Knowledge

ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာ မိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင်အိမ်ဆောက်ပြီး လက်ဆောင်ပေးလိုက်တဲ့ ရွာလေး

ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာ မိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင်အိမ်ဆောက်ပြီး လက်ဆောင်ပေးလိုက်တဲ့ ရွာလေးတစ်ဦးမေတ္တာ တစ်ဦးစေတနာ ဆိုသလို“ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာ မိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင် အိမ်လေး ဆောက်ပြီး လက်ဆောင် ပေးလိုက်တဲ့ ရွာလေး”ကျနော်တို့ မိသားစုမှာ ကိုယ်ပိုင်အိမ် မရှိသေးတာ ကို သိတဲ့ ရေဦးမြို့နယ် အင်းကြီးကျေးရွာက ကျောင်း သားမိဘတွေ ကဒီအိမ်‌ကို လက်ဆောင် ပေးခဲ့တာပါ။ကျနော့်တို့ မိသားစု အတွက်ဆိုရင် အိမ်သေးသေးလေး တစ်လုံးရှိရင်ပဲ ရပြီဆိုတာကို ပေးမယ့်ပေး နှစ်ထပ်အိမ် အကြီးပဲ ပေးမှာပေါ့ ဆရာရယ်ဆိုပြီး အားတက်သရောပံ့ပိုးကြတာ ဒီလို ဖြစ်လာရောဗျ။ ကိုယ့်လစာ နဲ့ ဆို ဒီလိုအိမ်မျိုး ဆောက်ပြီးနေနိုင်ဖို့ လုံဝ မဖြစ်နိုင်ပါဘူး။၂၀၁၅ ကနေ၂၀၁၈အထိ ကျနော် တာဝန်ထမ်းဆောင် ခဲ့တဲ့ရေဦးမြို့နယ် အင်းကြီးကျေးရွာ ကကျောင်းသားမိဘတွေ စုပြီး ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြလို့ ဒီလို အိမ်မျိုးမှာ နေခွင့်ရတာပါ။အိမ်ဆောက် တာနဲ့ပတ်သတ်လို့ ဘာဆိုဘာမှ မသိတဲ့ ကျနော့်ကို အစစအရာရာ အသေးစိတ် အစအဆုံးကူ ညီပေးခဲ့သူကတော့ အင်းကြီးက ဦးမြင့်ဝေပေါ့ ခက်တာက အိမ်အဆောင် အတွက်သစ်သားရှိပါရဲ့ လက် သမားခနဲ့ ပစ္စည်းဖိုးမတတ်နိုင်လို့ မှိုင်နေရချိန် အင်းကြီးက ကိုဇော်မျိုးဝင်း တို့ လက်သမား အဖွဲ့ကတော့ စေတနာအပြည့်နဲ့ အိမ်တစ်ဆောင် ခြင်းကြား မတ်မိုးပြီးတဲ့ အထိ မေတ္တာနဲ့ ကူညီပေးခဲ့ ပြန်ပါတယ်။ ဦးမြဟန် ကုန်မာဆိုင် (ရေဦး) က လည်း လကုန်တိုင်း နည်းနည်းချင်း ဖဲ့ဆပ်ဆိုပြီး အိမ် ဆောက်ပစ္စည်းတွေ ထုတ်ပေးခဲ့ပါတယ်။နောက်ထပ် နောက်ထပ် လိုအပ်တာတွေ ကိုတော့ အဖေ့ညီဦးမျိုးရယ်၊ မမအီသေးရယ် မသူဇာရဲ့ အစ် ကို နဲ့ အဒေါ်ရယ် အစ်ကိုတစ်ယောက်လို အားကိုးရတဲ့ မိတ်ဆွေ တစ်ဦးရယ်က ပြေလည်မှ ဖြည်းဖြည်း ပြန်ဆပ်ဆိုပြီး အတိုး လုံးဝမယူဘဲ ငွေထုတ်ပေးခဲ့တာရယ် ဘဏ်ချေးငွေအချို့ရယ် နဲ့ အိမ်‌အပေါ်ထပ် ကိုပြီးအောင် ဆောက်လိုက်ပါတယ်။ရေတွင်းလေး ကိုလည်း ဦးလေးတင်မောင်ဝင်း ကအခမဲ့ တူးပေးသေးတာ အိမ်အောက်ထပ် နဲ့ မီးဖိုဆောင်လေးကို တော့ဇိန့်ဇွန်း နဲ့ ပေါက်သာရွာ က ကျောင်းသား မိဘတွေက ဒီရက်ပိုင်းမှာပဲ ‌‌စေတနာအပြည့်နဲ့ လုပ်အားပေး ဝိုင်းကူ အပြီးသတ်‌ ဆောက်ပေးပြန်ပါတယ်။အိမ်ပြောင်းဖို့ ပရိဘောဂတွေ အထုတ်အပိုးတွေ သယ်ဖို့ကို ဆရာကြီး ဦးဝင်းမြင့် (ကံ့ကော်) ကLight Truck ကူညီပေး သူငယ်ချင်းတွေ က ဝိုင်းဝန်းသယ်ပေး နဲ့အဆင်ပြေခဲ့ပါတယ် ၂၀၁၈ ဧပြီလ ကနေ စတင်ရုန်း ကန်လိုက်တာ၂၀၂၀ ဇွန်လ မှာတော့ အရပ်ကူပါ လူဝိုင်းပါနဲ့ကျနော် တို့ မိသားစုအိမ်တစ်ဆောင်ပိုင်ဆိုင်ခဲ့ပါပြီဒီကျေးဇူးတွေ ဘယ်တော့မှ မမေ့ပါဘူးဗျာUncideoကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာ မိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင်အိမ်ဆောက်ပြီး လက်ဆောင်ပေးလိုက်တဲ့ ရွာလေးတစ်ဦးမေတ္တာ တစ်ဦးစေတနာ ဆိုသလို“ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာ မိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင် အိမ်လေး ဆောက်ပြီး လက်ဆောင် ပေးလိုက်တဲ့ ရွာလေး”ကျနော်တို့ မိသားစုမှာ ကိုယ်ပိုင်အိမ် မရှိသေးတာ ကို သိတဲ့ ရေဦးမြို့နယ် အင်းကြီးကျေးရွာက ကျောင်း သားမိဘတွေ ကဒီအိမ်‌ကို လက်ဆောင် ပေးခဲ့တာပါ။ကျနော့်တို့ မိသားစု အတွက်ဆိုရင် အိမ်သေးသေးလေး တစ်လုံးရှိရင်ပဲ ရပြီဆိုတာကို ပေးမယ့်ပေး နှစ်ထပ်အိမ် အကြီးပဲ ပေးမှာပေါ့ ဆရာရယ်ဆိုပြီး အားတက်သရောပံ့ပိုးကြတာ ဒီလို ဖြစ်လာရောဗျ။ ကိုယ့်လစာ နဲ့ ဆို ဒီလိုအိမ်မျိုး ဆောက်ပြီးနေနိုင်ဖို့ လုံဝ မဖြစ်နိုင်ပါဘူး။၂၀၁၅ ကနေ၂၀၁၈အထိ ကျနော် တာဝန်ထမ်းဆောင် ခဲ့တဲ့ရေဦးမြို့နယ် အင်းကြီးကျေးရွာ ကကျောင်းသားမိဘတွေ စုပြီး ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြလို့ ဒီလို အိမ်မျိုးမှာ နေခွင့်ရတာပါ။အိမ်ဆောက် တာနဲ့ပတ်သတ်လို့ ဘာဆိုဘာမှ မသိတဲ့ ကျနော့်ကို အစစအရာရာ အသေးစိတ် အစအဆုံးကူ ညီပေးခဲ့သူကတော့ အင်းကြီးက ဦးမြင့်ဝေပေါ့ ခက်တာက အိမ်အဆောင် အတွက်သစ်သားရှိပါရဲ့ လက် သမားခနဲ့ ပစ္စည်းဖိုးမတတ်နိုင်လို့ မှိုင်နေရချိန် အင်းကြီးက ကိုဇော်မျိုးဝင်း တို့ လက်သမား အဖွဲ့ကတော့ စေတနာအပြည့်နဲ့ အိမ်တစ်ဆောင် ခြင်းကြား မတ်မိုးပြီးတဲ့ အထိ မေတ္တာနဲ့ ကူညီပေးခဲ့ ပြန်ပါတယ်။ ဦးမြဟန် ကုန်မာဆိုင် (ရေဦး) က လည်း လကုန်တိုင်း နည်းနည်းချင်း ဖဲ့ဆပ်ဆိုပြီး အိမ် ဆောက်ပစ္စည်းတွေ ထုတ်ပေးခဲ့ပါတယ်။နောက်ထပ် နောက်ထပ် လိုအပ်တာတွေ ကိုတော့ အဖေ့ညီဦးမျိုးရယ်၊ မမအီသေးရယ် မသူဇာရဲ့ အစ် ကို နဲ့ အဒေါ်ရယ် အစ်ကိုတစ်ယောက်လို အားကိုးရတဲ့ မိတ်ဆွေ တစ်ဦးရယ်က ပြေလည်မှ ဖြည်းဖြည်း ပြန်ဆပ်ဆိုပြီး အတိုး လုံးဝမယူဘဲ ငွေထုတ်ပေးခဲ့တာရယ် ဘဏ်ချေးငွေအချို့ရယ် နဲ့ အိမ်‌အပေါ်ထပ် ကိုပြီးအောင် ဆောက်လိုက်ပါတယ်။ရေတွင်းလေး ကိုလည်း ဦးလေးတင်မောင်ဝင်း ကအခမဲ့ တူးပေးသေးတာ အိမ်အောက်ထပ် နဲ့ မီးဖိုဆောင်လေးကို တော့ဇိန့်ဇွန်း နဲ့ ပေါက်သာရွာ က ကျောင်းသား မိဘတွေက ဒီရက်ပိုင်းမှာပဲ ‌‌စေတနာအပြည့်နဲ့ လုပ်အားပေး ဝိုင်းကူ အပြီးသတ်‌ ဆောက်ပေးပြန်ပါတယ်။အိမ်ပြောင်းဖို့ ပရိဘောဂတွေ အထုတ်အပိုးတွေ သယ်ဖို့ကို ဆရာကြီး ဦးဝင်းမြင့် (ကံ့ကော်) ကLight Truck ကူညီပေး သူငယ်ချင်းတွေ က ဝိုင်းဝန်းသယ်ပေး နဲ့အဆင်ပြေခဲ့ပါတယ် ၂၀၁၈ ဧပြီလ ကနေ စတင်ရုန်း ကန်လိုက်တာ၂၀၂၀ ဇွန်လ မှာတော့ အရပ်ကူပါ လူဝိုင်းပါနဲ့ကျနော် တို့ မိသားစုအိမ်တစ်ဆောင်ပိုင်ဆိုင်ခဲ့ပါပြီဒီကျေးဇူးတွေ ဘယ်တော့မှ မမေ့ပါဘူးဗျာ