အပြင့္ကစ တစ္ပင္လုံးအစိမ္း ေရာင္ရွိတဲ့ ပင္ေစာက္မ်ိဳးပါ – စကားျဖဴ. စကားဝါတို ့နဲ႔ မ်ိဳးရင္းခ်င္း မတူပါ. ပြင့္ဖူးစကတည္းက အပြင့္ အဂါမ်ၤားစုံလင္ေပမယ့္ မေမႊးပါ ။
တျဖည္းျဖည္း ရင့္လာၿပီး ပြင့္ဖတ္ကေလးေတြ ဝါဖန႔္ဖန႔္ ျဖစ္လာရင္ေတာ့ ျပင္းရွတဲ့ရနံ႔နဲ႔ ကလူ ျမဴပါေတာ့တယ္ ။
ဒါေပမယ့္ ပန္းကေလးရဲ႕ ကံေခခ်က္က အိမ္တြင္းနတ္ေမာင္ႏွမနဲ႔ အထုံပါလာေတာ့
နတ္ယုံသူ အမ်ားစုက ပန္ ၾကဖို႔ ေန ေန သာသာ အိမ္ထဲယူရင္ေတာင္ နတ္မႀကိဳက္ဘူး ျပန္ယူသြားလို႔ ႀကိမ္းေမာင္းခံရသတဲ့ ။
ဒါေပမယ့္ ႏွစ္သက္သူေတြကေတာ့ ပန္လို႔ နမ္းလို႔ ႏြမ္းညိဳလာရင္. နမ္း႐ိူက္ေနတဲ့ ပန္းကေလးဟာ ရနံ႔ မျပယ္ေသးေလေတာ့ ႏွေျမာ တ သ စြာနဲ႔ မပစ္ရက္ပဲ အုန္းဆီ ပုလင္းထဲမွာ. စိမ္ၿပီး ဆံပင္ လူးၾကတဲ့အခါ. ပိုမိုေမႊးပ်ံ႕ ၾကလို႔ ၾကည္းႏူးၾကပါရဲ႕ ။
နတ္ယုံၾကည္သူမ်ားကေတာ့ မယုံရဲ ယုံရဲ မလုံ မလဲနဲ႔ ပန္းမွ မပန္တာဆိုၿပီး ပန္းစိမ္ထားတဲ့ အုန္းဆီေမႊးကိုယူ လူးၾကရင္း လက္ဖဝါးမွာ ဆီကပ္က်န္ခဲ့တဲ့ ပန္းရနံ႔ကို ပြတ္ေခ်ၿပီးနမ္းလို႔ကို မဝ ႏိုင္ေပဘူးတဲ့ေလ ။
ေဩာ္ …ပန္းကေလး စကားစိမ္း။
စကားစိမ္းပန္းေဆးဖက္ဝင္ပုံ
ႏွလုံးေသြးေၾကာက်ယ္ ေရာဂါ –
စကားစိမ္းပြင္ ့ လက္တစ္ဆုပ္ကို ေရ ၃ ခြက္ ၁ ခြက္တင္ က်ိဳေသာက္ပါ-
လက္ဖက္ရည္ အခ်ိဳ ပုဂံ ၄ လုံး စာမွ် က်န္ေအာင္ မွန္းထည့္၍ တစ္ေန႔လွ်င္ မနက္ ည ၂ ႀကိမ္ ( ၁ ႀကိမ္လွ်င္ အခ်ိဳပုဂံ ၁ လုံးမွ် ၂ ရက္ ဆက္၍ တိုက္ပါ – ၂ ပတ္ၾကာလွ်င္ ေရာဂါ ေပ်ာက္ကင္းသြားမည္ ။
ျဖည့္စြက္ေဆးနည္း နကၡတၱေရာင္ျခည္မဂၢဇင္း
Thuya Htayaung
Unicode
နှလုံးသွေးကြော ကျယ် သူများအတွက် နတ်ဆေးတစ်လက်
အပွင့်ကစ တစ်ပင်လုံးအစိမ်း ရောင်ရှိတဲ့ ပင်စောက်မျိုးပါ – စကားဖြူ. စကားဝါတို့နဲ့ မျိုးရင်းချင်း မတူပါ. ပွင့်ဖူးစကတည်းက အပွင့် အဂါင်္များစုံလင်ပေမယ့် မမွှေးပါ ။
တဖြည်းဖြည်း ရင့်လာပြီး ပွင့်ဖတ်ကလေးတွေ ဝါဖန့်ဖန့် ဖြစ်လာရင်တော့ ပြင်းရှတဲ့ရနံ့နဲ့ ကလူ မြူပါတော့တယ် ။
ဒါပေမယ့် ပန်းကလေးရဲ့ ကံခေချက်က အိမ်တွင်းနတ်မောင်နှမနဲ့ အထုံပါလာတော့
နတ်ယုံသူ အများစုက ပန် ကြဖို့ နေ နေ သာသာ အိမ်ထဲယူရင်တောင် နတ်မကြိုက်ဘူး ပြန်ယူသွားလို့ ကြိမ်းမောင်းခံရသတဲ့ ။
ဒါပေမယ့် နှစ်သက်သူတွေကတော့ ပန်လို့ နမ်းလို့ နွမ်းညိုလာရင်. နမ်းရိူက်နေတဲ့ ပန်းကလေးဟာ ရနံ့ မပြယ်သေးလေတော့ နှမြော တ သ စွာနဲ့ မပစ်ရက်ပဲ အုန်းဆီ ပုလင်းထဲမှာ. စိမ်ပြီး ဆံပင် လူးကြတဲ့အခါ. ပိုမိုမွှေးပျံ့ ကြလို့ ကြည်းနူးကြပါရဲ့ ။
နတ်ယုံကြည်သူများကတော့ မယုံရဲ ယုံရဲ မလုံ မလဲနဲ့ ပန်းမှ မပန်တာဆိုပြီး ပန်းစိမ်ထားတဲ့ အုန်းဆီမွှေးကိုယူ လူးကြရင်း လက်ဖဝါးမှာ ဆီကပ်ကျန်ခဲ့တဲ့ ပန်းရနံ့ကို ပွတ်ချေပြီးနမ်းလို့ကို မဝ နိုင်ပေဘူးတဲ့လေ ။
ေဩာ် …ပန်းကလေး စကားစိမ်း။
စကားစိမ်းပန်းဆေးဖက်ဝင်ပုံ
နှလုံးသွေးကြောကျယ် ရောဂါ –
စကားစိမ်းပွင့် လက်တစ်ဆုပ်ကို ရေ ၃ ခွက် ၁ ခွက်တင် ကျိုသောက်ပါ-
လက်ဖက်ရည် အချို ပုဂံ ၄ လုံး စာမျှ ကျန်အောင် မှန်းထည့်၍ တစ်နေ့လျှင် မနက် ည ၂ ကြိမ် ( ၁ ကြိမ်လျှင် အချိုပုဂံ ၁ လုံးမျှ ၂ ရက် ဆက်၍ တိုက်ပါ – ၂ ပတ်ကြာလျှင် ရောဂါ ပျောက်ကင်းသွားမည် ။
ဖြည့်စွက်ဆေးနည်း နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
Thuya Htayaung