မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ယခုအဖြစ်အပျက်လေးကတော့ တရုတ်နိုင်ငံရှိ ဂွမ်ဒေါင်းပြည်နယ် နည်းပညာတက္ကသိုလ် ကျောင်းဝန်းထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
တစ်နေ့တွင်ကျောင်းသားတစ်ဦးသည် ကျောင်းဝန်းထဲ သွားရောက်ခဲ့ပြီး ကျောင်းဖွင့်တော့မည် ဖြစ်သည့်အတွက် သန့်ရှင်းရေး လုပ်ဆောင်ရန်ဖြစ်သည်။
ထို့နောက် သန့်စင်ခန်းသို့ သွားရာက်သည့်အခါမှ မထင်မှတ်ပဲ အိမ်သာထဲကနေ အပင်တစ်ပင်ပေါက်ရောက်နေသည်ကို အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။ကျောင်းသားလေးသည် အစပိုင်းတွင် ရုတ်တရက်ကြည့်လိုက်ရာ ပန်းပင်လေးလားဟု ထင်ခဲ့သော်လည်း
အပင်မှ အသီးလေးကိုတွေ့တော့မှ ငရုတ်ပင်မှန်းသိခဲ့ရသည်။ထိုအဖြစ်အပျက်ကို မြင်ပြီး ချက်ချင်းဆိုသလို ကျောင်းသားလေးသည် ပုံရိုက်ကာ လိုင်းပေါ်တင်လိုက်သည်။
ထို့နောက် အခြားအတန်းဖော်ကျောင်းသားများ အနှောင့်အယှက်မဖြစ်ရအောင်ဆိုပြီး ငရုတ်ပင်လေးအား ဆွဲနှုတ်ထုတ်ပစ်ခဲ့သည်။အချို့ကျောင်းသားလေးများမှလည်း ထိုအဖြစ်ကို သေချာမတွေ့လိုက်ရခြင်းကြောင့်
စိတ်မကောင်းဖြစ်ခဲ့ရပြီး အချို့မှာ ထိုငရုတ်သီးကိုအား ဟင်းချက်သည့်အခါ ထည့်ချက်ပါလားဆိုပြီး စနောက်ကာ ပြက်ရယ်ပြုခဲ့ကြပါတယ်တဲ့နော်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။
Zawgyi
ကျောင်းပိတ်ချိန်ကြာမကြာ စဉ်းစားကြည့် အိမ်သာထဲက ငရုတ်စေ့တောင် အသီးသီးနေတဲ့အဖြစ်