ရေပေါ်မှာ ခြေတံရှည်အိမ်တွေနဲ့ ရွာတည်ထားတဲ့ ကျောက္ကာကျေးရွာ(ခေါ်) ငါးမျှားကျေးရွာ
မြန်မာနိုင်ငံမှာတော့ ရေပေါ်မှာ ခြေတံရှည်အိမ်လေးတွေ ဆောက်လုပ်ပြီးလူတွေနေထိုင်ကြတဲ့နေရာလည်းဖြစ် အရမ်းကို နာမည်ကြီးတဲ့နေရာလည်းဖြစ်တဲ့ နေရာတွေလို့ ပြောလိုက်ရင် အရင်ဆုံး အင်းလေးလို့ လူတိုင်းပြေးမြင်မိကြမယ် ထင်ပါတယ်ရှင် ဒါပေမယ့် သိပ်မကြာခင်အချိန်အတွင်းမှာတော့ လူတွေသတိထားမိထားလာတဲ့ ရေပေါ်မှာ ခြေတံရှည်အိမ်လေးတွေ ဆောက်ပြီး နေကြတဲ့နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်
အဲနေရာကတော့ တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်မှာရှိတဲ့ ကျောက္ကာကျေးရွာဘဲဖြစ်ပါတယ်ရှင် Facebook စာမျက်နှာမှာတော့ ငါးမျှားကျေးရွာလို့ ခေါ်ဆိုကြပြီး ရွာလေးရဲ့ ဓာတ်ပုံဟာဆိုရင် အရမ်းကိုလှပပြီး သွားလည်ချင်စရာအရမ်းကောင်းပါတယ်ရှင် ။ ရေလယ်ကျွန်းပေါ်မှာ ဆောက်လုပ်နေထိုင်ကြပြီးတော့ ရွာလေးကို ကောင်းကင်ပေါ်ကနေဘဲကြည့်ကြည့် ပင်လယ်ပြင်ကနေဘဲ ကြည့်ကြည့် ဂဏန်းလက်မ ပုံစံရှိနေပါတယ်။ ပင်လယ်ရေတွေ ဝိုင်းရံထားတဲ့ အဲရွာလေးဟာ သိပ်ကိုလှပလွန်ပါတယ်ရှင်။
မြိတ်ခရိုင်အတွင်းမှာ ခြေတံရှည်အိမ်နဲ့နေတဲ့ရွာတွေလို့ပြောလိုက်ရင် ကျောက္ကာရွာ ၊ကြတ်ချောင်း နဲ့ သဲချောင်းရွာတွေဟာ ရေပေါ်မှာအိမ်ဆောက်ပြီး နေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်။ ဒီရွာလေးတွေက မြိတ်မြို့နဲ့လည်း အရမ်းနီးပါတယ် ။ မြိတ်ကနေသွားမယ်ဆိုရင် နာရီဝက်လောက်ဆို ရောက်ပါတယ်ရှင် ။ ကျောက္ကာကျေးရွာဟာဆိုရင် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး အိမ်ခြေတစ်ဝက်ခန့်က ရေပေါ်မှာ တည်ဆောက်နေထိုင်ကြတဲ့ ရွာလေးတစ်ရွာလည်းဖြစ်ပါတယ်။ အဓိက တံငါလုပ်ငန်းများကို လုပ်ကိုင်ကြတဲ့ ရွာလေးတစ်ရွာလည်းဖြစ် ၊ ရွာသူ ရွာသားတွေဟာ အရမ်းကိုရိုးသားဖော်ရွှေကြပါတယ်ရှင်
ကျောက္ကာရွာဟာဆိုရင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ အချိန်က ရွာမီးလောင်ကျွမ်းခဲ့တဲ့အတွက် အိမ်ခြေ ၄၀၀ ကျောလောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။ယခင်အချိန်က အိမ်ခြေ ၇၉၈ လုံးရှိတဲ့ ရွာလေးဟာ ထက်ဝက်ကျော် မီးလောင်ပြီးပျက်စီးရှုံးဆုံးမှုနဲ့ ကြုံ့ခဲ့ရပါတယ်။ တင်္နသာရီတိုင်းဒေသကြီးအတွင်းမှာတော့ ခုနစ်နှစ်အတွင်း အိမ် ခြေအများဆုံး မီးလောင်မှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ခုချိန်မှာတော့ ကျောက္ကာရွာလေးဟာဆိုရင် ခရီးသွားဧည့်သည်တွေအတွက် မျက်စီကျစရာနေရာတစ်ဖြစ်လာပါပြီး ။ သိပ်ကိုလှပပြီး စိတ်ဝင်စားစရာကောင်းတဲ့အတွက် အရင်နှစ်များမှာဆိုရင် နိုင်ငံခြားခရီးသွားတွေ အဲရွာလေးကို သွားရောက်လေ့လာကြပါတယ်။ ရိုးသားပြီး တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြတဲ့ ကျောက္ကာရွာလေးဟာ လူမှုကွန်ရက်စာမျက်နှာမှာတော့ ငါးမျှားကျေးရွာလို့ လူသိများပါတယ်ရှင်
Unicode