Love

သင့်ကိုတကယ်ချစ်တဲ့ ယောကျာ်းလေးတယောက်မှာ ဒီအချက်တွေရှိရမယ်

အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်

သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်

အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့ အသုံးချတတ်ပါတယ်

သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူး

ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်တချို့ကိစ္စတွေအတွက် အကြံဥာဏ်တောင်းတတ်တယ်

သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာပေးတတ်တယ်

သင် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ကောင်းနေပါလိမ့်မယ်

စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင်ပြောပြတတ်တယ် ။ သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထားတတ်ပါတယ်

သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။ တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ ရှိနေတတ်တယ်

အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတတ်တယ် ။

သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်

အတိတ်က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ

အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကိုဘယ်လောက်ချစ်တဲ့အကြောင်းကို ကြွားစရာတခုလိုပြောပြနေတတ်တယ်

သူ့ ဖုန်း Wallpaper မှာ သင့်Photo လေးထည့်ထားတတ်တယ်

သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး သင့်ကို ခဏခဏခေါ်နေတတ်တယ်

ကြိုက်သလောက်စားပါ ။ တက်လာတဲ့ ကိုယ်အလေးချိန်က်ု သူအပြစ်မရှာတတ်ပါ

ဒေါသထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိဘူး

သူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း သင့်ကို ပြောပြထားတတ်ပါတယ်

သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။ တည်အောင်လည်း လိုက်နာတယ်

သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်

သင်က သဝန်တိုတဲ့အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။

သင့်မွေးနေ့ကို သူမမေ့ဘူး ။ အမှတ်တရနေ့တွေကို သူမမေ့ဘူး

သင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်

Facebook မှာ သူတင်သမျှ ဟာ သင့်ကိုဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်း

အတူစကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပစ်တတ်ပါတယ်

မေးစရာမလိုပါဘူး ။ ဒီနေ့ဘယ်သွားမယ် … ဘယ်မှာ ရှိမယ် … ဘာတွေ လုပ်မယ်ဆိုတာ သင့်ကိုအမြဲ အစီရင်ခံနေမှာပါ

သင့်ကို သူ့ကြောင့် မျက်ရည်မကျစေပါဘူး ။

အခမ်းနားဆုံးမဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီးပေးနေပါလိမ့်မယ်

သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် ဦးဆုံးသတိရမိသူဟာ သင်ပါပဲ

ယုံကြည်ချက် … နားလည်မှု …သစ္စာ တရား ဒါတွေဟာ သင့်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တခုပါ…

ဒီလို အချက်တော်တော်များများနဲ့ကိုက်ညီတဲ့
ချစ်သူယောကျာ်းလေးမျိုးပိုင်ဆိုင်ထားတယ် မဟုတ်လား

သင်ဟာ . . .တကယ်ကံကောင်းတဲ့ မိန်းကလေးပါပဲ … … …။

Credit

Unicode