ပန္းနာရင္က်ပ္ ေရာဂါရွိသူမ်ားအတြက္ တစ္သက္လုံးေပ်ာက္ကင္းေစေသာ ေဆးနည္းေကာင္းေပးလိုက္မည္၊ မိတၳိလာၿမိဳ႕မွ အဘိုးႀကီးတဦး ႏွစ္ႏွစ္ၾကာၾကာ ပန္းနာရင္က်ပ္ေရာဂါ ျဖစ္ေနခဲ့ရာလူေျပာမ်ား၍ ပဲစဥ္းငုံ အလုံးလိုက္ တစ္ေန႔ႏို႔ဆီဘူး တလုံးက် ျပဳတ္၍ ဆားခတ္ၿပီး အစမ္းသေဘာျဖင့္ေန႔စဥ္စားေနခဲ့သည္၊
စားေနရင္း ေနရထိုင္ရတာ သက္သာလာပုံ ခံစားရသည္ ဆို၏၊ထို႔ေၾကာင့္ အားတက္၍ေန႔စဥ္ပုံမွန္ ဆက္စားေနခဲ့ရာ ၃- လၾကာလ်င္ လုံးဝ ေပ်ာက္ကင္းသြားပုံလက္ေတြ႕ျဖစ္ေၾကာင္း ေရာဂါေပ်ာက္သူ၏ တူ ေက်ာင္းဆရာႀကီး ဦးတင္ဝင္းက ေလ်ာက္ထားသည္။စားသုံးနည္းမွာ လြယ္ပါ၏၊ ပဲစဥ္းငုံအလုံးလိုက္ ေရႏွင့္နပ္ေအာင္ ျပဳတ္ၿပီးဆားခပ္၍ ပဲလုံးဟင္းကဲ့သို႔ အေရအဖတ္ စားျခင္းျဖစ္သည္။
ေန႔စဥ္ ႏို႔ဆီဗူး တစ္လုံးက်စားေနပါ၊ ၄-လ ၾကာလ်င္ ပန္းနာရင္ၾကပ္ လုံးဝေပ်ာက္ကင္း၏ ဟု မွတ္ပါ၊ အျခား ဘာစားေဆးမွ ထိုးရန္စားရန္ မလိုေၾကာင္း သိရသည္။
ေနာက္တနည္း နတ္ေဆးဂမုန္း – လက္ေတြ႕ေဆးေကာင္းတစ္ခုကို ေျပာဦးမည္၊ နတ္ေဆးဂမုန္းစား၍ တသက္လုံး စိတ္ခ်ရေအာင္ ေပ်ာက္ကင္းသြားသူေတြလဲ ရွိၾက၏၊
နတ္ေဆးဂမုန္းကို အမႈန႔္ေထာင္းၿပီး ပ်ားရည္တပုလင္းလ်င္ ေဆးမႈန႔္ ၂ က်ပ္သားႏွင့္ ေရာစပ္ေမႊကာ ေနျဖင့္၃ ရက္လွန္းပါ၊ ေထာပတ္ ၂၀ က်ပ္သား ေရာထည့္ၿပီး နာနာေမႊကာ ၄ ရက္ဆက္လွန္းပါ၊ ေပါင္း ၇ ရက္လြန္ၿပီးလ်င္ ဟင္းစားဇြန္းႏွင့္နံနက္-ည တစ္ဇြန္းက် တေန႔ ႏွစ္ႀကိမ္ စား၍ ေရေႏြး အဖန္ရည္ေ သာက္ေပးပါ၊ ပန္းနာရင္က်ပ္ေရာဂါေပ်ာက္၏၊ ဒူလာ မီးယပ္ေရာဂါပါေပ်ာက္ကင္း၏၊ ေညာင္းညာကိုက္ခဲျခင္း မရွိေတာ့ပဲ လူခႏၶာကိုယ္ပါ ဝၿဖိဳးစိုျပည္လာသည္ကို ေတြ႕ရပါလိမ့္မည္၊
Credit – ေက်းဇူးေတာ္ရွင္ ေတာင္တန္းနယ္ျခားသာသနာျပဳ ဆရာေတာ္ႀကီး ဦးဥတၱမသာရ၏ ကိုယ္ေတြ႕မွတ္တမ္းမ်ား
Unicode
ပန်းနာရင်ကြပ် တစ်သက်လုံး ပျောက်တဲ့ဆေးနည်း
ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းပေးလိုက်မည်၊ မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာလူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်နေ့စဉ်စားနေခဲ့သည်၊
စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊ထို့ကြောင့် အားတက်၍နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံလက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏ တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်။စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီးဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။
နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည်။
နောက်တနည်း နတ်ဆေးဂမုန်း – လက်တွေ့ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊
နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်၃ ရက်လှန်းပါ၊ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊ ပေါင်း ၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊ ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝဖြိုးစိုပြည်လာသည်ကို တွေ့ရပါလိမ့်မည်၊
Credit – ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြားသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ