ဆယ်တန်းအောင်စာရင်းထွက်ပြီးလို့ ဘယ်ကျောင်းတက်ရမလဲ စဉ်းစားနေတဲ့သူတွေကို ဒီကျောင်းအကြောင်း ပြောပြချင်ပါတယ်။
အရင်အစိုးရလက်ထက်မှာ အိန္ဒိယအစိုးရနဲ့ G to G အကူအညီနဲ့ တည်ထောင်ထားတဲ့ အစိုးရတက္ကသိုလ်ပါ။
ပုဂ္ဂလိက တက္ကသိုလ်လို့ အထင်မှားနေကြတာတွေ ရှိပါတယ်။ IT နဲ့ ပတ်သက်တဲ့ နည်းပညာ တက္ကသိုလ်တစ်ခုပါ။
Electric and communication Engineering ( EC ) နဲ့ computer science Engineering ( CSE ) ဆိုပြီး Major နှစ်ခုကိုရွေးချယ်လို့ ရပါမယ်။
ဝင်ခွင့်ဖြေရပါတယ်။ ဝင်ခွင့်ကခက်ပါတယ်။ ဆယ်တန်းစာကိုပဲ အခြေခံပြီးပြန်မေးတာပေမယ့် တစ်ကယ်တတ်ကျွမ်းမှုဘက်ကို ရွေးချယ်မေးတာမျိုးမို ့ ဆယ်တန်းစာကိုပဲ သေချာပြန်လုပ်ထားဖို့လိုပါမယ်။ အရေးကြီးတဲ့အချက်ကိုပြောရရင် ဝင်ခွင့်လိုက်လို့ ရတယ်ဆိုတဲ့ ပြသနာမျိုးလုံးဝမရှိတာပါ။
ဘာလို့ အာမခံနိုင်သလဲမေးရင် ၂၀၂၀ အထိ အဲဒီတက္ကသိုလ်ရဲ့ သင်ကြားရေးနဲ့ စီမံခန့် ခွဲမှုအဝဝဟာ အိန္ဒိယ ကလာတဲ့ ဆရာတွေရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာပါ။
အဲဒါကြောင့်ပဲ ဒီတက္ကသိုလ်ကို မြန်မာကျောင်းသားတွေ တက်စေချင်တဲ့အဓိက အချက်ပါ။ ဝင်ခွင့်စာမေးပွဲဟာ MCQ မေးခွန်းပုံစံဖြစ်ပြီး စက်နဲ့ စစ်တယ်ဆိုတဲ့ စနစ်ပါ။
ဝင်ခွင့်အမှတ်နဲ့ ဆယ်တန်းအမှတ် နှစ်ခုကိုပြန်ပေါင်းပြီးရွေးပါတယ်။မေဂျာတစ်ခုကို လူ ၆၀ ပဲ ရွေးပြီး နှစ်မေဂျာပေါင်းမှ တစ်နှစ်ကို လူ ၁၂၀ ပဲရွေးချယ်ပါတယ်။အဲဒီတက္ကသိုလ်အနေနဲ့ ဒီနှစ်က ပဉ္စမမြောက် batch ဖြစ်မှာပါ။ကျောင်းရဲ့ အားသာချက်တွေကိုပြောပြချင်ပါတယ်။
( ၁ )ကျောင်းသားတစ်ယောက်ကို laptop တစ်ယောက်တစ်လုံး ပေးထားပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ မြန်မာပြည်က တစ်ခြားနည်းပညာတက္ကသိုလ်တွေမှာ Programming ဘာသာရပ် ကို အော်ကျက်နေကြရတဲ့ စိတ်မချမ်းသာစရာ မြင်ကွင်းမျိုးမရှိတော့တာပါ။ အဲဒီအတွက်ပဲ တစ်ကယ်သင်ပြီး တစ်ကယ်လုပ်ရတဲ့ တစ်ကယ်တတ်တဲ့ တက္ကသိုလ်တစ်ခုဖြစ်လာ ရပါတယ်။
( ၂ ) သင်တဲ့ဆရာတွေက နိုင်ငံခြားသားတွေ ဖြစ်တဲ့အတွက် အင်္ဂလိပ်ကောင်းဖို ့အရေးကြီးပါတယ်။ ဆရာနဲ့ တပည့် အင်္ဂလိပ်လိုပဲ ပြောဆိုသင်ကြားဆက်သွယ်ကြရလို့ပါ။
ကျောင်းရဲ့ အကြီးဆုံး ဒါရိုက်တာ Mr. Raja ကို ကျောင်းသားတွေက Hi ..Raja လို့ခေါ်ပြီး တိုက်ရိုက် mail ပို့ရပါအတယ်၊ complaint တက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီကျောင်းရဲ့ Atmosphere ကို ခင်များတို့ ဆက်ပြီးခန့် မှန်းကြည့်လို့ရမယ်ထင်ပါတယ်။
ရာဂျာက ပြောတာ ကြားဖူးတယ် ။ မြန်မာကျောင်းသားတွေ မညံ့ဘူးဒါပေမယ့် ဘာဖြစ်လို့ကြောက်နေကြတာလဲတဲ့။ ပြီးတော့ မြန်မာကျောင်းသားဆွေကို သူ မကြိုက်ဆုံးအချက်က မေးခွန်းတွေ မမေးကြတာပဲတဲ့။ သူ့ကျောင်းသားတွေ မေးခွန်းမမေးရင် ဆရာတွေအဲဒီအခန်းက ပြန်မထွက်ရဘူးလို့ သူ့ဆရာတွေကိုပြောထားတယ်တဲ့။
သူ့ဆရာတွေက ဒီကျောင်းသားတွေကို သင်ရတာ မလွယ်ဘူး သိပ်ခက်တယ် အများကြီးပြင်ဆင်ရတယ်လို့ သူ့ကို လာပြီးညည်းညူတာပဲ သူလိုချင်ပါတယ်တဲ့။
အဲဒီကျောင်းက ကျောင်းသားတွေကို သွားကြည့်ရင် ခင်ဗျားတို့ စိတ်ချမ်းသာမယ့်အရာတစ်ခု ရှိပါတယ်။ အဲဒါက ကျောင်းသားတွေရဲ့ မျက်နှာပေါ်မှာ ပေါ်ထွက်နေတဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုနဲ့ ရဲရင့်နေမှုပါ။
ဒါကလည်း မထူးဆန်းပါဘူး။ အဲဒီသင်ကြားပုံအောက်ကနေ အဲဒီလိုကျောင်းသားတွေပဲ ထွက်လာမှာပါ။ ကျနော်ကတော့ ပြောတယ်။ ဒါဟာ ပြည်ပကိုထွက်သင်မှသာ ရနိင်မယ့် Atmosphere ပဲလို ့။ ဒီကလေးတွေ ကံကောင်းလိုက်တာဆိုပြီးတော့ ပြောလေ့ရှိပါတယ်။
( ၃ ) အဲဒီတက္ကသိုလ်ရဲ့ ထူးခြားချက်ကိုပြောပါဆိုရင် လုံးဝကျူရှင်မရှိတာပါပဲ။ ဆရာတွေက ကျူရှင်ဆိုတာ မရှိပါဘူး။ ကျောင်းမှာ အပီးသင်တယ်။ ကျောင်းသားချင်းစာစုလုပ်ကြတယ်။ မရှင်းတာမှန်သမျှ ဆရာဆရာမတွေ ကိုအချိန်မရွေးသွားမေးလို ့ရတယ်။ ဆရာတွေနဲ့ ကျောင်းသားတွေဟာ အမြဲ group chat တွေ group discussion တွေနဲ့ပါ။
စာတွေဟာ video file တွေ ၊ slide တွေနဲ့ပေးပြီး ကျောင်းရဲ့ website မှာ သက်ဆိုင်ရာဆရာတွေက ၊ စက်ဆိုင်ရာ note တွေ တင်ပေးတာမျိုးပါ။ ဒါကို ကျောင်းထဲမှာပဲ ဖွင့်ကြည့်လို့တဲ့ နည်းပညာနဲ့ဆိုတော့ ကျောင်းသားဟာ ကျောင်းကို လာကိုလာရပါတယ်။
ကျောင်းသားတွေရဲ့ laptop မှာ ကုဒ်တွေပါပြီး ဘယ်သင်ခန်းစာ ဖတ်မဖတ်ပါ မှတ်တမ်းယူထားမျိုး၊ ခြေရာခံလို့ရတာမျိုးပါ။ တစ်ကျောင်းလုံး CCTV အပြည့်နဲ့ပါ။ ကျောင်းခေါ်ချိန် ၉၀ % ပါ။
စုစုပေါင်း ၅ နှစ်တက်ပြီး BE ( hons ) ဘွဲ့ပေးမှာပါ။ အိန္ဒိယရဲ့နာမည်ကြီး နည်းပညာတက္ကသိုလ်နဲ့ အဆင့်တူ တက္ကသိုလ်အဖြစ် အဲဒီကသင်ရိုးညွှန်းတမ်း၊ အဲဒီကဆရာတွေနဲ့ သတ်မှတ်သင်ကြားတာပါ။
ဒီကျောင်းပြီးတဲ့အခါ ကမ္ဘာပေါ်က ဘယ်တက္ကသိုလ်ကိုမဆို ME သွားတက်လို့ရတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အဲဒီကျောင်းကို ကမ္ဘာကအသိအမှတ်ပြုလို့ ဆိုချင်တာပါ။
အဲဒီကျောင်းပြီးရင် နည်းပညာသမားတစ်ယောက်အဖြစ် သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် ရပ်တည်နိုင်မှာပါ။ အဲဒီကျောင်းကို ဘာဖြစ်လို့သဘောကျရတာလဲ၊ အနှစ်သက်ဆုံးအချက်ကိုပြောစမ်းပါဆိုရင်တော့ ကျနော့်အနေနဲ့ တစ်ခွန်းပဲ ပြောစရာရှိပါတယ်။
တက္ကသိုလ်ဆိုတာ စာတစ်ခုတည်းကုန်းကျက်နေတဲ့ အရပ်မဟုတ်ဘူး ဆိုတဲ့လင်းပွင့်တဲ့ Atmosphere ကို ရစေတာ တစ်ခုတည်းနဲ့တင် လို ့ပြောရမှာပါ။အားနည်းချက်အနေနဲ့ တစ်ခုပဲ ပြောစရာရှိပါတယ်။
စာတစ်ကယ်လုပ်ရတဲ့ကျောင်းပါ။ စာမလုပ်ချင်ရင် IT ဝါသနာမပါရင်လုံးဝမလာသင့်ပါဘူး။ စာတွေကခက်ပါတယ်။ စာမေးပွဲဟာ တစ်နှစ်တစ်ခါအတန်းတက်တဲ့ပုံစံနဲ့သွားတာမဟုတ်ပဲ semester 10 ကို A , B+,B ….အဲဒီလိုတွေပေးတဲ့ပုံစံနဲ့ သွားပါတယ်။
စာမေးပွဲမရှိတဲ့အပါတ်ဆိုတာ မရှိသလောက်ရှားပြီး နာမည်အမျိုးမျိုးနဲ့ ဖြေနေကြရတာပါ။ Surprise Quiz ဆိုတာကလည်း အပါတ်တိုင်းရှိတာမျိုးပါ။ စာတစ်ကယ် မလုပ်ချင်တဲ့သူတွေအတွက်ဆိုအဆင်မပြေပါဘူး။
စာများပြီးကျောင်းပျက်လို့မရတဲ့တက္ကသိုလ်ပါ။ဒါပေမယ့် ပြည်ပနိုင်ငံတွေမှာ တစ်နှစ်ကို သိန်းရာဂဏန်းလောက်ပေးသင်မှရမယ့် ပတ်ဝန်းကျင်နဲ့ပညာရေးကို ပြည်တွင်းမှာ ကျောင်းလခ တစ်လ ငါးထောင်ကျပ်နဲ့သင်ခွင့်ရမှာပါ။
အမှတ်တွေလည်းအများကြီး။ ဆရာဝန်လည်းမလုပ်ချင်။ ရေထဲလည်းတစ်သက်လုံးမနေနိုင်ဆိုတဲ့ကလေးတွေအတွက် laptop ကလေးဆွဲပြီး ရှပ်အကျႍအဖြူကလေးနဲ့ ဘောင်းဘီနက်ပြာဝတ်စုံကလေးနဲ့ ရှင်းသန့်တက်ကြွပြီးတက်စရာ တက္ကသိုလ် ရှိနေတဲ့အကြောင်း အသိပေးလိုတာပါ။
ဒီကျောင်းကနေ ငါးနှစ်အတွင်း ထွက်လာမယ့် နည်းပညာရှင် ၆၀၀ ဆိုတာ တိုင်းပြည်အတွက် တစ်ကယ်အသုံးဝင်မယ့် တတ်ကျွမ်းသူတွေ ဖြစ်နေမှာ တစ်ခုတည်းနဲ့ အတော်ကလေးအကျိုးများတာ မြင်နေရတော့ ဒီလိုပညာရေးအကူအညီတွေ ဘာလို့များ အများကြီးမရခဲ့တာပါလိမ့်လို့ အတော်ကလေးဝမ်းနည်းစိတ်မကောင်းစရာ ဖြစ်ရတာပါ။ များများမဟုတ်ဘူး။ မြန်မာပြည်မှာ ဒီလိုကျောင်းမျိုး ၃ ကျောင်းလောက်ဆို သိပ်ကောင်းမှာပဲလို့ လောဘလည်း ကြီးမိတာပါ။
ခုချိန်ထိတော့ မန္တလေးမြို့မှာ တစ်ခုတည်းရှိနေသေးတာပါ။ ကျောင်းဝင်ခွင့်က နိုဝင်ဘာမှာ ဖြေရပါတယ်။ Phy., chem, Maths,Eng လေးဘာသာလုံး MCQ ဖြေရပါတယ်။ ကျောင်းရဲ့ website မှာလည်းဝင်ကြည့်လို့ရပါတယ်။
အမတို့ first batch မှ ကျောင်းသား ကျောင်းသူများမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားတဲ့ ညီငယ် ညီမငယ်များအတွက် ခါတိုင်းနှစ်များကဲ့သို့ MIIT ဝင်ခွင့်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ကူညီလေ့ကျင့်သင်ကြားပေးမယ့် သင်တန်းလေး စီစဉ်ထားပါတယ် ။
ဒါပေမယ့် COVID-19 ကာလဖြစ်တဲ့အတွက် သင်ကြားမယ့်ပုံစံနဲ့ အခြေအနေလေးတွေကတော့ ခါတိုင်းနှစ်များနဲ့မတူ အပြောင်းအလဲ ရှိနိုင်ပါတယ်။ MIIT မှ ကျင်းပမည့် ဝင်ခွင့်စာမေးပွဲပုံစံကလဲ အပြောင်းအလဲ ရှိနိုင်ပါတယ်။
MIIT ကျောင်း (သို့) ကျောင်းဝင်ခွင့်နဲ့ ပတ်သတ်ပြီး အသေးစိတ်မေးမြန်းလိုတာရှိရင် chat box မှ ဖြစ်စေ ဖုန်းဆက်၍ဖြစ်စေ အချိန်မရွေးစုံစမ်းမေးမြန်းနိုင်ပါတယ်။ ဝင်ခွင့်စာမေးပွဲဖြေရတဲ့ပုံစံကို 2018-2019 ခုနှစ်မှ စတင်ပြီး computer based exam အဖြစ် ပြောင်းလဲထားပါတယ်။
crd မေဇော်