ ပြောလိုက် ပါရစေတော့ . . . အမေဟာ ကျွန်တော့် လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ . . . အမေဟာ အမေပါပဲ အမေ” အကိုးအကား – “ဘယ်သူပြိုင်လို့ လှပါနိုင်”တရားတော် – ဦးသုခအထုပ္ပတ္တိ

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Unicode