Knowledge

အိပ်နေတုန်း ခွေးကိုက်ခံရတယ်လို့ အိမ်မက်မက်ဖူးလား ဒါဆိုဒီစာလေးဖတ်ကြည့်ပါ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အိပ်မက်က ဖော်ပြပေးနေတဲ့ ခွေးနိမိတ်အိပ်မက် အကြောင်းအရာလေးပဲဖြစ်ပါတယ်။

အိမ်မက်ယတြာ အိပ်နေတုန်း ခွေးကိုက်ခံရတယ်လို့ မက်ဖူးလားခွေးလိုက်တယ်၊ ခွေးကိုက်တယ်လို့ အိမ်မက်မက်ရင်မကောင်း ဒီလိုဖြစ်ရင် လမ်းပေါ်မှာတွေ့ရတဲ့ ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်

တစ်ကောင်ကို အစာဝအောင် ကျွေးမွေးပေးပါ။ ပြေပျောက်ပါတယ်။ သေသူကို အိမ်မက်ထဲ မကြာခဏအိမ်မက်မက်နေရင် ထိုသူဟာမကျွတ်သေး၊ သေဆုံးသူက စွဲလမ်းနေတယ်လို့ ယုံကြည်ကြတယ်။ ဒီလိုဖြစ်ရင် သေဆုံးသူအတွက်ရည်စူးပြီး ရဟန်းအားလှူပါ။

ပြေပျောက်ပါတယ်။မီးဖို၊မီးခဲမီးလောင်နေတယ်လို့ အိမ်မက်မက်ရင် သောကမီးပွားရတယ်လို့ ယုံကြည်ကြတယ်။ ဒီလိုဖြစ်ရင် မွေးနံဂြိုလ်တိုင်မှာ အသက်ထက် တစ်ခွက်ပိုပြီးရေချမ်းကပ်လှူပါ ပြေပျောက်ပါတယ်။ အမြင့်မှလိမ့်ကျတယ်လို့ အိမ်မက်မက်ရင်လှေ ကားမှဆင်းရတယ်လို့ မြင်မက်ရင် ရာထူးစည်းစိမ်များပြုတ်တယ်လို့ ယုံကြည်ကြတယ်။ဒီလိုမက်ရင် ရဟန်းသို့အဟုတ် သီလရှင်တစ်ပါးပါးကို ထီးလှူပါပြေပျောက်ပါတယ်။

ညှိုးငယ်နေသူကိုတွေ့ရတယ်လို့ အိမ်မက်မက်ရင် စိတ်ညှိုးငယ်ရတယ်လို့ ယုံကြည်ကြတယ်။ ဒီလိုမက်ရင် သစ်ပင်တစ်ပင်ကို ရေလောင်းပြီး ဆုတောင်းပေးပါ။

ပြေပျောက်သွားပါလိမ့်မယ်။အချူပ်အနှောင်ထောင်ကျတယ်လို့ အိမ်မက်မက်ရင်အမှုရှုံးမယ်လို့ ယုံကြည်ကြတယ်။ ဒီလိုဖြစ်ရင်စာကလေးကို ဘေးမဲ့လွှတ်ပေးပါ။ပြေပျောက်သွားပါလိမ့်မယ်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်သော နေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေ။