Knowledge

ကားဒတ်ရှ်ဘုတ်ပေါ် ခြေထောက်တင်မိရာက နဖူးတစ်ခုလုံးစွန့်လွှတ်ခဲ့ရတဲ့ အမျိုးသမီး

ခရီးသည်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ နမော်နမဲ့ နိုင်မှုကြောင့် နဖူးပျောက်ခဲ့ရတဲ့ အဖြစ်ဆိုးမျိုးကို အခြားလူတွေလည်း မကြုံရအောင် ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အသက်(၃၅) နှစ်ရှိပြီဖြစ်တဲ့ ဂရိန်နီကီလီဟာ ရည်းစားနဲ့အတူ ကားနဲ့အပြင်သွားရင်း ကားတိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ကားဟာ တစ်နာရီကို (၁၂၀) မိုင်နှုန်းနဲ့ မောင်းလာတာကြောင့် တိုက်မိတဲ့အချိန်မှာ အရှိန်အရမ်းပြင်းပါတယ်။

ဂရိန်နီဟာ ရည်းစားနဲ့အတူ ရှေ့ခန်းမှာထိုင်ကာ ကားစီးခဲ့ပြီး သူမရဲ့ခြေထောက်တွေကိုတော့ ကားဒတ်ရှ်ဘုတ်ပေါ်မှာ မှီကာလိုက်ပါလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်တိုက်မှုဖြစ်လို့ လေအိတ်လည်း ပွင့်ရော ပွင့်လာတဲ့လေအိတ်အရှိန်ဟာ သူမရဲ့ ဒူးခေါင်းကို မတင်သလို ဖြစ်သွားပြီး ဒူးခေါင်းနဲ့ နဖူး ပြန်ရိုက်မိခဲ့တာ ဖြစ်ပါတယ်။

ရိုက်မိတဲ့ အရှိန်ဟာ တော်တော်လေး ကြောက်စရာပါပဲ။ ဒူးခေါင်းနဲ့ ပြင်းပြင်းထန်ထန်ရိုက်မိတဲ့အတွက် ဂရိန်နီဟာ မျက်နှာက အရိုးတွေ ကျိုးကြေကုန်ပါတယ်။ မျက်နှာကလည်း လုံးဝမှတ်မမိနိုင်လောက်အောင် ရုပ်ပျက်သွားခဲ့ပြီး နဖူးတစ်ခုလုံးကို ခွဲထုတ်ပစ်လိုက်ရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဂရိန်နီဟာ သူမနဖူးကို အီတလီအသားအရည်အစားထိုးကုသတဲ့ နည်းပညာနဲ့ ပြန်လည်ပြည့်တင်းအောင် လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂရိန်နီက သူမခံစားခဲ့ရတဲ့ ထိခိုက်ဒဏ်ရာတွေ၊ ရုပ်ရည်ပျက်ယွင်းမှုတွေနဲ့ ပတ်သက်လို့ အခြားလူတွေလည်း သတိထားနိုင်အောင် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ယာဉ်စီးသူတွေအနေနဲ့ ခြေထောက်ကို ဒတ်ရှ်ဘုတ်ပေါ်တင်ထားခြင်းက အန ္တရာယ်များကြောင်း၊ အခန့်မသင့်လို့ ကားတိုက်တဲ့အခါ လေအိတ်ပွင့်လာရင် ဒူးက အရှိန်နဲ့ မျက်နှာကို လာရိုက်နိုင်တဲ့အန ္တရာယ်ရှိကြောင်း ပွင့်လင်းစွာဆွေးနွေးခဲ့တာပါ။

ခုဖြစ်ရပ်ကတော့ ဂရိန်နီရဲ့ (၂၀၀၆) ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ။ သူမနဲ့ သူမရည်းစားစီးလာတဲ့ ကားဟာ ရေခဲနဲ့ချော်ပြီး နံရံကို ဝင်ဆောင့်မိတာပါ။ သူမကတော့ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပေမယ့် ရည်းစားဖြစ်သူကတော့ ဒဏ်ရာအနည်းငယ်သာ ရပြီး သူမကို စွန့်ခွာသွားခဲ့ကြောင်း ပြောပြပါတယ်။ ဂရိန်နီက “အဲဒီတုန်းက

အမေပြောတာတော့ မျက်နှာမှာရှိတဲ့ အရိုးတွေ အကုန်လုံးကျိုးတယ်တဲ့။ သွားနှစ်ချောင်းတောင် ကျွတ်ထွက်သွားသေးတယ်။ (၂) နှစ်လောက် ကျွန်မဒီအတိုင်းပဲ နဖူးမရှိပဲ နေလာခဲ့တာ။

(၂၀၀၉) လောက်မှ အီတလီ ကြွေနဖူးအတုတပ်လိုက်တာပါ…” လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် ကားဒတ်ရှ်ဘုတ်တွေပေါ်မှာ ခြေထောက်တွေ တင်စီးတာဟာ အန္တရာယ်များတာကို ဂရိန်နီရဲ့ အဖြစ်ကနေ သင်ခန်းစာယူနိုင်ပါတယ်။

Unicode