Knowledge

လူတိုင်းမှာ ခက်ခဲတဲ့အခိုက်အတန့်တွေရှိတယ် ဖြေရှင်းပုံပေါ်မူတည်ပြီးလူတွေရဲ့ ဘဝအခြေအနေတွေကွာသွားတာပါ

အတိတ်နိမိတ်တဲ့ သင့်ပါးစပ်ကထွက်တဲ့ စကားလုံးတိုင်းက သင့်ဘဝကိုပြောင်းလဲစေနိုင်တယ်

ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေရင် တနေ့တခြား ကြပ်တည်းလာတာ ပိုသိသာလာတယ်… အဆင်မပြေဘူးလို့ ခနခနတွေးနေရင်ပိုပြီး အဆင်မပြေဖြစ်လာတယ်။

ဒါအယူအဆမဟုတ်ဘူး။ ဘာသာရေး အတွေးမဟုတ်ဘူး…Psycho သဘောပဲ ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။

ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်။ ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်းကိုယ့်နှုတ်ထွက်စကားတွေ အတိုင်းကိုယ့်ဘဝက ပြောင်းသွားတယ်။

ဒါ့ကြောင့် အမြဲတမ်း အကောင်းဘက်ကတွေးပါ။ အကောင်းဘက်ကို တွေးပါ အောင်မြင်သူလိုတွေးပါ။ အောင်မြင်သူတွေနားချဉ်းကပ်ပါလို့ ပြောကြတာပေါ့။

လဲကျတာဟာ ပြသနာမဟုတ်ဖူးလေ။ပြန်မထချင်တော့တာ or ငါ ပြန်မထနိုင်လောက်ပါဘူးလို့တွေးတာ လက်လျှော့လိုက်တော့မယ်ဆိုတာကသာ ပြသနာကြီးပါ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲတွေးဖို့ ပိုလိုတာပါ။

လူတိုင်းမှာ ခက်ခဲတဲ့အခိုက်အတန့်တွေရှိတယ် ဖြေရှင်းပုံပေါ်မူတည်ပြီးလူတွေရဲ့ ဘဝအခြေအနေတွေကွာသွားတာပါ။C r d

Zawgyi