Local News

ခွေးအမှတ်နဲ့ မွေးထားမိရာက (၂)နှစ်ကြာမှ အံ့အားသင့်စရာကြုံတွေ့ခဲ့ရတဲ့ မိသားစု

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ လူတော်တော်များများကတော့ အိမ်မွှေးတိရစ္ဆာန်အဖြစ် ချစ်စရာခွေးကလေးတွေ ကြောင်ကလေးတွေကို မွေးမြူတတ်ကြပါတယ်။

လွန်ခဲ့တဲ့(၂)နှစ်ခန့်က တရုတ်မိသားစုတစ်စုဟာ ချစ်စရာခွေးလေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ခွေးပေါက်ကလေးဟာ ကြီးထွားနှုန်းအလွန်လျင်မြန်ခဲ့တဲ့အပြင် ခွေးတစ်ကောင် စားသောက်တာထက်ပိုပြီး စားသောက်နေခဲ့တာကြောင့် မွေးထားတဲ့မိသားစုက အံ့သြနေခဲ့ကြပါတယ်။

မကြာခင်မှာပဲ သူတို့မွေးထားတဲ့ခွေးပေါက်ကလေးဟာ ပေါင်(၂၅၀) လောက်ရှိတဲ့ အနက်ရောင်ဝက်ဝံကြီးတစ်ကောင် ဖြစ်လာပါတော့တယ်။ဝက်ဝံပေါက်ကို ခွေးအမှတ်နဲ့ အိမ်ခေါ်လာတဲ့ အမျိုးသမီးဖြစ်သူ စုယွန်းက တရုပ်သတင်းဌာနကို အခုလိုပြောပြပါတယ်။ “သူက နေ့တိုင်းသစ်သီးတစ်သေတ္တာနဲ့ ခေါက်ဆွဲ(၂)ပုံးလောက် စားပါတယ်။”

ခွေးဟာတဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျောက်လာတာကြောင့်သူတို့မွေးစားခဲ့တဲ့ တိရစ္ဆာန်ဟာ ခွေးမဟုတ်ဘဲ ဝက်ဝံဖြစ်နေမှန်း ရိပ်မိခဲ့ကြတာဖြစ်ပါတယ်။တဖြည်းဖြည်း ကြီးလာလေလေ၊ ဝက်ဝံတစ်ကောင်နဲ့ တူလာလေလေဖြစ်ကြောင်း စုယွန်းကပြောပြခဲ့ပါတယ်။

အခုဆိုရင်တော့ ဝက်ဝံကို ယင်နန်တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးဌာနက စောင့်ရှောက်ဖို့ ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ဝက်ဝံဟာ ရှားပါးမျိုးနွယ်စာရင်းဝင်နေတဲ့ အာရှအနက်ရောင် ဝက်ဝံတစ်မျိုးဖြစ်ပါတယ်။

စုယွန်းတို့မိသားစုကတော့ အဆိုပါဝက်ဝံကို အားလပ်ရက် အလည်ခရီးသွားရာကနေ တိဘက်အိမ်စောင့်ခွေးကြီးထင်ပြီး အိမ်ကိုခေါ်လာခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ်။

အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်