ဓာတ်ဆားရေသောက်တော့မယ်ဆိုရင် ဒီစာလေးအရင်ဖတ်ကြည့်လိုက်ပါနော်မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထားသင့်ပါတယ်။
ဓာတ်ဆားဆိုတာဘာလဲ…ဘာအတွက်သုံးတာလဲ)
ဓာတ်ဆားမှုန့် (Oral Rehydration Salts)ဆိုတာ…ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ…ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဆေးမှုံ့ပေါ့
…(ဘယ်လိုဓာတ်ဆားသောက်ရင် အကောင်းဆုံးလဲ) မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ဓာတ်ဆား…နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…
အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ… အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုးအာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…
မြန်မာနိုင်ငံဆေးဝါးစက်ရုံ (MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)ဓာတ်တားထုတ်ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး…
(ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်ရမလဲ)…ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…ဓာတ်ပျယ်သွားတတ်လို့ပါ…ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူး…ဓာတ်ဆားရည်ကိုဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမသောက်ရဘူးလဲပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါဖြစ်တတ်လို့ပါ။
ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်…(ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ…ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့တင်ပြလိုက်ရပါတယ်…ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
crd
Unicode
ဓာတ်ဆားရေသောက်တော့မယ်ဆိုရင် ဒီစာလေးအရင်ဖတ်ကြည့်လိုက်ပါနော်ဓာတ်ဆားရေသောက်တော့မယ်ဆိုရင် ဒီစာလေးအရင်ဖတ်ကြည့်လိုက်ပါနော်မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထားသင့်ပါတယ်။ ဓာတ်ဆားဆိုတာဘာလဲ
…ဘာအတွက်သုံးတာလဲ)…
ဓာတ်ဆားမှုန့် (Oral Rehydration Salts)ဆိုတာ…ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ…ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဆေးမှုံ့ပေါ့…(ဘယ်လိုဓာတ်ဆားသောက်ရင် အကောင်းဆုံးလဲ) မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ဓာတ်ဆား…နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…
အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ… အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုးအာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ (MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)ဓာတ်တားထုတ်ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date)ပါ…
Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး…(ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ
…ဘယ်ရေနဲ့ဖျော်ရမလဲ)…ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…ဓာတ်ပျယ်သွားတတ်လို့ပါ…ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူး…
ဓာတ်ဆားရည်ကိုဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမသောက်ရဘူးလဲပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်…
၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါဖြစ်တတ်လို့ပါ။ ဓာတ်ဆားထုတ်ကို ဆီးချို /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်…
(ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ…ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့တင်ပြလိုက်ရပါတယ်…ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။crd