အသက်ကယ်တဲ့ ရှည်စေလို မန်း တောင် ရိပ် ခို။
မိမိအသက် ရှည်ချင်ရင်ဗုဒ္ဓမြတ်စွာပေးတဲ့ နည်းကတော့…
မန်း တောင် ရိပ် ခို ကြပါ တဲ့သူတော်ကောင်းတို့ရေ…
မန်း ဆိုတာ…
ကြာသပတေးနံ – ၅ ဂဏာန်းကို ပြပါတယ်။
၅ – ဆိုတာ…
ငါးပါးသီလကို လုံခြုံဖို့ ပြောတာပါ။
၁။သူတစ်ပါးအသက် မသတ်ရ။
သတ်က အသက်တို၏။
၂။သူတစ်ပါးဥစ္စာ မခိုးရ။
ခိုးပါက ဥစ္စာပျောက်တတ်၏။
၃။သူတစ်ပါး သားမယား မပြစ်မှားရ။
ပြစ်မှားပါက ဝဋ်လည်တတ်၏။
၄။သူတစ်ပါးကို မလိမ်ရ။
လိမ်ခဲ့ပါက မိမိပြောစကား မယုံကြပါ။
၅။သေရည်အရက် မသောက်ရ။
သောက်ပါက အရူးဖြစ်တတ်၏။
တောင် ဆိုတာ…
စနေနံ – ၇ ဂဏာန်းကို ပြပါတယ်။
၇ – ဆိုတာ…
သူတော်ကောင်းဥစ္စာ ( ၇ )ပါးနဲ့ ပြည့်စုံရမယ်လို့
ပြောတာပါ။
၁။သဒ္ဓါ
ယုံကြည်မူ
ရတနာသုံးပါးအပေါ် အနှိုင်းမဲ့ယုံကြည်ခြင်း။
၂။သီလ
၅ ပါး ၈ ပါး သီလတွေကို လုံခြုံအောင်
စောင့်ထိန်းရမည်။
၃။သုတ
အကြား အမြင်
ဗုဒ္ဓတရား စာပေ ဗဟုသုတ ရှိရမည်။
၄။စာဂ
မိမိတတ်နိုင်သလောက် လှူဒါန်းရမည်။
ဒါနတရား။
၅။ပညာ
လောကီပညာကို မဆိုလို။
လောကုတ္တရာပညာကိုသာ ဆိုလိုပါသည်။
ဝိပဿနာပညာ ခန္ဓာငါးပါး စသောအရာများ။
၆။ဟိရီ
အကုသိုလ်တရားတို့အပေါ်၌ ရှက်တတ်ရမည်။
၇။သြတပ္ပ
အကုသိုလ်တရားတို့အပေါ်၌ ကြောက်လန့်ရမည်။
ရိပ် – ဆိုတာ…
ဗုဒ္ဓဟူးနံ – ၄ ဂဏာန်းကို ပြပါတယ်။
၄ – ဆိုတာ
ဗြဟ္မစိုရ်တရား ( ၄ ) ပါး လက်ကိုင်ထားရမည်လို့
ပြောတာပါ။
၁။မေတ္တာ
သတ္တဝါတို့အပေါ်၌ မေတ္တာထားခြင်း။
၂။ကရုဏာ
သတ္တဝါတို့အပေါ်၌ သနားကြင်နာခြင်း။
၃။မုဒိတာ
သတ္တဝါတို့ ချမ်းသာ ကြီးပွားသောအခါ ဝမ်းသာခြင်း။
၄။ဥပေက္ခာ
သတ္တဝါတို့အပေါ်၌ ဥပေက္ခာနဲ့ ပြည့်စုံခြင်း။
ခို – ဆိုတာ…
တနင်္လာနံ – ၂ ဂဏာန်းကို ပြပါတယ်။
၂ – ဆိုတာ…
လောကပါလတရား နှစ်ပါးကို ကျင့်သုံးရမည်လို့
ပြောတာပါ။
ထိုတရားနှစ်ပါး လောက၌ မရှိကြသောအခါ လောကကြီး ပျက်စီးပါလိမ့်မည်။
၁။ဟိရီ
အကုသိုလ်တရားတို့ကို ပြုလုပ်တိုင်း ရှက်နေရမည်။
၂။သြတပ္ပ
အကုသိုလ်တရားတို့ကို ပြုလုပ်တိုင်း ကြောက်လန့်ရမည်။
မည်သူမဆို ဗုဒ္ဓပေးတဲ့နည်းလမ်းအတိုင်း ကျင့်ကြံ နေထိုင်ပါက အသက်ရှည်လိမ့်မည်ဟု ရှေးဆရာတော်ကြီးများက မိန့်တော်မူခဲ့ပါတယ်။
Uncideo
ဗုဒ္ဓနည်းပေး အသက်ရှည်ဆေး”