Knowledge

အိမ်ထောင်တစ်ခုမှာ ငွေရှာရုံနဲ့ တာဝန်ကျေပြီ မထင်ပါနဲ့…. စကားတစ်ခွန်းက လက်ဆောင် တစ်ခုထက် ပိုတန်ဖိုးရှိပါတယ်

မိန်းမ ရော့ မင်း ကြိုက်တာ ဝယ်၊ ကြိုက်တာ သုံးဆိုတဲ့ စကားထက်…. မိန်းမ အပြင် အတူသွားကြမယ်လေ ပြင်ဆင်လိုက်၊ ဘာလိုချင်လည်း လိုက်ဝယ်ပေးမယ်ဆိုတဲ့၊ စကားအသုံးပြုမှုလေးက ပိုနွေးထွေး ကျေနပ်စေရတာပါ။

မိန်းမ စားနှင့်ကွာ ဝမ်းမှ မဆုံတာဆိုတဲ့၊… စကားထက်….. မိန်းမ ခဏတော့ စောင့်ပေးနော်၊ ဗိုက်ဆာပေမယ့် အလုပ်မပီးသေးလို့ပါဆိုတဲ့၊ စကား အသွားအလာလေးက ပိုပြီး စိတ်ကျေနပ်စေရတာပါ။

မိန်းမ အိမ်အသုံးစရိတ်က ကုန်လှချည်လားဆိုတဲ့ စကားထက်……. မိန်းမ ကုန်ဈေးနှုန်းအခြေအနေ ဘယ်လိုလဲ၊.. လောက်အောင် ချင့်ချိန်ဝယ်ကြည့်ပေါ့ကွာ… မလောက်ရင် ပြောပေါ့ဆိုတဲ့၊

စကားလုံးလေးတွေရဲ့ ချုပ်ထိန်းသွားမှုက ပိုမလာတဲ့ အသုံးစရိတ်နောက်မှာ စိတ်သက်သာရာ ရစေတာပါ

မိန်းမ အချေအတင် မဖြစ်ချင်ဘူးကွာဆိုတဲ့ စကားထက်….. မိန်းမ ဘာအလိုမကျတာရှိလည်း … ညှိနှိုင်းကြမယ်ပြောကြည့်ဆိုတဲ့ ၁ဝမိနစ်စာ … အချိန်ပေး လမ်းဖွင့်မှုက ပိုပြီး အကျိုးသက်ရောက် စေတာပါ

မိန်းမ ပင်ပန်းတယ်ကွာ .. အဆင်ပြေပြေ နေရအောင်ဆိုတဲ့ စကားထက်….. မိန်းမ ဒီနေ့တော့ ဘယ်လုပ်ငန်း ဘယ်အကြောင်းအရာမှာ အဆင်ပြေတယ် မပြေဘူးဆိုပီး

သူငယ်ချင်းနဲ့ ပြောသလို ရင်ဖွင့်ချ ပြောပြလိုက်တာက… နှစ်ဦးနှစ်ဖက် စိတ်အဖုအထစ် ပြေလျော့စေတာပါ။

မိန်းမ ပြင်ပြင်ဆင်ဆင် နေစမ်းပါဆိုတဲ့ စကားထက်….. မိန်းမနေကောင်း ကျန်းမာရဲ့လား၊ ဘာတွေ စိတ်တိုင်းမကျတာ ရှိလည်းလို့ တစ်လမှာ တစ်ကြိမ်လောက် မေးလိုက်ရင်ကို …

စကားများ ရန်ဖြစ်တယ်ဆိုတာ .. မရှိသလောက် နည်းပါးလာမှာပါ။

မိန်းမသားတိုင်းက ခင်ပွန်း ဝေယျာဝစ္စ၊ .. သားသမီး ဝေယျာဝစ္စ၊ မိဘရှိရင် မိဘ ဝေယျာဝစ္စ၊ အိမ်မှုကိစ္စ၊ အကုန်တာဝန်ယူ လုပ်ကိုင်နေရတာမို့

ငွေရှာရုံနဲ့ တာဝန်ကျေပီမထင်ပါနဲ့၊… ပြည့်စုံအောင် ထားပေးနိုင်ရုံနဲ့ ပြီးမြောက်ပီ မထင်ပါနဲ့၊ လိုလေသေးမရှိဖြည့်ဆည်းပေးရုံနဲ့ မလိုအပ်တာ မရှိတော့ဘူး မထင်ပါနဲ့။

စကားတစ်ခွန်းက လက်ဆောင် တစ်ခုထက် ပိုတန်ဖိုးရှိပါတယ်၊

စကားက အားဖြစ်စေတာ နေရာ အတော်များများမှာမို့ ကိုယ့်မိသားစု အေးချမ်းမှုဟာ ကိုယ့်စကား တစ်ခွန်းပေါ် မူတည်နေတာ မေ့မထားပါနဲ့။

ကိုယ်ပင်ပန်းသလို တနေကုန် မနားတမ်း … မျက်လုံးထဲ ချွေးဝင်သည်ထိ၊ ဝေယျာဝစ္စတွေ လုပ်နေရတဲ့.. မှီခိုဇနီးသည်ဟာ၊ သူ့ကို ပြန်မှီခိုနေသူတွေအတွက် သူ့အပြုံးဟာ အရေးပါတာမို့။

အိမ်ထောင်တစ်ခုမှာ….. ဘယ်သူက ဘယ်သူ့ကို ပိုပြုံးနိုင်စေနေတာလဲ?

ရွှေပိုးစက် မှ ချစ်သမီးလေး

မုန်းမာန်ခ